လွန်ခဲ့သောနှစ်ကာလများစီသို့.......
"မေမေ မီးမီး အဲ့မမနဲ့ဘဲနေချင်တယ်ပြန်မလိုက်ဘူး "
သဲဝင့်လွှာ ကိုအတင်းဖက်တွဲပြီး
ငိုယိုပြီးပြောနေတဲ့ စုမြတ်နိုးကိုကြည့်ပြီး စုမြတ်နိုးမေမေ စိတ်လဲညစ်ရယ်လဲရယ်ချင်နေသည်။
"ဟုတ်ပြီး သမီးအဲ့ဒီမမနဲ့နေချင်ရင် ကိုကိုနဲ့ပေးစားလိုက်"
"မရဘူး မီးမီးဘဲယူမှာ မီးမီးတစ်ယောက်ထဲဘဲ"
စုမြတ်နိုးစကားလဲဆုံးရော ရယ်သံတွေထွက်လာခဲ့သည်။ စုမြတ်နိုးသည် သူ့မေမေနဲ့တလှည့်သဲဝင့်လွှာတလှည့်အိပ်တက်သည် ။သဲဝင့်လွှာ တခြားသူတွေနဲ့ရယ်မောနေရင်မကြိုက် သူ့အနားမှာနေ သူ့ကိုဘဲဂရုစိုက်ရသည်။ သဲဝင့်လွှာ သည်လည်းထိုနည်းတူ ဒီကလေးသူ့အနားရှိရင်ဘယ်
သူခေါ်ခေါ်မလိုက်တတ်ထိုအချိန်စုမြတ်နိုး၏အချစ်ဆုံးလူနှစ်ယောက်သည် မေမေပြီးရင်သဲဝင့်လွှာ သာဖြစ်ခဲ့သည်။
နေမကောင်းရင်တောင်အိမ်မပြန်သဲဝင့်လွှာဆေးတိုက်မှသောက်၊
သဲဝင့်လွှာ ကျွေးမှစားတတ်တဲ့ ကလေးငယ်တစ်ေယာက်တစ်ဦးထဲသောသမီးဖြစ်တဲ့ သဲဝင့်လွှာ သည်လည်စညီမအရင်းလေးတစ်ယောက်လိုချစ်ရှာ၏ ။ မမလုပ်ပေးတာဘဲစားချင်ပါတယ်ဆိုတဲ့ကေလးငယ်ေကြာင့်ချစ်လွန်းလို့ 10နှစ်အရွယ်ထဲကသဲဝင့်လွှာ ထမင်းချက်ဟင်းချက်သင်ရသည်။
နေမကောင်းဖြစ်ရင်ဂျီကျလွန်းတဲ့ စုမြတ်နိုးပေါ်သဲဝင့်လွှာ ငြိုငြင်ခြင်းမရှိခဲ့ ။အမြဲအလိုလိုက်ပေးခဲ့သည်။ စုမြတ်နိုး 10နှစ်သမီးအရွယ်မှာ ကားမှောက်ပြီး စုမြတ်နိုး မေမေဆုံးပါသွားခဲ့သည်။ထိုစဉ်မှစပြီးစုမြတ်နိုး
အတိတ်ကိုသတိပြန်ရခြင်းမရှိတော့စုမြတ်နိုးအဖေလည်းစီးပွားရေးအခြေနေကြောင့် သထုံမှ ဘာအံသို့ပြောင်းလာခဲ့လိုက်သည်။အဲ့ဒီချိန်မှစပြီးလူကြီးချင်းသာတွေ့ကြပြီး ကလေးချင်းတော့အဆက်သွယ်ပျက်ခဲ့သည်။ ဝေယံကတစ်ခါတလေအလည်လာတက်ပေမယ့် မြတ်နိုး ကတော့မလိုက်ခဲ့တာကြောင့် သဲဝင့်လွှာ အရမ်းသတိရနေခဲ့သည်။ တစ်ခါတလေ သူ့ကိုယ်မမှတ်မိတော့တာကြောင့် ငိုနေတက်သည်။ စုမြတ်နိုး
အကြောင်း အစဆုံးပြန်ပြောပြပြီးတဲ့အခါစုမြတ်နိုးအတွေးထဲဝိုးတိုးဝါးတာပုံရိပ်တချို့ပြန်မြင်လာနိုင်ခဲ့သည် ။ဒေါ်သဲဝင့်လွှာက ကိုကိုနဲ့လက်မထက်ခင်ထဲက စုမြတ်နိုးတို့အိမ်အဝင်ထွက်ရှိသည်။လာသည့်အခါတိုင်းဖော်ရွေးနေပေမယ့်
စုမြတ်နိုးကသာခပ်စိမ်းစိမ်းနေတက်သည်။
ထိုအကြောင်းတွေပြန်စဉ်းစားမိပြီး စုမြတ်နိုးဝမ်းနည်းရသည်။
