Cigarettes After Sex

9.1K 1K 86
                                    

အသိပေးချက်။ ။ ဤအပိုင်းတွင်ပါဝင်သည့် အသုံးအနှုန်းများ၊ အကြောင်းအရာများနှင့်ပတ်သတ်ပြီး အဆင်မပြေမှုများရှိလာပါက ဆက်လက်ဖတ်ရှုခြင်းမပြုရန်။

"မောင်"

သူ့ကိုယ်ကို အသာအယာပင်ပွေ့ချီလိုက်တဲ့ မောင့်ရဲ့အပြုအမူကြောင့် နှုတ်မှအလိုလိုခေါ်မိလျက်သားဖြစ်သွားရသည်။ မောင်က သူ့ကိုပွေ့ချီလျက်သားနှင့်ပင် လသာဆောင်ကိုကျောခိုင်းကာ အိပ်ခန်းကျယ်ကြီးထဲကို ဝင်ခဲ့လိုက်သည်။

မောင့်ရင်ခွင်တွင်းမှ သူ့ရင်ခုန်သံတွေက ဆယ်ကျော်သက်လူငယ်တစ်ယောက်ရဲ့ ပျိုမျစ်နုနယ်မှုကဲ့သို့ပင် ဖုံးမရဖိမရ။ အချိန်တွေဤမျှကြာခဲ့ပြီးမှ မောင်နဲ့အတူနေဖို့ဆိုတာ တွေးကြည့်ရုံနှင့်ပင် ရင်ဖိုစရာကောင်းလွန်းလှသည်။

မောင်က သူ့အားညင်ညင်သာသာပင် အိပ်ရာထက်မှာ ချပေးလိုက်သည်။ ထို့နောက် မောင့်ရဲ့ရီဝေဝေမျက်လုံးအစုံက သူ့ထံ၌သာစွဲမြဲလို့နေတာမို့ မနေတတ်စွာပင် မောင့်အင်္ကျီစကိုဆွဲယူလိုက်ပြီး နှုတ်ခမ်းနှစ်လွှာကိုတစ်ပေါင်းတစ်စည်းတည်းဖြစ်စေလိုက်သည်။

အဦးဆုံးမှာ ​ဖြည်းဖြည်းနှင့်ခပ်နှေးနှေးလေး။ နောက်တော့ မွတ်သိပ်တဲ့မောင့်အနမ်းတွေကြောင့် ပိုပြီးမြန်ဆန်လာကာ လေအလုံအလောက်မရသည်အထိ တရှိုက်မက်မက်နမ်းမိကြသည်။

သွေးသားဆန္ဒကိုမလွန်ဆန်နိုင်သည့် မောင့်လက်များသည့် သူ့ခါးတစ်ဝိုက်မှာပြေးလွှားလို့နေသည်။ လသာဆောင်ဆီမှ အကြမ်းပတမ်းဝင်ရောက်လာတဲ့ လေပြေတွေပင် မောင်နှင့်သူ၏လောင်ကျွမ်းနေမှုကို ငြှိမ်းသတ်နိုင်ပုံမပေါ်။

အင်္ကျီတစ်လွှာခြားနေသည်ကို ကျော်လွန်ကာ မောင့်လက်တွေက ခပ်နွေးနွေးကိုယ်အတွင်းပိုင်းကို ရောက်ရှိလာခဲ့သည်။ သူ့မျက်နှာတစ်ခုလုံးကို နေရာမလပ်နမ်းရှုံ့နေချိန်မှာတော့ မောင့်လက်တွေက သူအထိမခံနိုင်သည့် အထက်ပိုင်းသို့ရောက်လာတာမို့ ရယ်သံသဲ့သဲ့ပြုလိုက်မိသည်။

"ယားတယ်"

ဖွဖွဆိုလိုက်တဲ့ သူ့အသံကြောင့် မောင့်လက်တွေခဏတော့ရပ်တန့်သွားသည်။ မောင်သည် သူ့အား အထိအခိုက်မခံနိုင်သည့် မောင်အနှစ်သက်ဆုံး အရုပ်ကလေးတစ်ရုပ်သဖွယ် ပြုမူနေတာမို့ သူပြုံးလိုက်မိသည်။ ထို့နောက် မောင့်ရဲ့မျက်နှာကို သူ့လက်နှစ်ဖက်နဲ့ပန်းဖူးသဏ္ဍာန်ညှပ်ယူလိုက်ပြီး နဖူးချင်းတေ့ထားစေလိုက်သည်။

❝𝐌 𝐀 𝐘 𝐅 𝐋 𝐘❞Where stories live. Discover now