M

22.8K 1.2K 36
                                    

{ဤစာတွင် ပါဝင်သောအကြောင်းအရာ သို့ အသုံးအနှုန်းများသည် သင့်အားစိတ်ညစ်ညူးစေပါက ဆက်လက်ဖတ်ရှုခြင်းမပြုပါရန်}

ကုတင်ခြေရင်းမှာတင်ထားတဲ့ ရေဒီယိုဆီကကြားနေရတဲ့ သီချင်းသံကို နှုတ်ဖျားမှခပ်တိုးတိုးလိုက်ဆိုရင်း အလွတ်တိုင်းရှိနေသေးတဲ့ဘယ်ဘက်နားပေါက်မှာ ငွေဖြူရောင်နားကပ်နှစ်ခုကိုဝတ်လိုက်သည်။

မှန်ထဲမှာကြည်လင်စွာပေါ်နေတဲ့ ရုပ်သွင်ကိုကြည့်မိသည်။အများကသတ်မှတ်ထားတဲ့ လူချောလူသန့်၊လူချမ်းသာစာရင်းဝင် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦး။အောင်မြင်နေတဲ့ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းစုကြီးတစ်ခုလုံးကို တာဝန်ယူဦးစီးအုပ်ချုပ်သူ။

ဖျတ်ခနဲလှည့်သွားတဲ့ ခြေလှမ်းတွေနဲ့ သီချင်းသံမပျောက်သေးတဲ့ ရေဒီယိုကိုပိတ်ကာ အိပ်ရာဘေးစားပွဲပေါ်တင်လိုက်သည်။စားပွဲပေါ်မှာ အသင့်နေရာယူထားတဲ့ မှန်ဘောင်ခတ်ဓာတ်ပုံတစ်ချပ်ကို ကြည့်မိသည်။

အများပြောကြတဲ့အထဲက အကြောင်းအရာတစ်ခု။သူသည် လိင်တူအမျိုးသားတစ်ဦးနှင့် လက်ထပ်ထိမ်းမြားထားသူဖြစ်သည်။

ဒီနေ့ ဖေဖော်ဝါရီတစ်ရက်နေ့။
ဆောင်းရဲ့အငွေ့အသက်ကို ပြည့်ပြည့်ဝဝရနေဆဲကာလဆိုပါတော့။ဒီလိုချမ်းအေးအေးကာလမှာပဲ သူတို့နှစ်ဦးစေ့စပ်ထိမ်းမြားခဲ့ကြသည်။

အိမ်အောက်ထပ်ကိုဆင်းလာတဲ့ တစ်လျှောက်လုံး သူ့ခြေလှမ်းတွေက ပုံမှန်အတိုင်း။အဆုံးနားရောက်ခါနီးတော့ နှေးကျသွားသည်။ထက်ရှသော မျက်ဝန်းကျဉ်းအစုံရဲ့အကြည့်က နံရံမှာချိတ်ထားသည့် မင်္ဂလာဓာတ်ပုံကိုအရောက် ပြုံးရိပ်ယောင်သန်းသွားသည်။သို့သော် စက္ကန့်ဝက်မျှနှင့် ပြန်လည်ပျောက်ကွယ်သွားရသည်။

"မနက်စာအသင့်ဖြစ်ပါပြီ"

ခေါင်းတစ်ချက်ငြိမ့်ပြလိုက်ပြီး ထိုင်ခုံမှာဝင်ထိုင်လိုက်သည်။ အမျိုးအမည်စုံအောင်ပြင်ထားတဲ့ မနက်စာဝိုင်းကြီးသည် သူလိုလူတစ်ယောက်အတွက် ရိုးအီလို့နေသည်။ မျက်နှာချင်းဆိုင်က ထိုင်ခုံအလွတ်တစ်လုံးကို တချက်ကြည့်လိုက်သည်။

❝𝐌 𝐀 𝐘 𝐅 𝐋 𝐘❞Where stories live. Discover now