👭စစ်မှန်သောပျော်ရွှင်ခြင်း👭
အပိုင်း<၂၀>
သဲဝင့်လွှာ နယ်မြို့လေးတမြို့မှာလုပ်အားပေးဆရာမအဖြစ်ရောက်ရှိလာခဲ့သည်
ကျောင်းကဆရာမတွေအကူညီနဲ့ဒီမြို့လေးရောက်လာခဲ့ခြင်းဖြစ်သည် ။
ဝင့်လွှာ ဒီနေရာလေးရှိနေသည်ကိုယ်ဘယ်သူမှမသိ ဘယ်သူ့ကိုယ်မှလည်းမသိစေချင်ပါ အထီးကျန် ခြင်းဆိုတဲ့ပြစ်ဒဏ်ကိုယ်ဝင့်လွှာကျေကျေနပ်နပ်ခံယူမည်
လွမ်းလို့ကျတဲ့မျက်ရည်တွေနဲ့အိပ်စက်ခဲ့ရ
တဲ့ညတွေလည်းများနေခဲ့သလိုနေ့ရက်တွေလည်းရှိနေခဲ့သည် ခုဆို ဝင့်လွှာ
ကလေးနဲ့မတွေ့ရတာ 6 လပြည့်တော့မည်ဖြစ်သည် သို့သော်ဝင့်လွှာတစ်နေ့မှမေ့မရခဲ့ပါ
မဟုတ်ဘူး မေ့ဖို့မကြိုးစားခဲ့တာဆိုပိုမှန်ပါလိမ့်မယ် ကလေးအကြောင်းတွေတွေးနေရတာကျေနပ်တယ် လွမ်းလို့
ပြေးတွေ့ချင်စိတ်ပေါက်ပြီးနာကျင်ရလည်း ဝင့်လွှာကျေနပ်သည် ဒါတွေက ဝင့်လွှာ
ကလေးပေါ်ထားတဲ့အချစ်ရဲ့သက်သေဘဲ။
ကော်ဖီပူပူလေးတစ်ခွက်နဲ့အခန်းထဲအောင်းနေသည် ကလေးကိုယ်လွမ်းတယ် ဝင့်လွှာ
အရမ်းတွေ့ချင်တယ် ကျလာတဲ့မျက်ရည်
စလေးသုတ်ကာ ဝင့်လွှာ facebook account သစ်တစ်ခုဖွင့်ပြီး ကလေး
accountလေးရှာပြီးaddလိုက်သည်
ကလေးရဲ့ပုံလေးတွေအလွမ်းပြေတွေ့ရရင်
ဘဲဝင့်လွှာပြုံးနေမိသည်သို့သော် commented တချို့ကြောင့်ဝင့်လွှာနှုတ်ခမ်းလေးတွန့်သွားသည် ကလေး
ဆိုတာကလဲ ပဲတွေပေးနေလိုက်တာ
များ ဟွန့် မပြောလိုက်ချင်ဘူး အရင်ထက်
ပိုလှသည်ပိုဆွဲဆောင်မှုရှိလာသည် သို့သော် ကလေးရဲ့အပြုံးလေးကအသက်မဲ့နေတုန်း ဝင့်လွှာ မြတ်နိုးပုံလေးကြည့်ပြီး
ဖုန်းလေးကိုယ်အနမ်းပေးလိုက်ပြီး
ကျေးဇူးပါကလေးရယ် ခုလို ပျော်အောင်
ကြိုးစားပြီးနေပေးလို့ ဝင့်လွှာကတော့လား
ပြုံးလျက်ပါဘဲ အဆင်ပြေပါတယ် တခါတလေဈေးသွားလို့ကလေးနဲ့အရွယ်တူလေးတွေစတိုင်ချင်းတူတာလေးတွေ တွေ့တိုင်း
မျက်ရည်လေးကျလာတက်တာ ကလေး
ကြိုက်တဲ့အစားအစာတွေဘဲလိုက်စားနေမိတာ ကလေးပြောတဲ့အသံလေးတွေပြန်ကြားယောင်နေတက်တာကလွဲလို့ ဝင့်လွှာ
အဆင်ပြေနေပါတယ်
