Y

9.1K 1.1K 186
                                    

21:12 PM

"ချလောက်"

ဟျောင်း ဝင်လာပြီဆိုတာသိပေမဲ့ ကျောပေးထိုင်နေရာမှ လှည့်မကြည့်ဖြစ်။ နီရဲကာပူလောင်ကျိန်းစပ်နေသည့် သူ့မျက်ဝန်းများကို ဆံပင်ရှည်များဖြင့် ဖုံးကွယ်ထားလို့သာ တော်ပေရော့သည်။ မဟုတ်ပါက လူအမြင်တွင် သူ့အား ရိုင်းစိုင်းသည့် သားရဲတိရစ္ဆာန်တစ်ကောင်နှင့်ပင် မှားယွင်းသွားနိုင်သည်။

"မောင်"

တိုးလျလျသာခေါ်လိုက်ပေမဲ့လည်း တိတ်ဆိတ်နေသည့်ပတ်ဝန်းကျင်မှာ ဟျောင်းရဲ့အသံက ထင်ထင်ရှားရှား ထွက်ပေါ်လာခဲ့သည်။ ပင်ပန်းခြင်းကြီးစိုးသည့် ခြေသံလေးလေးနဲ့အတူ ဟျောင်းက သူ့ရှေ့တည့်တည့်ရောက်လာသည်။

ဟျောင်းရဲ့ခြေဖဝါးမို့မို့လေးသာ မြင်နေရပေမဲ့ မော့ကြည့်ဖို့အတွက် အင်အားလည်းရှိမနေ။ တဖြည်းဖြည်းချင်း ဒူးထောက်ထိုင်ချလိုက်တဲ့ ဟျောင်းကြောင့် နှုတ်ခမ်းတွေကိုသာ ပြတ်ထွက်လုမတတ် ဖိကိုက်ထားလိုက်သည်။

"ဟျောင်း တောင်းပန်ပါတယ်"

ခပ်ဖွဖွတောင်းပန်လျက် သူ့ပေါင်တွေပေါ်လဲလျောင်း မှေးတင်လာသည့် ဟျောင်းကိုမနာကြည်းမိ။ အပေါ်စီးမှ မြင်နေရသည့် ဟျောင်းမျက်ဝန်းတွေကိုသာ ငေးစိုက်ကြည့်နေမိသည်။ ဟျောင်းကတော့ အဝေးတစ်နေရာကို ငေးမောလျက်သာ။

မနက်ဖြန်။
မနက်ဖြန်ဆိုရင် ဟျောင်းက ဟိုမိန်းမနှင့်လက်ထပ်တော့မည်။ ဒီအခြေအနေကို ဟျောင်းရောသူပါပျော်ပျော်ရွှင်ရွှင် ကျေကျေနပ်နပ်လက်ခံခဲ့တာတော့မဟုတ်။

"ရော့ ဒီမှာ"

စားပွဲပေါ် ပစ်တင်လိုက်သည့် ဓာတ်ပုံအချပ်လိုက်က ကြမ်းပြင်ပေါ်သို့ပင် ပုံကျသွားသည်။ ဒါ မောင့်ပုံတွေပဲ။

"မေမေ"

"ဒါ နမူနာချပြထားတာပဲရှိသေးတယ်"

ဥပဒေနှင့်ငြိနိုင်သော တရားမဝင်ကလပ်တစ်ခုမှာရှိနေသည့် မောင့်ပုံရိပ်တွေက ဓာတ်ပုံတွေတိုင်းမှာအထင်အရှားပင်။

"ကြိုက်သလိုလုပ်လိုက်လေ"

မောင်က ဘာကိုမှမှုပုံမပေါ်။ မောင့်စိတ်ကို သူသိသည်။ ဖြစ်လာသမျှအကုန် သူကိုယ်တိုင်လုပ်ခဲ့တာမို့ သူရှောင်ပြေးမည်မဟုတ်။ မောင် သူ့ကိုအဆုံးရှုံးမခံနိုင်တာ သိပေမဲ့လည်း။

❝𝐌 𝐀 𝐘 𝐅 𝐋 𝐘❞Where stories live. Discover now