Love is competition 4

7K 476 10
                                    

Love is competition
Part-4
Unicode
ဝမ်ရိပေါ် ရှောင်းကျန့်အိမ်ရောက်တော့ အိမ်ထဲသို့စကားပြောရန် လိုက်ဝင်လာခဲ့သည်။
ထိုအချိန်တွင် ဧည့်ခန်းထဲတွင်ထိုင်နေသူကတော့
ရှောင်မားမားပင်ဖြစ်သည် ။
မား  : "သားကျန့်ကျန့်  ပြန်လာပြီလား ဒါသားသူငယ်ချင်းအသစ်လား မားတွေ့ဖူးသလိုဘဲနော်
ရှောင်းကျန့် : ဟုတ်ဒါသားသူငယ်ချင်း ဝမ်ရိပေါ် တဲ့
မား   : အော် ဒါကြောင့် တွေ့ဖူးတယ်လို့စဉ်းစားနေတာ သူက ဝမ်မိသားစုရဲ့ တစ်ဦးတည်းသော သားလေးကိုးး
ရှောင်းကျန့် : မား သူ့ကိုသိတယ်ပေါ့
မား      : သိတာပေါ့  သားပါပါးနဲ့ ဝမ်မိသားစုက စီးပွားရေးပါတနာတွေလေ  အခုပရောချက်အသစ်တောင် ပူးပေါင်းလုပ်ဖို့ စီစဉ်နေပြီ။သားကစီးပွားရေးမှစိတ်မဝင်စားတာ ဘယ်သိမလဲ ၊ဘယ်ခေါ်ခေါ်မလိုက်ချင်တာကများနေတာလေ၊ဆိုပါအုန်း အခုရော ဘယ်ကနေဘယ်လိုပြဿနာရှာပြီး တွေ့လာတာတုန်း
ရှောင်းကျန့် : ဟာ မား သူများရှေ့မာ သားကိုအရှက်ခွဲနေတာလား
ဝမ်ရိပေါ် ကတော့ရှေ့မှာရှိတဲ့သားမိနှစ်ယောက်ကြည့်ကာ ရယ်နေတော့သည် ။
XZ: မင်းငါ့ကိုလှောင်နေတာလား
Yibo: မဟုတ်ပါဘူး ဒီတိုင်းသဘောကျလို့ပါ ကျန့်ကျန့်ရယ်
XZ: ဟင် ဘာကျန့်ကျန့် လဲ ဒါ ငါ့မိသားစုတွေဘဲ ခေါ်တဲ့နာမည်လေ မင်းခေါ်စရာမလိုဘူး"
မား :  ကဲ ကျန့်ကျန့် ဒါလေးခေါ်တာဘာဖြစ်လဲ သူငယ်ချင်းဆိုတာကလည်း ကိုယ့်မိသားစုဝင်တွေဘဲ
မဟုတ်ဘူးလား ပေါ်ပေါ်လေး
Yibo: ဗျာ!! ဟုတ်
ရိပေါ် ဘယ်သူမှ မခေါ်ဖူးသော နာမည်ကြားလိုက်ရသဖြင့်မျက်လုံးပင် ပြူးသွားရသည်။
မား : အာ့ဆိုသူငယ်ချင်းနှစ်ယောက်စကားပြောနှင့်ကြနော် မားသွားစရာလေးရှိလို့ ၊မားထွက်သွားတော့မှ ရှောင်းကျန့်တစ်ယောက် တစ်ခစ်ခစ်ရယ်ကာဖြင့်
XZ: "လာ ပေါ်ပေါ်လေး အအေးသောက်ပါအုန်း"
ရိပေါ်လည်း ချော်လဲရောထိုင်ရုံပေါ့ မထူးတော့ပါဘူးဟုတွေးမိကာ
Yibo :အင်း ကျန့်ကျန့်လေး
ပြောရင်းဆိုရင်း မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။

XZ : "ဟင် သူဘာဖြစ်လို့ မျက်စိမှိတ်ပြတာပါလိမ့် ငါ့ကြိုက်နေတာများလား၊ဟာ မဖြစ်နိုင်ပါဘူး ဟိုက စတာကို ငါအတွေးလွန်နေတာနေမှာပါ။
ရှောင့်ကျန့်စိတ်ထဲတွေးကာ ကိုယ့်နဖူးကို ပြန်ရိုက်နေလေတော့သည်။
Yibo : ဟင်ကျန့်ကျန့် ဘာလို့ကိုယ့်နဖူးကိုရိုက်နေတာလည်း
XZ : အာ ဘယ်ကအကောင်လည်းမသိဘူးလာနားလို့ ရိုက်လိုက်တာ
Yibo :ဟုတ်လားး??
XZ : အင်း ဒါနဲ့မင်း မပြန်သေးဘူးလား ညနေတောင်တော်တော်စောင်းနေပြီ။
Yibo:အင်းဟုတ်သားဘဲ ငါပြန်တော့မယ်နော်
မနက်ဖြန်ကျ မင်းကားကပြင်လို့မပြီးသေးရင်ငါ့ဆီဖုန်းဆက်၊ငါလာခေါ်လိုက်မယ် ဒါက ငါ့ဖုန်းနံပါတ်
XZ : အင်းဒါက ငါ့ဖုန်းနံပါတ် ကားက မနက်ဖြန်ဆိုပြန်ရပြီ လာမခေါ်နဲ့တော့ ကိစ္စတစ်ခုခုရှိရင်တော့ ဖုန်းဆက်ပါ
Yibo:ကိစ္စတစ်ခုခုရှိမှ ဖုန်းဆက်ရမှာလား
XZ: အင်းပေါ့
Yibo : မရှိရင်ရော
XZ : အဲ အဲ့လို မဟုတ်ဘူးလေ ငါပြောချင်တာက သူငယ်ချင်းတွေဘဲ အကူအညီလိုရင်ပြောလို့ပြောတာ၊ ဒီတိုင်းလည်းဆက်လို့ရပါတယ်။
Yibo : ပြီးရော အာ့ဆိုသွားပြီ တာ့တာ့.................
(တစ်ယောက်ချင်းစီရဲ့ phone content တွေမှာတော့
ပေါ်ပေါ် နဲ့ကျန့်ကျန့် ဖြစ်ကုန်လေရဲ့ )

Love is competition  ( complete )Where stories live. Discover now