"ဖယ်ပါ ကိုယ့်ဘာသာကိုသွားနိုင်တယ်"
"ကလေးရယ် ခြေထောက်မှာ သွေးတွေနဲ့လေး "
ဝင့်လွှာအတင်း မြတ်နိုးလက်လေးဆွဲပြီးသူ့ပခုံးပေါ်တင်းပေးပြီးတွဲလာတော့မြတ်နိုးတစ်ယောက်
စူပူတ်ပုတ် ထော့နဲ့ထော့နဲ့
နဲ့လိုက်ခဲ့ရပါပြီး အရမ်းနီးကပ်သောအနေ
ထားမို့ ရုတ်တရက်မြတ်နိုးနဲ့ဝင့်လွှာ အကြည့်ချင်းဆုံးတော့ ဝင့်လွှာပြုံးယုံလေးပြုံးပြလိုက်ပေမယ့် မြတ်နိုးရဲ့ စူးရှရှ အကြည့်တွေတော့ပြောင်းလွဲမသွားဘူး
"ကလေးဒီမှာခဏထိုင်နော် မမဆေးသွားယူလိုက်အုံးမယ် ငြိမ်ငြိမ်လေးနေနော် ဘယ်မှလိုက်မသွားနေနဲ့ "
ဝင့်လွှာ အခန်းမှာဆေးယူနေတုန်းသူလမ်းလိုက်ေလျှာက်နေမှာစိုးလို့ ဖြစ်နိုင်ရင်သူလေးအနားကမခွာချင်ဘူးဒါပေမယ့်
ဝင့်လွှာသူ့စီကပြန်ရလိုက်တဲ့စကားလုံးက
"တော်တော်စကားများတာဘဲနော် သွားယူမယ်ဆိုလဲသွားယူလေး"
မြတ်နိုးလေသံမာမာနဲ့ပြောလိုက်မှမျက်နှာငယ်လေးနဲ့ထွက်သွားတဲ့ဝင့်လွှာနောက်ကျောဘက်ကိုကြည့်ရင်း ခုဏကအကြည့်
ချင်းဆုံထဲကအခုန်မြန်နေတဲ့နှလုံးသားလေး ပိုခုန်နေပြန်ပါပြီး သိပ်မုန်းဖို့ကောင်း
တဲ့သူ့အကြည့်သူ့အပြုံးတွေကိုမြတ်နိုးရင်းနှီးနေသလိုခံစားနေရတာဘာလို့လဲမုန်းလို့...မုန်းလို့ဘဲနေမှာ သတ်ပြစ်ချင်
လောက်အောင်မုန်းလို့ဖြစ်မှာပါရင်ခုန်သံတွေကိုမသိချင်ယောင်ဆောင်ပြီးမြတ်နိုးတစ်ယောက်ထဲအတွေးများစွာနဲ့
ခြေထောက်မှာသွေးကမတိတ်သေးတစ်စစ်စစ်နာလာတာမို့လက်ရှိကမ္ဘာလေးထဲ
မြတ်နိုးပြန်ရောက်လာခဲ့သည်။
"ကလေး "
ကပြာကယာပြေးလာပြီး မြတ်နိုးကိုခေါ်နေတဲ့ဝင့်လွှာကိုကြည့်ရင် မကြားချင်ယောင်ဆောင်ထားလိုက်သည် အနားရောက်လာတော့မြတ်နိုးဆေးအိပ်လှမ်းယူမလို့လုပ်တော့.....
"မမထည့်ပေးမယ်လေး"
"ဟုတ်"
မြတ်နိုး ခြေဖဝါးကိုယ် ဖွဖွလေးကိုင်ပြီးဂွမ်းနဲ့သွေးစတွေသုပ်ပေးနေတဲ့ ဝင့်လွှာကိုယ်ကြည့်ရင်း ဒု.ဒု.ဒု.ဟာဒီရင်ဘက်
ကဘာဖြစ်နေတာလဲ ငြိမ်ငြိမ်နေစမ်းပါဟာ
မြတ်နိုးလက်သီးလေးဆုပ်ထားပြီး ငေးနေမိတယ်။
