4
41 3 0
အစစ်အမှန်မဟုတ်မှန်းသိသိရက့့်
အိပ်မက်ကနေ မနိုးထလာချင်ခဲ့  
အိပ်မက် ထဲမှာ
ခင်ဗျားရယ် ကျွန်တော်ရယ် ကောင်းကင်ကြီးရယ်
သိပ်လှတဲ့ လမင်းကြီးရယ့့်
မနိုးထချင်ဘဲနိုးထလိုက်ရတဲ့  နံနက်ခင်းမှာ
နေမင်းဟာ အရှိန်ပြင်းပြင်း ရောင်ဝါတွေလွှတ်နေလေရဲ့ 
ပူပါတယ့့်
ခင်ဗျားကို မတွေ့ ရလို့  တမ်းတလွန်းတဲ့ 
ဘယ်ဘက်နှလုံးသားမှာ မီးစနဲ့ ထိုးသလို့
အလင်းကင်းမဲ့ တဲ့ ညအခါ ရောက်ရင် ဆုတောင်းမယ်
ခင်ဗျားရယ် ကျွန်တော်ရယ် ကောင်းကင်ကြီးရယ်
သိပ်လှတဲ့  နေထွက်ချိန်ကို အတူကြည့်နိုင်ဖို့
မပြည့်နိုင်တဲ့ ဆုတောင်းလေ လို့  အသိပေးလာတဲ့ 
စေတသိတ်ကို ဘေးချိတ့့်
ရူးနှမ်းစွာတောင်းလိုက်တဲ့  ဒီဆု့
တစ်နေ့နေ့တော့ ပြည့်ပါစေ
လွင့်မျောခြင်း နိယာမ :::::::Where stories live. Discover now