Love is competition 19

4.2K 280 3
                                    

Love is competition
Part-19
Unicode
"မင်းသူ့ကိုဘာလုပ်တာလဲ မိုက်ရိုင်းလှချည်လား ခွပ် ခွပ် ခွပ် !!".
ဝမ်ရိပေါ် ရွှယ့်ယမ်အား လက်သီးဖြင့်ဆက်တိုက်ထိုးနေသည်။ရှောင်းကျန့် ရုတ်တရက်ရောက်လာတဲ့ ဝမ်ရိပေါ်အားထိုင်လျက်လေး ကြောင်ငေးကြည့်နေတယ်။
ကျားချန် : အကိုလုပ်အုန်းလေ ဆွဲအုန်း သေတော့မှာဘဲ
ကျားချန် သတိပေးလိုက်တာကြောင့် ရှောင်းကျန့် မြန်မြန်ထကာ ဝမ်ရိပေါ်အားဆွဲရတော့သည်။
XZ : တော်ပြီ ဒါလင်ရပ်လိုက်တော့ ဆက်မထိုးနဲ့တော့ သူများအမှားကနေ ကိုယ့်အမှားဖြစ်လိမ့်မယ်။
ဝမ်ရိပေါ်ရှောင့်ကျန့်စကားကြောင့် ရပ်လိုက်တယ်
ထို့နောက်.....
Yibo : မင်းဘယ်သူလဲ ဘယ်ကလာလဲ ငါလုံးဝဂရုမစိုက်ဘူး၊ငါဂရုစိုက်တာ ငါဘေးမှာရှိတဲ့ ရှောင်းကျန့်တစ်ယောက်ဘဲရှိတယ်။ ရော့ ဒီမှာ ဆေးဖိုးဝါးခ
လိုရင်ထပ်လာတောင်း ပြီးတော့ ငါနဲ့ရှောင်းကျန့်ရှေ့မှာ ဘယ်တော့မှပေါ်မလာနဲ့။

ဝမ်ရိပေါ်ပါလာသမျှ ပိုက်ဆံတွေထုတ်ပြီး ရွှယ့်ယမ်အား ပစ်ပေးလိုက်သည်။သို့သော်ရွှယ့်ယမ်မယူ
ထုံးစံအတိုင်းခနဲ့တဲ့တဲ့အပြုံးဖြင့်သာ
ရွှယ့်ယမ် : ဒီပိုက်ဆံတွေမလိုပါဘူး ငါလိုချင်တာရသွားပြီ၊ဒီတော့ငါသွားတော့မယ်။အော် တစ်ခုရှိသေးတယ်၊စိတ်တော့မရှိနဲ့ ငါကမင်းတို့ရှေ့ခဏခဏ
ပေါ်လာအုန်းမှာ ဟားဟားဟားး.....

ဝမ်ရိပေါ်ဒေါသထွက်ကာ ထပ်ထိုးချင်သော်လည်း
ရှောင်းကျန့်လက်ဆွဲကာ တားထားတာကြောင့် လက်လျှော့လိုက်ရသည်။ရွှယ့်ယမ်ဆိုင်ထဲက ထွက်သွားတော့ ဝမ်ရိပေါ် ရှောင်းကျန့်အားဖက်လိုက်ကာ ရင်ခွင်ထဲထည့်လိုက်ပြီး ကျေလေးပွတ်ပေးလိုက်သည်။
Yibo :လန့်သွားလားချစ်ကလေး၊ တော်သေးတာပေါ့ကွာ၊ကိုယ်လိုက်လာတာမှန်လို့ ဒီကောင်တစ်ခုခုလုပ်မှဖြင့်ကိုယ်ရင်ကျိုးနေရမယ်။
XZ : ဘာမှမဖြစ်ပါဘူး ဒါလင်ရဲ့
Yibo : အင်း ဘာမှမဖြစ်တာဘဲတော်သေးတာပေါ့၊ကိုယ့်ချစ်ကလေးသာတစ်ခုခုဖြစ်ရင် ဟိုကောင်မလွယ်ဘူးမှတ်
XZ : ဒါလင်ကိုက ပိုလွန်းတာပါ၊ဟိုက တွန်းရုံလေးတွန်းလိုက်တာကို ထိုးလွှတ်လိုက်တာများ ရစရာတောင်မရှိဘူး။
Yibo : အခု ကိုယ့်ကိုအပြစ်ပြောပြီး ဟိုကောင့်ကို သနားနေတာလား။
XZ : ဟာ အဲ့လိုပြောတာမဟုတ်ပါဘူး၊ဒါလင်ကချစ်ကလေးအတွက်နဲ့ တအားဒေါသထွက်တတ်တော့ မကြီးသင့်တဲ့အမှုကို ကြီးအောင်လုပ်မိသလိုဖြစ်သွားမှာစိုးလို့ပါ။
Yibo : အင်းပါ နောက်နေ့ကစပြီး ဘာပြဿနာဘဲဖြစ်ဖြစ်တစ်ယောက်တည်းမဖြေရှင်းရဘူးနော် ကိုယ့်ကိုပြော ဟုတ်ပြီလားး။
XZ : ဟုတ်ပါပြီဗျာ
Yibo : အင်းအာ့ဆိုအိမ်ပြန်ကြစို့
XZ : ဘာလို့ပြန်ရမှာလည်း ခုမှပြဿနာကိုဖြေရှင်းပေးမလို့ကို
Yibo : ဟမ်သူက ပြဿနာရှာတာမဟုတ်ဘူးလား
XZ : မဟုတ်ဘူး ချစ်ကလေးဒီဆိုင်ထဲရောက်ပြီးမှသူရောက်လာတာ ပြီးတော့သူက ဒီဆိုင်ကိုလာကြည့်တယ်လို့ဘဲပြောတာ၊ဒါမဲ့သူ့စကားတွေထဲမှာတော့ ခနဲ့တဲ့စကားတွေပါနေလို့ သူနဲ့စကားများတာ
သူ့ခမျာ ထိုင်တောင်မသွားရရှာဘူး။
Yibo : အော် ဟုတ်လား၊ဒါမဲ့ သူကိုယ့်ရဲ့ချစ်ကလေးကိုတွန်းလိုက်တာဘဲလေ။ကိုယ့်အဖိုးတန်လေးကိုတွန်းတာ ထိုးခံရတာနဲ့ထိုက်တန်တယ်။
XZ : ဟုတ်ပါပြီ ပြဿနာသွားရှင်းလိုက်အုန်းမယ်နော်ပြီးမှပြန်မယ်
Yibo :မြန်မြန်လုပ်.......

Love is competition  ( complete )Where stories live. Discover now