Love is competition 7

6K 417 3
                                    

Love is competition
Part -7
Unicode
ရွှယ့်ယမ် ပြောချင်ရာပြောပြီး ဖုန်းချသွားသောရိပေါ်အား
ရွှယ့်ယမ် : ဝမ်ရိပေါ် ဝမ်ရိပေါ်  နောက်ဆုံးတော့ မင်းမှာ အားနည်းချက်ဆိုတာရှိလာပြီဘဲ ဟားးးဟားးး
ငါ့ရဲ့ ပါး အပြီးမသတ်နိုင်သေးတဲ့ကိစ္စကို ငါအပြီးသတ်ပေးရတော့မယ် မင်းတို့ ဝမ်မိသားစုနဲ့  ရှောင်းမိသားစုကြားက ဆက်ဆံရေးကို ငါဖျက်ဆီးပစ်မယ်

(ရွှယ့်ယမ်ဆိုသည်မှာ ယမ်မိသားစုရဲ့ တစ်ဦးတည်းသောသားဖြစ်ပြီး ယမ်ကုမ္ပဏီမှာလည်း ဝမ်ကုမ္ပဏီနဲ့ ရှောင်းကုမ္ပဏီတို့၏ ပြိုင်ဖက်ကုမ္ပဏီတစ်ခုဖြစ်သည် ။ ဝမ်မိသားစုနဲ့ ရှောင်းမိသားစုတို့ ကုမ္ပဏီချင်း ပူးပေါင်းလိုက်သည့်အတွက်ကြောင့်
မည့်သည့် ကုမ္ပဏီမှ အမှီမလိုက်နိုင်တော့ပေ
ထို့ကြောင့်  ယမ်ကုမ္ပဏီက မိသားစုနှစ်ခုကြား ဆက်ဆံရေးကို လိုက်ဖျက်ဆီးနေခြင်းပင်ဖြစ်သည်................................)

ဝမ်ရိပေါ်တစ်ယောက်  စောစောစီးစီး ရှောင်းကျန့်အိမ်သို့ရောက်နေလေသည်။
ရှောင်မားမား : သား ပေါ်ပေါ် အစောကြီးပါလား
Yibo     : ဟုတ် အန်တီ သား ကျန့်ကျန့်ကို မနက်စာပါတစ်ခါတည်း ဝင်ကျွေးမို့
ရှောင်းမားမား : အန်တီတို့နဲ့ တစ်ခါတည်းဝင်စားသွားပါလား
Yibo  : ဟုတ် ဒါနဲ့ကျန့်ကျန့်ရော
ရှောင်မာမား : မင်းသူငယ်ချင်းအိပ်ပုပ်က အိပ်တုန်းထင်တယ် ၊အန်တီ့အစား သားသွားနှိုးပေးပါလားကွယ် အန်တီမနက်စာပြင်ထားလိုက်မယ်နော်
Yibo : ဟုတ်
ရိပေါ် ရှောင်မားမားဆီမှ ရှောင်းကျန့်အခန်းနေရာမေးပြီး အခန်းထဲဝင်လာတော့ ခြေကားယားလက်ကားယားနဲ့ ကြိုးစားပန်းစားအိပ်နေရှာတဲ့ ကလေးလေးကို တွေ့လိုက်ရသည်။ဝမ်ရိပေါ်ကြိတ်ပြီးရယ်ကာ အိပ်နေတဲ့ ယုန်ပေါက်လေးကို မနှိုးသေးဘဲ ရပ်ကြည့်နေလိုက်သည်။ခနနေမှ အနားကပ်ထိုင်လိုက်ပြီး
Yibo :  ဟေ့ယုန်ပေါက်လေး ထတော့
ရှောင်းကျန့်ကတော့ တုပ်တုပ်မှပင်မလှုပ်အိပ်နေတုန်းပင်
ဝမ်ရိပေါ် ရှောင်းကျန့်ခေါင်းလေးလှုပ်ကာထပ်နှိုးပြန်တော့ အိပ်နေတဲ့ယုန်ကလေးက သူ့ခေါင်းလှုပ်နေတဲ့လက်ကလေးကို ဆွဲဖက်ထားပြီး အိပ်ချင်မူးတူးအသံလေးဖြင့်
XZ : မား သားအိပ်ချင်သေးတယ်
Yibo ; အိပ်ပုတ်လေး ထတော့လေ အိပ်ရေးမဝသေးဘူးလား
XZ: အွန်းမားးး သားအိပ်ရေးမဝသေးဘူး.
ဒါနဲ့မားအသံကတမျိုးကြီးနော်
ရှောင်းကျန့် မျက်လုံးလေးဖွင့်ကြည့်လိုက်သည်။
XZ : ဟမ် ဝမ်ရိပေါ် !
မင်းငါ့အခန်းထဲဘာလို့ရောက်နေတာလဲ မင်းကို ဘယ်သူက ဝင်ခိုင်းလိုက်တာလဲ။ဝမ်ရိပေါ် စောင်ထဲကနေ ရန်လုပ်နေသော ရှောင်းကျန့်အား အူယားစွာဖြင့် ပါးလေးဆွဲဖဲ့လိုက်သည်။
Yibo : မင်းမားက မင်းကိုနှိုးခိုင်းတာလေ ငါ့မှာမနှိုးချင်ဘဲ လာနှိုးရတာ မင်းငါ့လက်ကိုဆွဲဖက်လိုက်လို့
လက်မှာ သွားရည်တွေတောင်ပေကုန်ပြီ
XZ : မင်း လျှောက်မပြောနဲ့ ငါဘယ်တုန်းကမှ သရေမကျဘူး
Yibo : စတာပါကွာ ဒါမဲ့ မင်းငါ့ကို အသားယူတယ်နော် အဲ့အတွက် ဘာလုပ်ပေးမှာလဲပြော
XZ : ဘာမှမလုပ်ဘူးသွား ငါပြင်ဆင်ပြီးထွက်လာခဲ့မယ် အပြင်ကစောင့်နေ
Yibo : မြန်မြန်လုပ် အောက်မှာ မင်း မားစောင့်နေတယ် မနက်စာစားဖို့
XZ :  လမ်းကျမှ စားမယ်လေ အစောကြီးရှိသေးတာကို
Yibo : မရတော့ဘူး မင်းကိုနှိုးပြီးရင် လာစားမယ်လို့ပြောပြီးပြီ
XZ : အိမ်အကူအဒေါ်ကြီး လုပ်နေတာလား
Yibo : မဟုတ်ပါဘူး မင်းမားလုပ်နေတာပါ
XZ : အင်း မင်းကိုတော့ငါမြင်ယောင်နေပြီ
Yibo : ဘာမြင်ယောင်တာလဲ ခဏနေသိလိမ့်မယ်

Love is competition  ( complete )Where stories live. Discover now