Unicode အပိုင်း (၁၆)

3.2K 172 7
                                    

💔💔စစ်မှန်သောပျော်ရွှင်ခြင်း💔💔
အပိုင်း(၁၆)

မြတ်နိုးက မိန်းကလေးတစ်ယောက်ပါ
ဒါပေမယ့် မမ ရှေ့က မားမားမတ်မတ်
ရပ်တည်ပေမယ့်လူတစ်ယောက်ဖြစ်ချင်တယ် ဖြစ်နိုင်တာတွေမဖြစ်နိုင်တာတွေ
မြတ်နိုးမသိဘူး မြတ်နိုးသိတာက ကြိုးစားရင်ဘယ်အရာမဆိုဖြစ်ရမယ်ဆိုတာဘဲ။

သဲဝင့်လွှာအိပ်ယာနိုးသည်နှင့် ပထမဆုံး
တွေ့ရတဲ့ မျက်နှာလေးကြောင့် ဝင့်လွှာပြုံးမိသည် စုမြတ်နိုးမျက်နှာလေး
တစိမ့်စိမ့်ကြည့်နေရင်း  ဆုံးရှူံး ရမှာ
ကြောက်တဲ့စိတ် တစ်ယောက်ထဲအပိုင်သိမ်းထားချင်တဲ့စိတ်တွေဖြစ်လာသည်။

💭💭ကလေးရယ် မမ တောင်းပန်ပါတယ် မမ ခံယူထားတဲ့အချစ်ဆိုတာက
ရယူခြင်းမဟုတ်ဘဲ ပေးဆပ်ခြင်းနဲ့ပါ
မပိုင်ဆိုင်ချင်လို့တော့မဟုတ်ဘူး ပိုင်ဆိုင်
ချင်တဲ့စိတ်ကိုယ် ထိန်းချုပ်ပြီး ကိုယ့်ချစ်တဲ့သူကောင်းစားဖို့အတွက်ပေးဆပ်တာမျိုး မမတွက် ခုလိုကလေးကိုယ်ကြည့်နေခွင့်လေးက နောက်ဆုံးဘဲဖြစ်မယ်ထင်တယ် မမ တောင်းပန်ပါတယ် မမလေးကလေးကိုယ်အရမ်းချစ်တယ်💭💭

ဝင့်လွှာ စုမြတ်နိုး ဆံပင်လေးကိုယ်ခပ်ဖွဖွလေးနမ်းပြီး ပြန်ဖက်ထားကာအိပ်နေလိုက်သည် စုမြတ်နိုး မျက်လုံးလေး မပွင့်တပွင့်နဲ့နိုးလာတော့ ချစ်ရတဲ့ မရင်ခွင်ထဲ ရောက်နေသည်မို့ မနက်ခင်းလေးကလှပနေသည်
စုမြတ်နိုး ဝင့်လွှာ လက်လေးကိုယ်အသာဖယ်ပြီး ထလိုက်ကာ ဝင့်လွှာနဖူးလေး တစ်ချက်နမ်းပြီး မြတ်နိုးအခန်းပြန်လာခဲ့လိုက်သည် မျက်လုံးလေး မှိတ်ထားရက် ပြုံးယောင်သန်းနေတဲ့ကောင်မလေးကိုယ်တော့ မြတ်နိုး သတိမထားမိလိုက်ပေ။

မြတ်နိုး တစ်ယောက်ဒီမနက် ပျော်နေသည်လား ဝမ်းနည်းနေသည်လား
ဝေခွဲမရအောင်ပင် စိတ်တွေယောက်ယပ်
ခက်နေသည် ဝင့်လွှာ တွက် မနက်စာ
ပြင်ပေးခွင့် ဒီနေ့မှရသည်လေး အမြဲတမ်း
မြတ်နိုးထက်စောစောနိုးတဲ့မမက ဒီနေ့မှ
နောက်ကျနေသည်မို့ မြတ်နိုး ပျော်ရသည်
ဒါပေမယ့် ဘာကြောင့်မှန်းမသိ ရင်ထဲမှာ
နာကျင်နေသလို ဘာမှမရှိတော့သလိုလဲ
ခံစားနေရသည်။

စစ်မှန်သောပျော်ရွှင်ခြင်း #စစ်မှန်သောပျော်ရွှင်ခြင်းWhere stories live. Discover now