L

6.2K 884 70
                                    

အရပ်မျက်နှာလေးဘက်လေးတန်မှာ အမှောင်ထုကြီးပဲရှိနေသလို ခံစားချက်မျိုး ခင်ဗျားတို့ဘဝမှာ ခံစားရဖူးလား။ မခံစားဖူးရင် ခုချက်ချင်းနောက်ပြန်လှည့်လိုက် ဒီနေရာက ခင်ဗျားအတွက် အရမ်းရက်စက်ရာကျနေလိမ့်မယ်။

အိုကေ ကျန်တာခင်ဗျားတို့အပိုင်းပဲ။
ကျွန်တော်ကတော့ သတိပေးခဲ့ပြီးပြီ။ ။

"ကိုယ်ဘယ်မှမသွားပါဘူး"

မောင် အိပ်ပျော်နေသေးသည်အမှတ်ဖြင့် မနှောင့်ယှက်လိုတာကြောင့် အသာအယာကိုယ်ဖော့ကာ,ထလိုက်ပေမဲ့ ဘယ်အချိန်ကတည်းက နိုးနေမှန်းမသိသည့်မောင်က ကလေးငယ်တစ်ယောက်လို သူ့လက်ကိုလှမ်းဆွဲလာသည်။

"မောင် ထပ်ပြီးအိပ်နှင့်လေ"

"ဘယ်မှမသွားပါနဲ့လား ဟျောင်း"

အဆုံးသတ်တွင် တိမ်ဝင်သွားသည့်မောင့်အသံကြောင့် သူသက်ပြင်းချလိုက်သည်။ လဲလျောင်းနေရာမှ ထထိုင်လိုက်သည့် မောင့်ဆီကိုတိုးကပ်သွားလိုက်ပြီး ကလေးဆိုးလေးမောင့်ကို ပွေ့ဖက်လိုက်သည်။

"အလုပ်သွားရမယ်လေကွာ"

ခေါင်းစုတ်ဖွားနှင့် ပါပီလေးတစ်ကောင်လို သူ့အားတိုးဝှေ့ကပ်ချွဲကာ လည်ပင်းတွေကိုလိုက်နမ်းနေသည့်မောင့်ကြောင့် ပြုံးလိုက်မိသည်။ ယခုထိတိုင် သူနှင့်မောင်၏ကိုယ်တွင် အဝတ်တစ်ထည်တစ်စမျှပင် မကပ်ရသေး။

"ယားတယ်ကွာ တော်ပြီနော်"

မောင့်ကိုယ်လုံးကြီးကို ခပ်ဖြေးဖြေးတွန်းဖယ်လိုက်ပြီး ရှုပ်ယှက်ခတ်နေသည့် မောင့်ဆံနွယ်ရှည်များကို မောင့်မျက်နှာ၏ဘေးတဖက်တချက်စီမှာ သပ်တင်ပေးလိုက်တော့ မောင့်မျက်ဝန်းဝိုင်းဝိုင်းလေးတွေက ထင်းခနဲပေါ်လာသည်။ ၎င်းမျက်နက်ဝန်းဝိုင်းဝိုင်းလေးများက သူ့အားထွက်မသွားဖို့ အထပ်ထပ်အခါခါတောင်းဆိုနေသယောင်။

"မောင် ကလေးမဟုတ်တော့ဘူးလေ ဟျောင်းအလုပ်လုပ်ရမှာ ဒါမှဟျောင်းရဲ့မောင်အတွက် လိုအပ်သမျှဖြည့်ဆည်းပေးနိုင်မှာလေ နားလည်ပေးမယ်မလား"

မောင့်ဆီမှ ချေပသည့်စကားသံထွက်မလာတာမို့ သူအားတက်သွားရသည်။ မောင်က အဲ့လောက်ကြီးလည်းဆိုးသွမ်းနေတဲ့သူမှမဟုတ်တာဘဲ။ သူပြောရင် ရကောင်းပါရဲ့ မောင်နားလည်လောက်ပါရဲ့။

❝𝐌 𝐀 𝐘 𝐅 𝐋 𝐘❞Where stories live. Discover now