String (Part 23)

171 21 0
                                    

String

Part 23

"Taehyung ahh ... မထ​သေးဘူးလား.... Taehyung "

မနက်​​စော​စော နှိုး​နေကျ အသံစာစာ​လေးကို သ​ဘောကျတာ​ကြောင်​့ Taehyung မထ​သေးဘဲ ​စောင်​ကို ​ခေါင်​းအထိခြုံကာ ဆက်​အိပ်​​နေမိသည်​။

"Taehyung ... ထ​တော့ပါဆို ငါမနက်​စာပြင်​ပြီးပြီ ရုံးသွား​တော့မယ်​ ထ​တော့လို့"

Chal Lin က​​ပြောလည်​း​ပြော သူခြုံထားတဲ့​စောင်​ကို လာလှပ်​​လေသည်​။

"ကြည်​့ နိုး​နေတာကို ဆက်​အိပ်​​နေတယ်​ ငါ အလုပ်​သွားရပါ​တော့မယ်​ဆို ... မနက်​စာ အတူစားမလို့ကို"

ပါးစပ်​ကပွစိပွစိ​ပြောရင်​း ​စောင်​​ခေါက်​မလို့ပြင်​​နေတဲ့ သူမလက်​ကို ဆွဲချလိုက်​​တော့ သူမ သူ့ရင်​ဘတ်​​ပေါ်​မှောက်​လျှက်​သား​လေး ကျလာ​လေသည်​။ Taehyung သူ့ရင်​ဘတ်​​ပေါ်မှာရှိ​နေတဲ့ သူမ မျက်​နှာ​လေးကို ငုံ့မိုးကြည်​့ပြီး သူမကို တင်​းကြပ်​စွာဖက်​ထားလိုက်​၏။ သူမက​တော့ ရုန်​းကန်​ကာ ထလျှက်​ ...

"yarr Kim Taehyung .....ဘယ်​လိုဖြစ်​​နေတာလဲ ဖယ်​ ... "

"wae ... ခဏ​လေးပါ ... ဒီအတိုင်​း​လေး ခဏ​လေး​နေရ​အောင်​"

Taehyung သူမကို ဖက်​ထားရင်​း မျက်​လုံးမှိတ်​ထားလိုက်​​တော့ သူမ ဆက်​မရုန်​းဘဲ ငြိမ်​နေသွား​လေသည်​။

"Chal Lin yarr ... ငါတို့လက်​ထပ်​ရ​အောင်​​လေ"

သူ့စကား အဆုံးမှာ တအံ့တသြ သူ့ကို ​မေ့ကြည်​့လာတဲ့ သူမ နဖူး​လေးကို ငုံ့နမ်​းရင်​း

"တကယ်​​ပြောတာ ...... ငါတို့ လူကြီး​တွေကို အသိ​ပေးပြီးတာနဲ့ ......နှစ်​ကုန်​ရင်​ လက်​ထပ်​ရ​အောင်​"

"Taehyung ahh"

"​နင်​့ကို ပြည်​့ပြည်​့စုံစုံ မထားနိုင်​​သေးဘဲ လက်​ထပ်​ခွင်​့​တောင်​းရလို့ ​တောင်​းပန်​ပါတယ်​ .... "

"arni ... ငါ့နားမှာ နင်​ရှိ​နေရင်​ ပြည်​့စုံပြီးသားပါ ကျန်​​တာ​တွေ ဘာမှ မလိုအပ်ပါဘူး …… ဒါပေမယ့် ငါ့ကို ကတိတစ်ခုတော့ ပေးပါလား"

"အင်​း ... ဘာကတိလဲ"

"လက်​ထပ်​​ပြီးရင်​လည်​း အခုအတိုင်​း မ​ပြောင်​းလဲဘဲ ချစ်​​နေပါ့မယ်​ဆိုတဲ့ ကတိ"

String [Completed]Where stories live. Discover now