Love is competition 1

21.9K 676 18
                                    

Love is competition
Part -1
Unicode
အချစ်က ပြိုင်ပွဲကြားမာ ပေါ်ပေါက်လာခဲ့ပြီ

ဝမ်ရိပေါ်တို့သူငယ်ချင်းတစ်စု ထိုင်နေကြ ကဖေးကို
ရောက်လာကြတယ်
Yibo : ဒီနေ့မင်းတို့ဆီက နိုင်ထားတာဆိုတော့ ငါဘဲရှင်းလိုက်မယ် ကြိုက်တာမှာစားကြသားကြီးတို့
ထိုအခါ ကျိုးချန်နဲ့ ကျင်းလင် တို့က မျက်စောင်းထိုးကာဖြင့်
......: မင်းမရှင်းရင် ဘယ်သူရှင်းမာလဲ ငါတို့မှာလဲ မင်းနဲ့ ပြိုင်တာ ရှုံးလို့ ပါပါးတို့မားမားတို့ပေးထားတဲ့ပိုက်ဆံတွေလည်းကုန်ပြီ
Yibo :ဟားးးဟားး မင်းတို့က ငါရဲ့ အားသာမှုကို လောင်းကြေးထပ်ကြတာကိုးးး
(အမှန်မာ yibo က ပျိုတိုင်းကြိုက်နှင်းဆီခိုင်ဖြစ်ပြီးသူ့လိုက်မရသော မိန်းကလေးပင် မရှိပေ
သူတို့ လောင်းကြေးထပ်ပြီး ပြိုင်သောပြိုင်ပွဲမာလည်း  ကျောင်းထဲတွင် မာနအကြီးဆုံးမိန်းကလေးများကို  လိုက်ခိုင်းခြင်းပင် ပြိုင်လိုက်တိုင်း ရှုံးကြသူများကတော့ ကျိုးချန် နဲ့ ကျင်းလင်တို့သာ ရိပေါ်ဆိုသည်မှာလည်း ပြိုင်ပွဲအရသာ လိုက်ခြင်းဖြစ်သည်  ပြီးနောက် အချိန်ခဏအတွင်း ဖြတ်ပစ်လိုက်တာခြင်းပင်)

ထိုအချိန်တွင် မျက်မှန်ဝိုင်းလေးနဲ့ ယုန်ပေါက်ကလေးလို ချစ်စရာကောင်းတဲ့ ကောင်လေးတစ်ယောက်ကတော့ စားပွဲကိုထုကာဒေါသထွက်လျက်
XZ :မင်းတို့နှစ်ကောင် ငါက မချစ်တတ်တာမဟုတ်ဘူး  ချစ်လို့မရတာသိလား ၊အချစ်မရှိလည်းကောင်းကောင်းနေလို့ရပါတယ်ကွ
စစ်ကျွေးနဲ့ ကျန်းချန်ကတော့ ဆက်စကာ "မင်းက အဖြစ်မရှိတာပါကွာ ငါတို့သိပါတယ်။ရည်းစားလေးတစ်ယောက်တောင်မရှာနိုင်ဘဲနဲ့ အပိုတွေပြောမနေပါနဲ့ ဟားးဟားး"
XZ: အေးဟုတ်ပြီ အာ့ဆိုမင်းတို့နှစ်ကောင် ငါနဲ့ လောင်းမယ် ငါနိုင်ရင် မင်းတို့နှစ်ကောင်ငါ့ကို ဒူးထောက်တောင်းပန်ရမယ်၊မင်းတို့နိုင်ရင် ငါ ရှောင်းကျန့်အဖြစ်မရှိဘူးဆိုပြီး တစ်ကျောင်းလုံးကို အော်ပြောလိုက်မယ်၊စစ်ကျွေးနဲ့ကျန်းချန်က တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်ကြည့်ကာ

" သဘောတူတယ်  ဒါမဲ့ မင်းလိုက်ရမယ့်သူကိုငါတို့ရွေးမယ် ပြီးတော့ သူဖွင့်ပြောလာအောင်ဘဲမင်းလုပ်ရမယ် ဘယ်လိုလဲ "
ရှောင်းကျန့် : အိုခေ ငါသဘောတူတယ် ပြော ဘယ်သူလဲ 
ဝမ်ရိပေါ်!!
ရှောင့်ကျန့် :ဘာ မင်းတို့က မင်းတို့ရူးသွားပြီလား သူက ယောက်ျားလေးလေ
ကျန်းချန် : ဟေး ငါတို့ သဘောတူထားတဲ့ထဲမာ
မိန်းကလေး  ယောက်ျားလေး ဆိုပြီးပြောထားလို့လား ပြီးတော့ ၂၁ရာစုမှာ ဘယ်သူမှ မခွဲတော့ဘူး
ဆိုတာမင်းသိပါတယ်၊ဘာလဲ ငါတို့သဘောတူပြီးပြီနော် မင်းမလုပ်နိုင်ရင် မင်းရှုံးပြီဘဲ
အော်ဖို့သာ ပြင်ထားတော
ရှောင်းကျန့်: ဘာလို့အော်ရမာလဲ ပွဲကခုမှစတာ
သူငါ့ကို ချစ်တယ်လို့ပြောလာစေရမယ်
မင်းတို့စောင့်ကြည့်နေ
ရှောင်းကျန့်  ရန်လုပ်အပြီး လွယ်အိတ်လေးကောက်ကာ ကဖေးမှ ထထွက်သွားလေတော့သည်။
  
ကျင်းလင် ရှေ့တွင်ဖြတ်သွားသော ရှောင်းကျန့်အားကြည့်ကာ အကြံရသလိုလိုရှိလာပြီး
ကျင်းလင် :ဝမ်ရိပေါ် !  ဘာလဲကွာ   ငါတို့နောက်တစ်ပွဲစရအောင်
Yibo : ဝေ့ဆရာကျင်း မင်းငါ့ကိုလုပ်ကျွေးနေတာလား အခုဘဲ ငါနိုင်ထားတာနော်
ကျင်းလင် :ဒီပြိုင်ပွဲက အရင်ကနဲ့မတူဘူး မင်းစိတ်ဝင်စားလား
ဝမ်ရိပေါ် စိတ်ဝင်စားသလိုရှိလာပြီး
Yibo :ဆိုစမ်းပါအုန်း ဘယ်လိုပြိုင်ပွဲမို့လဲ
ကျင်းလင်: ခုနဖြတ်သွားတဲ့ ကောင်လေးတွေ့လား
သူ့နာမည်က ရှောင်းကျန့်  တက္ကသိုလ်ရောက်နေပြီ ခုချိန်ထိ ရည်းစားတစ်ယောက်မှ မထားဖူးဘူး
ပြီးတော့  သူတို့ရှောင်းကုမ္ပဏီက  မင်းတို့ ဝမ်ကုမ္ပဏီရဲ့ပါတနာလေ
ရုပ်ရည်ကလည်း မင်းထက်မနိမ့်ဘူး မင်းလိုဘဲ သူ့မေဂျာမှာ King ကွ
သူ့လာကြိုက်တဲ့သူမှန်သမျှကိုလည်း အကုန်ငြင်းလွှတ်တာနော်  
ရိပေါ် : မင်းက သိလှပြီလား
ကျင်းလင်: သိတာပေါ့ သူ့သူငယ်ချင်းတွေနဲ့ ငါတို့နဲ့က  ဘောလုံးချိန်းကန်နေကြ  ဟိုတစ်နေ့က
သူတို့ ပြောနေတာ ငါကြားလာတာ ဟုတ်တယ်နော် ကျိုးချန် မင်းလည်းရှိတယ်မလား
ကျိုးချန်: ဟုတ်တယ် ငါလည်းကြားတယ် သူတို့တိုင်ပင်နေကြတာ ၊အဲ့ကောင်လေးကို ယောက်ျားလေးဘဲဖြစ်ဖြစ် မိန်းကလေးဘဲဖြစ်ဖြစ် ဒီနှစ်ရည်းစားရအောင် လုပ်မလို့တဲ့

Love is competition  ( complete )Where stories live. Discover now