Part 1

11.1K 221 2
                                    

ရင်ခွင်လမင်း
အပိုင်း (၁)
#ရင်ခွင်လမင်း

“သက်မာ...”
“ပြော သူငယ်ချင်း...”
“နင့် ဘဲ ကြီး က ပုံမှန် မဟုတ်ဘူးနော်..”
“ဟင်..ဘာဖြစ်လို့လည်း..”
အဆောင်မှာ စုနေသူချင်း မို့လို့ တစ်ယောက် အကြောင်း တစ်ယောက် ရင်ဖွင့်တိုင်ပင် တက်သလို တစ်ယောက်ကို တစ်ယောက် ဖေးမ ကူညီ စောင့်ရှောက်နေကြရသည်..။
ကြည်ပြာ က  မျက်ခုံး ဆွဲပြီး အောက်နားတွေကို လိုက်ညိနေရင်း သက်မာ ဘက်ကို တစ်ချက် လှည့်ကြည့်သည်..။
ပြီးနောက် သက်ပြင်း တစ်ခု ပေါ်ပေါ်တင်တင် ချပြီး လက်ထဲက မျက်ခုံးမွှေးဆွဲ ခဲတံကို ချလိုက်သည်..။
“ငါ မနေ့က စျေးမှာ တွေ့လိုက်တယ်...”
“သြော်..အဟား..ဒါများကွာ...ဘာဆန်းတာ မှတ်လို့လည်း..”
“ကလေးတစ်ယောက် လက်ဆွဲပြီး သူ့ဘေးက မိန်းမကြီး တစ်ယောက်က ကလေး ချီထားသေးတယ်..”
“ဟင်..”
ဒီတစ်ခါတော့ သက်မာ မရယ်နိုင်တော့ မျက်လုံးပြူးလို့ ရင်ဘတ်ထဲက နှလုံးခုန်နှုန်းတွေ စည်းချက်မြန်လာရသည်..။
ကိုကို ဆိုတာ သက်မာ ရဲ့ အချစ်ဦး အချစ်ဆုံး မဟုတ်ပါလား...။
“နည်းနည်း စုံစမ်းကြည့်အုံး...”
“အေး..ကျေးဇူးပဲ သူငယ်ချင်းရာ...ငါ့ကို လိမ်ထားတယ်ဆိုလို့ကတော့ ..အကြောင်း ကောင်းကောင်း သိသွားစေရမယ်...”
“ဟဲ့..ဒေါသနဲ့ အရာရာ မဆုံးဖြတ်နဲ့နော်...ကိုယ်က မိန်းကလေး နင်တို့က လွန်ထားကြပြီမလား..”
“အိုး ဘာဖြစ်ဖြစ်...”
ကြည်ပြာ က ပခုံးတွန့် နှုတ်ခမ်းမဲ့ ပြီး မျက်ခုံးမွှေးဆွဲလက်စ အလုပ်ကို ပြန်လုပ်နေပေမဲ့ သက်မာကတော့ ဒေါသထွက်လိုက် မခံမရပ်နိုင်ဖြစ်လိုက်နဲ့ပါပဲလေ...။
ကိုကို လိုက်မလာဖို့ မှာထားတဲ့ ရုံးကို လိုက်သွားတော့  ၀န်ထမ်း တွေက စပ်စု တဲ့ အကြည့်မျိုးတွေနဲ့ ကြည့်ကြသည်..။
“ဟို ကိုမင်းခ နဲ့ တွေ့ချင်လို့ပါ...”
“ကိုမင်းခ သားလေး နေမကောင်းလို့ ရုံးမလာဘူး ညီမရဲ့..”
စကားလုံး နည်းနည်းလေး ဆိုပေမဲ့ သူတို့ မျက်လုံးထဲမှာ စကားပေါင်းများစွာ ပါ၀င်နေမှန်းသိလိုက်ပါသည်...။
သက်မာ အပြန်လမ်းမှာ စိတ်တွေ နောက်ကျိ ရှုပ်ထွေးလွန်းလို့ ခြေလှမ်းတွေပင် မှားလုမတက်...။
ကိုကိုရယ်...ဘာလို့များ....။
တကယ်တော့ ကိုကို နဲ့ စတွေ့ဖြစ်တာ...သက်မာ အကို တစ်၀မ်းကွဲ ကြောင့်ပါ...။
“ကဲ..မင်းခ ရေ...ဒါ ငါ့ ညီမပဲ ရန်ကုန်မှာ အဆောင်နေ သင်တန်းတက်ရင်း အလုပ် တစ်ခု လုပ်ချင်တယ် တဲ့လေ...အသိမိတ်ဆွေလည်း မရှိတော့ မင်းကို ပဲ အပ်ခဲ့မယ်ကွာ...”
“ရပါတယ်....ဒါနဲ့ ညီမ က ဘွဲ့ရပြီးသားနော်...ဘယ်မှာ လုပ်မှာလည်း..”
“ညီမ ကျောင်းမပြီးသေးပါဘူး..အဝေးသင်တက်ရင်း လုပ်ရမှာပါ...သူငယ်ချင်းရဲ့ အထည်ဆိုင်မှာ လုပ်ဖို့ ပြောထားပြီးပါပြီ..”
“သြော်..ဒီလိုဆိုတော့လည်း စိတ်ချရပါတယ်...စိတ်ချပါ..သူငယ်ချင်း.. မင်း ညီမလေးဆိုတော့ ငါ့ ညီမလေးပဲပေါ့ကွာ..ဘာ အကူအညီ လိုလို ဖုန်းဆက်လိုက်နော်...”
“ဟုတ်..”
“အေး...ကျေးဇူးပဲ သူငယ်ချင်းရာ...”
သက်မာ အကို တစ်၀မ်းကွဲ ကျော်မင်း ကြောင့် ကိုကို နဲ့ သိခွင့်ရခဲ့တယ် ဆိုပေမဲ့...အားကိုးချင်လောက်အောင် ကိုကို က သက်မာ အပေါ် ကောင်းခဲ့တာပဲလေ...။
လူရိုး လူအေး တစ်ယောက်ပုံစံ နဲ့ အခွင့်အရေးမယူပဲ ညီမလေး တစ်ယောက်လို စောင့် ရှောက်ခဲ့တဲ့ ကိုကို့ကြောင့် သက်မာ စိတ်တွေက ကိုကို အပေါ် ယိုင်နဲ့ ခဲ့ရတယ်...။
“ကိုမင်း နေ့တိုင်း အကြိုအပို့ လုပ်ပေးနေတာ အားနာလို့ ပြန်လိုက်တာပါ..”
“မဟုတ်တာကွာ...ကိုယ် ရုံးဆင်းရင် သက်မာ တို့ ဘက်က ပြန်ရတာပဲလေ...လမ်းထိပ်ချခဲ့တာ ဘာပင်ပန်းလို့လည်း သက်မာရဲ့...ဘာလည်း သက်မာ က ကိုယ်နဲ့ မပြန်ချင်လို့လား...မဟုတ်မှ ကောင်မလေး ရည်းစားတွေ ဘာတွေ ရှိနေတာလား..”
“ဟာ..မဟုတ်ပါဘူး..ကိုမင်းရယ်..သက်မာ ကြောင့် အလုပ်ရှုပ်မှာ စိုးလို့ပါ...”
“အိုး...ဒီလို လုပ်မှ ပို အလုပ်ရှုပ်ရတာလေ...အခုပဲ ကြည့် ဘာများဖြစ်လို့လည်း စိတ်ပူပြီး အဆောင်လိုက်ရှာရ စုံစမ်းရ ဒီ အထိရောက်လာရတယ်မလား...”
“သက်မာ က ကလေး မဟုတ်ပါဘူး..”
“ဟား..ဟား..ဟုတ်ပါရဲ့.....”
သက်မာ ရဲ့ အလိုမကျစွာ နှုတ်ခမ်းစူရင်း ပြောလိုက်တဲ့ အပြောကြောင့် ကိုကို က သဘောကျစွာ ရယ်မောနေခဲ့သည်..။
“ဟက်ချူး..”
“ဟင်..ကိုမင်း နေမကောင်းဘူးလား..”
“ဟုတ်တယ်...သက်မာရယ်...”
“ဒါကို ဘာလို့ ရုံးတက်လည်း..”
“သက်မာ တစ်ယောက်တည်း အလုပ်သွားဖို့ ခက်နေမှာစိုးလို့ပါ...”
“အိုး..မဟုတ်တာ...သက်မာ သွားတက် လာတက်နေပါပြီ...”
“ကိုယ် မှ စိတ်မချတာကွာ...”
ကိုကို့ ရဲ့ ဒေါသသံလေးကဲနေတဲ့ ၀န်တို သံလေးကြောင့်  သက်မာ ရင်ထဲမှာ ကြည်နူးမှုလေးတွေ ပလုံစီနေခဲ့သည်..။
ကိုကို့ လို ရုပ်ချော လူရိုး လူသန့်ကို ဘယ် မိန်းကလေးက စိတ်မ၀င်စားပဲ နေပါ့မလည်း...။
“သက်မာ မနေ့က ၀န်ထမ်းတွေ စုပြီး လျှောက်လည်တာ ဘယ်လိုလည်း..”
သက်မာ နေမကောင်းတာ အကြောင်းပြပြီး ကျန်ခဲ့တာ ကိုကို မသိလို့ ခပ်တည်တည် နဲ့ မေးနေတော့ တစ်ဖက်လှည့်ပြုံးလိုက်ပြီး မျက်နှာတည်ခါ...
“ပျော်ဖို့ ကောင်းပါတယ်...”
“ကောင်လေးတွေလည်း ပါတယ်မလား..”
“အင်း...ဂိမ်းတွေလည်း ဆော့တယ်..”
“ဟမ်..ဂိမ်း..ဟုတ်လား.ဘာဂိမ်းတွေလည်း..”
“မျက်လုံး မှိတ်ပြီး လိုက်ဖမ်းတာလေ...သက်မာ ဖမ်းမိလိုက်တာ ကောင်လေးကို ဖက်သလို ဖြစ်သွားတယ်...ရှက်လိုက်တာ မပြောပါနဲ့တော့...”
ကိုကို့ ဘက်က ဘာမှန်းမသိတဲ့ စိတ်ခံစားမှုကို သိချင်လို့ မုသာဝါဒ သုံးပြီး သက်မာ လုပ်ကြံ ပြောလိုက်မိသည်..။
ကိုကို့ မျက်နှာ အကြီးအကျယ် ပျက်သွားပြီး တစ်လမ်းလုံးလည်း လုံး၀ စကားမပြောတော့ပါ..။
ဆိုင်ရှေ့ချပြီး နှုတ်မဆက်ပဲ ထွက်သွားတဲ့ ကားလေးကို ကြည့်ပြီး သက်မာ ငိုချင်သွားသည်..။
မှားများ သွားပြီလားဆိုတဲ့ နောင်တ နဲ့ပေါ့ ကိုကိုရယ်...တကယ်တော့ အဲ တုန်းကမှန်နေခဲ့တာ အခုမှ သိတော့သည်..။
“သက်မာ နေမကောင်းဘူးဆို...”
“ဟုတ်..”
ကိုကို က ဒီရက်ပိုင်းလာမခေါ် နိုင်ဘူး ပြောလိုက်သောကြောင့် သက်မာ ရင်ထဲက နှလုံးသားတွေ ကွဲကြေသလို ခံစားရသည်..။
သေချာတာ..သက်မာ ကိုကို့ ကို ချစ်မိသွားပြီ..။
ကိုကို မရှိပဲ မနေနိုင်ဘူး..ကိုကို့ ကို မတွေ့ရင် သက်မာ မခံစားနိုင်ဘူး..ညပိုင်းတွေ ငိုချည်းနေပြီး အိပ်ရေးပျက်တဲ့ ဒဏ်ကြောင့် နှစ်ရက် အတွင်း အပြင်းဖျားခါ ကိုကို လည်း အဆောင်ကို ရောက်လာရသည်..။
“ဆေးသောက်ရဲ့လား..”
“ဟုတ်...”
“ဟင်း...ဘယ်လိုဖြစ်တာလည်း...သက်မာ က နေမကောင်းတော်ရုံ မဖြစ်ပါဘူးကွာ..”
ကိုကို မသိဘူးလား ကိုကို မခံစားရဘူးလား..သက်မာ ကို လွမ်းမနေခဲ့ဘူးလား..
သက်မာ စိတ်ထဲ အပြစ်တင်ရင်း မျက်လုံးထဲ မျက်ရည်တွေ ပြည့်အိုင်လာရသည်..။
ကိုကို မချစ်ရင် ဘာလို့ ဂရုစိုက်နေသေးလည်း..သေပါစေ ပစ်ထားလိုက်ပါတော့လား...။
“ဟင်...ငိုနေတာလား..”
“အဟင့်..အိမ်ကို လွမ်းလို့ပါ...”
“..အဖျား မရှိရင် ကိုယ် နဲ့ အပြင် ခဏ လိုက်ခဲ့ပါလား..”
“ဟုတ်ကဲ့...”
သက်မာ ငြင်းခဲ့သင့်တာ ကိုကို့ ကို စိတ်ထဲက ထုတ်ပစ်သင့်တာ ကိုကို့ နောက်ကို မလိုက်ဖြစ်အောင် မူးလဲတာတို့ သတိလစ်တာတို့ ဖြစ်သွားသင့်တာ....။
ကိုကို က ကားကိုပဲ အာရုံ စိုက်မောင်းပြီး ကန်ထဲ ကို ခေါ်လာခဲ့သည်..။
ကားရပ်ပြီး ရှေ့ရေပြင် ကို ငေးရင်း စကားလုံးတွေ မဲ့လို့ နှစ်ယောက်သား တိတ်ဆိတ်နေကြသည်..။
“သက်မာ..”
“ရှင်...”
“ကိုယ့် ကို မလွမ်း ဘူးလား ကွယ်...”
“ရှင်..”
“မလွမ်းဘူးလားလို့...”
ကိုကို့ ရဲ့ ထို အမေးစကားကို သက်မာ  မိန်းကလေး အိနြေ္ဒသိက္ခာ မတွက်ပဲ ခေါင်းညိတ် ၀န်ခံ လိုက်မိသည်...။
“ချစ်တယ်...အသက်ရယ်...”
ကိုကို က ရုတ်တရက် ထို တစ်လုံးသာ ပြောပြီး ဆွဲဖက်လိုက်တော့ ကိုကို့ကျောကို တင်းနေအောင် ပြန်ဖက်ထားပြီး သက်မာ မျက်ရည်ကျမိသည်..။
“ကိုယ့် ကို ခွင့်လွှတ်ပါကွယ်..ယုံကြည်အားကိုးနေလို့ အခွင့်အရေးယူတာမျိုး မဟုတ်ပါဘူး....”
သက်မာ ကိုယ်လေးကို ပြန်လွှတ်ပြီး တောင်းပန် စကားဆိုတော့ သက်မာ ခေါင်းရမ်း ငြင်းဆန်မိသည်..။
“တိတ်တော့နော်...ကိုယ်နောက်ဆို ဆင်ခြင်ပါမယ်...သက်မာ နဲ့ ဝေးရာမှာပဲ နေပါတော့မယ်..”
“ဟင့်အင်း...”
“ဟင်...”
“ရှင် ဘယ်လို လူလည်း မိန်းကလေး တစ်ယောက်ကို ချစ်တယ်ပြောပြီး အဝေးမှာ နေဖို့ ကြိုးစားနေတာလား..ရှင် ယောင်္ကျား မဟုတ်ဘူးလား..”
သက်မာ ဒေါသစိတ်မပါပေမဲ့ ၀မ်းနည်းစိတ် ကြောင့် ကိုကို့ ရင်ဘတ်ကို လက်သီးဆုပ်လေးနဲ့ ထုနေလိုက်သည်..။
ကိုကို က သက်မာ လက်ကို ဖမ်းဆုပ်ကိုင်ပြီး ဖွဖွ လေး နမ်းသည်..။
ပြီးနောက် နဖူးလေးကို နမ်းပြန်သည်..။
သက်မာ ရင်ထဲ ကြည်နူးမှုနဲ့ အတူ ပထမဆုံး အထိအတွေ့ကြောင့် ရင်ခုန်နှုန်း မြန်ခါ လက်များပင် တုန်ချင်လာသည်..။
ကိုကို့ရဲ့ နူးညံတဲ့ နှုတ်ခမ်းပါးမှာ ထိုမျှ ချိုမြိန်မှုတွေ ပေးနိုင်လိမ့်မယ်လို့ သက်မာ မထင်ထားခဲ့ပါ...။
ကိုကို့ အနမ်းတွေမှာ အတန်ကြာ ယစ်မူးပျော်၀င်ခဲ့ပြီး မရပ်တန့်ချင်တော့လောက်အောင်ပင်...။
သက်မာရဲ့ ပထမဆုံး အနမ်းကို ထိုနေ့မှာ ကိုကို အပိုင်သိမ်းသွားသည် မလား...။
“သက်ရေ...နောက်ကျသွားတယ်ကွယ်..လာ တက်..”
“ကိုကို က ဘယ်တွေ သဝေထိုးနေတာလည်း..”
သက်မာ ကားထဲရောက်တာနဲ့ ကားတံခါးကို ဆောင့်ပိတ်ရင်း ပိုက်ဆံအိတ်ကို ပေါင်ပေါ် တင်ခါ ရန်တွေ့လိုက်သည်..။
“မဟုတ်ပါဘူး...ဒီမှာ...”
“ဟယ်..ဘာလေးလည်း..”
သက်မာ လက်ထဲ ရောက်လာတဲ့ ဘူးလေးကို ဖွင့်ကြည့်တော့ ရွှေဆွဲကြိုး မျှင်မျှင်လေးဆိုပေမဲ့ ၀မ်းသာလွန်းလို့ မျက်ရည်ပင် ကျမိသည်...။
“အို..ကိုကို ရယ်..”
သက်မာ ရှေ့က ကိုကို လည်ပင်းကို သိုင်းဖက်လိုက်ပြီး ပါးလေးကို ဖွဖွ နမ်းမိသည်..။
“ဟက်ပီးဘက်ဒေး..အသက်လေး..”
“အိုး..ကိုကို သိနေတယ်..”
“သိတာပေါ့...ဘယ်သူ့ အသက်လေးလည်း ကွယ်..”
သက်မာ မေးဖျားလေးကို လက်ညိုးကွေးလေးနဲ့ မော့ယူပြီး သွားကြားစေ့ လေသံနဲ့ ပြောတော့ ကြည်နူးရပြန်သည်..။
“ကိုကို ရေ...ဒီ အကျီ င်္လေး လှတယ်နော်...”
“အင်း...ယူလေ..သက်....ဘာအရောင်တွေ ရှိသေးလည်း ညီမ..”
“လိမ္မော်ရောင်ပဲ ကျန်တယ် အကို...”
“အိုး မဖြစ်ဘူး..”
“ဘာလို့လည်း ကိုကို..”
“သက် က လိမ္မော်ရောင် မကြိုက်ဘူးမလား..”
“အိုး တစ်ခါတည်း ပြောမိတာ မှတ်မိနေတယ်..အာ့ကြောင့် ချစ်တာလေ...”
ကိုကို လက်မောင်းကို ချိတ်ပြီး ကြည်နူးစွာ ပြုံးရင်း ပြောမိတော့ ကောင်တာ က ကောင်မလေးများလည်း ပြုံးနေသည်..။
“ကိုကို လာပါ သွားစားရအောင်..”
“မစားရဘူး...ဒီလောက်စပ်တာတွေ..သက် က အစပ်နဲ့ တည့်တာ မဟုတ်ဘူး.”
“ဟင်...ကိုကို ဘယ်လို သိလည်း..ဘာလည်း..ကြည်ပြာတို့ အေးသက်တို့ ပြောတာလား..”
“မဟုတ်ပါဘူးကွာ..ကိုကို က သက် ကို အမြဲ ဂရုစိုက်နေတော့ သိနေတာ..”
“မယုံပါဘူး..”
“ဟော...ဟိုနေ့က  ရခိုင်မုန့်တီသောက်တယ်...မာလာဟင်း အစပ်တွေ စားတာ ဗိုက်နာလို့ဆိုပြီး အလုပ်တောင် မသွားနိုင်ဘူးမလား..”
“အင်း..ဟုတ်တယ်...ကိုကို က ချစ်ဖို့ကောင်းလိုက်တာ..”
“အဟား..အလည်မလေးပဲ...”
ကိုကို့ ရဲ့ ဟန့်တားနေတဲ့ စကား ကို နားထောင်ပြီး သက်မာ ထိုနေ့က အသုပ်အစပ်မစားဖြစ်ပဲ..ကိုကို စားတဲ့ ကြက်ကြော်ပဲ စားလိုက်သည်..။
“အသက်လေးရယ်...ဆောရီးကွာ..ကိုကို ကားဘီးပေါက်သွားလို့ နောက်ကျသွားတယ်..”
“ကြည့်အုံးနာရီ...သက် တစ်ယောက်တည်း နာရီ၀က်လောက်ရပ်စောင့်နေရတာ ကိုကိုရဲ့...”
“ဟုတ်ပါတယ်...ဒီကောင်မှားတာ အဲ..ကားက မှားတာပါ အသက်ရယ်...စိတ်မဆိုးပါနဲ့..နော်....နော်လို့..”
“နာရီ၀က် နောက်ကျတဲ့ အတွက် ကိုကို မှာ  အပြစ်ရှိလား..”
“ဟုတ်..”
“အပြစ်ကို သိရင် ဘာလုပ်ရမလည်း သိတယ်နော်..”
“သိပါတယ်...မုန့်ဆိုင်ကို မောင်းရပါမယ်..”
“ဟိ...ဟုတ်တယ်..”
ထိုနေ့က စျေးကြီးဆိုင်မှာ သက်မာ စားချင်တာတွေ စားပြီး ကိုကို ကတော့ ပိုက်ဆံတွေ နင့်နေအောင် ရှင်းရခါ နာရီ၀က် နောက်ကျတဲ့ အပြစ်ကို ခံယူ လိုက်သည်..။
“ကိုကို လေ မနက်ဖြန် ခရီးထွက်ရမယ်..”
“ဟုတ်လား.သက်တော့  ဒုက္ခပဲ..ရပါတယ် တက္ကစီ နဲ့ သွားလိုက်မယ်..”
“ကိုကို စိတ်မချဘူး..သက်တို့ အလုပ်က ပြန်ရင် မိုးအရမ်းချူပ်တယ်...ကိုကို အသိ တစ်ယောက်ကို လာကြိုဖို့ပြောထားတယ်..ဒါ သူ့ ကား နံပါတ် ...အရင် ကြည့်ပြီးမှာ ကားပေါ်တက်နော်..”
“ဟုတ်ကဲ့ပါ..ကိုကို က အရမ်းသိတက်တာပဲ..အစစ လိုက်စဥ်းစား ပေးနေတာ မပင်ပန်းဘူးလား ကိုကိုရဲ့..”
“အသက်အတွက်ပဲ မပင်ပန်းပါဘူးကွာ..”
သက်မာ အတ္တမကြီးတက်တဲ့ ကိုကို့ ကြောင့် စိတ်ထဲ ဂုဏ်ယူ ၀င့်ကြွားမိရင်း အနမ်း ဖွဖွလေး ပေးလိုက်သည်..။
“အင့်..”
“ဘာလည်း..ကိုကို”
“နှုတ်ခမ်းနီလေ...သက်ပြောတဲ့ နံပါတ်မရလို့  စူပါ၀မ်း အထိ သွား၀ယ်ခဲ့ရတယ်..”
“ဟောတော့...ဘယ်လိုသိ..”
“မနက်က ပြောတာ ဘယ်သူလည်း..”
မနက်က ကိုကို ကားမောင်းနေတုန်း သက်မာ မှန်ကြည့်ရင်း နှုတ်ခမ်းနီ မရှိတော့လို့...
“ကျစ် နှုတ်ခမ်းနီကလည်း ကုန်ပြီ...Nowhow နံပါတ်  က ရှားရတဲ့ ကြားထဲ ခြေတိုအောင် လိုက်ရှာ ရအုံးမယ်..”
သက်မာ ကိုယ့်ဟာကိုယ် ညီးတွားမိပေမဲ့ ကိုကို က နားအာရုံ နဲ့ မှတ်ထားပြီး ရအောင်၀ယ်ခဲ့တာ သက်မာနဲ့ ပတ်သက်ရင် အသေးအမွှားက အစ ဂရုစိုက်ပေးတက်သည်...။
“ပြစမ်း ဘာဖြစ်တာလည်း..”
ကိုကို့ရဲ့ တင်းမာလွန်းတဲ့ မျက်နှာထားကြောင့် သက်မာ လက်ကို နောက်ဖွတ်ထားလိုက်သည်..။
ကိုကို က မရမက အတင်းဆွဲပြီး မျက်မှောင်ကြုတ်ရင်း ကြည့်သည်..။
“မနေ့က အသုပ်လုပ်စားဖို့ ကြက်သွန်လှီးရင်း ထိတာပါ သေးသေးလေးပါ ကိုကိုရယ်..”
“သက် အရမ်းပေါ့တာပဲ..”
“အမလေး ပိုတယ်နော်...သက်မာတို့ ရွာမှာဆို လယ်တောင် လုပ်နိုင်တယ်..ဓားရှတာလေးကို စာမဖွဲ့ဘူး..”
‘ကိုကို ကတော့ ဖွဲ့တယ်..သက်ရဲ့ အသားဖြူဖြူ နုနုလေးကို ချစ်တယ်..သက်အသားနာတာ ကိုကို့ နှလုံးနာတယ် သိရဲ့လား..”
“အဟိ..အလိုတွေ ညာစားနေတာပါနော်..”
“သူပဲ အတင်းထိုးကျွေးပြီး...”
“ဟွန့်..အလို ဖြစ်သွားလား..တော်ပြီ...”
“စတာပါ ကွာ..ကိုကိုရဲ့ အသက်ထက် အသက်ကို တန်ဖိုးထားပါတယ်..”
ကိုကို က သက်မာနဲ့ ပတ်သက်တိုင်း ဆက်ဆက်ထိမခံ ဖြစ်ခဲ့ဘူးသည်..။
သက်မာ အတိတ်ကြောင်းတွေ တွေးရင်း သက်ပြင်းချခါ အဆောင်ထဲ ၀င်လာခဲ့လိုက်သည်..။
“ပြန်လာပြီလား...”
“အင်း..”
“ဘာထူးလည်း..”
“သူ ရုံးမလာဘူး..”
“ဟူး...နင်ဆေးသောက်တယ်မလား...ဘာမှတော့ မဖြစ်လောက်ပါဘူး..သေချာအောင်စစ်ကြည့်လိုက်အုံး”
ကြည်ပြာ့ အပြောကို အပျို တစ်ယောက်ဆိုရင်တော့ ရှက်လွန်းလို့ ငိုမိမလား...သက်မာကတော့ ခေါင်း အသာညိတ်ပြီး အခန်းထဲ ၀င်ခဲ့လိုက်သည်..။
အဆောင်က မိန်းကလေးတွေက မပြောပြပဲ တစ်ယောက်သိ အကုန်သိ ဖြစ်နေတာ
ကိုကို နဲ့ သက်မာ အကြောင်း ဘယ်လို ဖုံးကွယ်ထားလို့ရမလည်း..။
ဖုံးကွယ်မရမဲ့ အတူတူ ပထမဆုံး အကြိမ် အဖြစ် ကြောက်လွန်းလို့ မှားသလို ခံစားရလို့ ကြည်ပြာ ကို ရင်ဖွင့်မိသည်..။
ကြည်ပြာကတော့ မှားတဲ့ အကြောင်း နောက် အတူ မနေဖို့ အကြောင်းတွေ ပြောပြီး ဆိုင်မှာ ဆေး၀ယ်သောက်ခိုင်းခဲ့သည်..။
ကိုကို့ ကို ချစ်လွန်းလို့ သက်မာ အသွေးအသား ဘ၀ ကိုပါ ပေးအပ်ခဲ့ပါသည်..။
ကိုကို လိမ်တယ်...ညာတယ်...။
“ကိုကို့ သူငယ်ချင်းလည်း မရှိဘူးနော်..”
“အင်း ဒီကောင်ရှောင်နေတာ..”
“ဟင်...ဧည့်သည်လာမှာ ရှောင်နေတယ်..”
“ကိုကို နဲ့ သက် တို့ လွတ်လွတ်လပ်လပ် အတူတူ နေရအောင်လေ..”
“အိုး..ကိုကိုကလည်း..မလုပ်ပါနဲ့ သက်ကြောက်တယ်...”
“သက်က ကိုကို့ ကို မချစ်ဘူးလား ဟင်..”
“ချစ်ပါတယ်..ကိုကိုရယ်..ဒါပေမဲ့...”
“အင်း..ကိုကို လူယုတ်မာ စိတ်ဖြစ်သွားတယ်..ကိုကို့ကို ခွင့်လွှတ်ပါ...”
ကိုကို က အကျီ င်္ ကြယ်သီးတွေ ပြန်တပ်နေတော့ သက်မာ စိတ်ထဲ ဇဝေဇ၀ါ ဖြစ်လာရသည်..။
ကိုကို များ စိတ်ဆိုးသွားမလား...အဆောင်က ကောင်မလေးတွေလည်း တူတူ နေကြတာပဲလေ...
သက်မာ မသိတက်သလို ဖြစ်သွားမလား..ကိုကို..မချစ်တော့ရင်..။
မရေမရာ အတွေးပေါင်းမြောက်မြားစွာနဲ့ သက်မာ ကိုယ်တိုင် ကိုကို လက်တွေကို ဟန့်တားလို့ ကြယ်သီးအဖြူထည်လေးတွေကို  ပြန်ဖြုတ်ပေးခဲ့သည်..။
“နင် မှားတာပေါ့ သက်မာရယ်..သူ့နဲ့ ချစ်သူ ဖြစ်နေပေမဲ့ ဘယ်ကမှန်းတောင် သိရဲ့လား..”
“ကိုကိုက တကယ်ချစ်တာပါ “
“အေး..သူ့တို့ချစ်တယ်လို့ သတ်မှတ်တာ ဒီတစ်ခုပဲ ရှိတယ်...အဲဒါကြောင့် အချစ်ကို အဓိပ္ပာယ် ဖွင့်ဆိုတာ မိန်းမနဲ့ ယောင်္ကျား မတူဘူး..”
“အဲလိုတော့..”
“နင်ကလေ နည်းနည်းမှ မစဉ်းစားဘူး..ကိုယ်၀န်ရလာရင် နင် ဘယ်လို လုပ်မလည်း..”
“ဘုရား...ငါ..ငါ အဲဒါ မတွေးမိ..”
“ကျစ်..စိတ်ဆင်းရဲတယ်..တကယ်...ဆေးခန်းသွားပြီး ဆေး၀ယ်သောက်အုံး...လင်ကောင်မပေါ်ပဲ မွေးနေရမယ် သက်မာရဲ့..နင်ကလည်း...မိန်းကလေးဖြစ်ပြီး အဝေးကြီး မစဉ်းစားဘူး..နင့်လို မအူမလည်လေးတွေက ပိုပြီး သားကောင်ဖြစ်နေတယ်...နင့် ဘဲကြီး ပေါ်လာရင်တော့ ၀မ်းသာရမှာပဲနော်...အခုတောင် မလာတာ သုံးရက် ရှိပြီမလား..”
“ကိုကို က ခရီးသွားနေတာပါ...”
“သက်မာ...သက်မာ...လူတွေ အကြောင်းမသိပါလားနော်...စိတ်ဆင်းရဲတယ်..တကယ်...”
ကြည်ပြာ့ ရဲ့ အပြောအဆို ခံရပြီး နောက်တော့ ကိုကို ထားသွားမှာ ပိုစိုးရိမ်လာသည်..။
အရင်လို မရစ်ရဲတော့ပဲ..အလိုက်အထိုက်ကလေး သာ ဆက်ဆံရသည်..။
“ကိုကို နောက်ကျတယ်နော်..”
“အင်း..အလုပ်များနေလို့ သက်ရယ်..လကုန်ရက်နီးတော့ စာရင်းတွေ ပိတ်ရတယ်လေ...တက်...”
သက် တံခါးဖွင့်ပြီး တက်လိုက်တော့ ကိုကို က သက်မာ လက်ကို ဆုပ်ကိုင်ပြီး
“ဘာဖြစ်လို့လည်း..အသက် နေမကောင်းဘူးလား.”
“ကောင်းပါတယ်...”
“ဘာလည်း..ကိုကို လာခေါ်တာ နောက်ကျလို့လား..”
“မဟုတ်ပါဘူး..ဒီတိုင်းပါ..”
“ကိုကို့ အသက်ကလေး ကို ဒီနေ့ နောက်ကျတဲ့ အတွက် မုန့်၀ယ်ကျွေးမယ်ဗျာ..”
ကိုကို့ရဲ့ အရယ်အပြုံးတွေထက် သက်မာမှာ...ဘ၀နဲ့ လဲပြီး ရတဲ့ အကြင်နာတွေကို စိတ်ထဲ မုန်းတီးရမလား လက်ခံရမလား အမြဲ ဝေခွဲရခက် ရင်း ကြောက်လန့်နေရသည်..။
နှစ်လကြာ ပြီးနောက် ဓမ္မတာပေါ်တော့မှ စိတ်ထဲ ကြောက်လန့်နေတာကြီး ပျောက်သွားခါ အရင် သက်မာ ဘ၀ ပြန်ရလိုက်သလိုပင်...။
“မသွားချင်ဘူး ကိုကိုရယ်...”
“ဘာဖြစ်လို့လည်း အသက်ရယ်..”
“ပထမဆုံး အကြိမ် အတွေ့ကို မလွန်ဆန်နိုင်လို့ ပြီးတော့ ကိုကို့ ကို ချစ်လို့ သက် ဘ၀ကို ပုံအပ်ခဲ့တာပါ....”
“အခုတော့ မချစ်တော့ဘူး ဆိုပါတော့..”
“မဟုတ်ပါဘူး..တစ်တက် စားလည်း ကြက်သွန် နှစ်တက် စားလည်း ကြက်သွန်ဆိုပြီး သက့် ဘ၀ကို တန်ဖိုး မထားသလိုတော့ မလုပ်ပါနဲ့ ကိုကိုရယ်...ပြီးခဲ့တဲ့ လအထိ သက် ဘယ်လောက်ကြောက်ခဲ့ရလည်း ကိုကို မသိဘူးမလား..”
“ဘာကို ကြောက်တာလည်း သက်ရဲ့..”
“လူဦးရေ တိုးလာမှာ စိုးလို့..”
“ဟား...ဟား...သက်ရယ်...”
မျက်စောင်းခဲရင်း ပြောလိုက်တဲ့ သက့် စကားကြောင့် ကိုကို က ရယ်ရင်း သက် ကိုယ် လေးကို ဆွဲပြီး ရင်ခွင်ထဲ ထည့်ထားလိုက်သည်..။
“သွားတော့မလား..သက်မာ..”
“အေး..”
“အပြတ်ရှင်းခဲ့နော်...ပါးရိုက်ဖို့ လိုအပ်ရင်ငါ့ကို ခေါ်လိုက်..”
ခေါင်းညိတ်ရုံလေးသာ တုန့်ပြန်ခဲ့ပြီး လမ်းပေါ် ထွက်လာခဲ့ရသည်..။
သက်မာ တစ်ညလုံး အိပ်မပျော် ဖြစ်ခဲ့ရတာ ကိုကို က ၀န်ခံလိုက်ရင်တောင် သက်မာက ကိုကို့ ကို စွန့်လွှတ်နိုင်ပါ့မလား မသေချာသေး...။
ဒေါသတွေ ၀မ်းနည်းစိတ်တွေ ပျောက်ပြီး ဒီယောင်္ကျားက သက်မာအတွက် အလိုအပ်ဆုံး အချစ်ဆုံး ဆိုတဲ့ စိတ်တွေ ပြန်၀င်လာပြန်ပြီ..။
ရေကန်စပ်မှာ ထိုင်နေတဲ့ ကိုကို့ နောက်ကျောကို ကြည့်ပြီး မုန်းချင်ပေမဲ့ မုန်းမရတော့ ငိုချင်လာသည်..။
“ကိုကို...”
တကယ်ဆို ပြတ်ပြတ်သားသားနဲ့ အပြစ်လုပ်ထားသူ တစ်ယောက်ကို ရင့်ရင့်သီးသီး ခေါ်လိုက်သင့်တာ...။
သက့် ရဲ့ စကားသံတွေက နုးညံ တိမ်၀င်နေသည်..။
“ကိုကို စောင့်နေတာ ကြာသွားလား..”
“မကြာပါဘူး..သက်...”
“ကိုကို ပြောစရာ ရှိလား..”
“အင်း...ရုံးက လူတွေ ပြောလိုက်တယ်မလား...ကိုကို တမင် လိမ်ထားခဲ့တာ မဟုတ်ပါဘူး..ကိုကို သက်ကို တကယ်ချစ်တယ်..မစွန့်လွှတ်နိုင်ဘူး..ကိုကို အတ္တကြီး တယ် ထင်ချင်ထင်ပါ...ကိုကို့ လို တစ်ခုလပ်ကလေးအဖေက သက်ကို လက်ထပ်ဖို့ အထိ ရည်မှန်းထားတာပါ..”
“ဒါဆို ကိုကို က ကွာရှင်းပြီးသားလား..”
“ဟင့်အင်း......သူ့ကို ကွာပြီး သက်ကို လက်ထပ်ပါ့မယ်...”
“ကလေးတွေလည်း ရှိနေတယ်..”
“ငယ်သေးတော့ သူတို့ အမေနဲ့ လိုက်သွားမှာပါ...”
“ကိုကို က ပျော်စရာ မိသားစု ရှိရဲ့ နဲ့ သက် ကို ဘာလို့ စွဲလမ်းအောင် လုပ်ခဲ့လည်း..သက်ကို ချစ်တယ်လို့ ပြောလည်း...သက် ကို အိမ်မက်တွေပေးပြီး ဘ၀ကို သိမ်းပိုက်ခဲ့တာ...အဟင့်...ဟီး..”
သက်မာ တင်းထားသမျှ လက်နှစ်ဖက် မျက်နှာ အုပ်ပြီး ငိုကြွေးမိတော့သည်..။
စိတ်ထဲ တင်းလာတာ သူ့ကို ပါးရိုက်ပြီး လက်သီးဆုပ် အိမ်ပြန်ဖို့ပါ..။
ဒါပေမဲ့ နှလုံးသားထဲက ကိုကို ထွက်သွားရင် သက် သေဆုံး ရပါလိမ့်မယ်...။
ကိုကို့ ကို သက် စွဲလမ်းရူးသွတ်အောင် ချစ်မိနေပြီ...။
“ကိုကို့ ကြောင့် မငိုပါနဲ့ သက်ရယ်...ကိုကို့ကြောင့်..”
ဘေးက ထိုင်ခုံကို လက်သီးနဲ့ ထိုးတော့ သက်ကပျာကယာ ဆွဲလိုက်တာ ကိုကို လည်း ငိုနေတာပဲ...။
“ကိုကို ...သက် ကို တကယ်ချစ်လားဟင်..”
“ဘယ်လိုမေးလိုက်တာလည်း သက်ရယ်...ကိုကို့ရဲ့ အသက်တမျှပါ..”
“ဒါဆို သက် ကို လက်ထပ်မှာလား ဟင်..”
“လက်ထပ်မှာပေါ့...ကိုကို အားလုံး စီစဉ်ပြီးသားပါ ကိုကို့လို အိမ်ထောင်ပျက်ကို သက်လို အပျိုက လက်ခံနိုင်မလားဟင်...”
“သက်လည်း အပျိုစင်မှ မဟုတ်တော့တာ ကိုကိုရယ်...သက်လည်း ကိုကို့ ကို မခွဲနိုင်ဘူး..ကိုကို့ အမျိုးသမီးကို ကိုကို တကယ် ပြတ်ရဲ့လားဟင်..”
“ဟာ..ပြတ်တာပေါ့ ပြတ်တာကြာလှပြီ..ကိုကို့ ထက်လည်း အသက်ကြီး အရာရာ နိုင်စားနေတာ သက်နဲ့ မတွေ့လည်း သူ နဲ့ ဆက်မပေါင်းနိုင်လို့ ကွဲမှာပါပဲ...”
“အဲလောက်တောင်ပဲလား...”
“သက် မသိလို့ပါ...”
“သက် သိချင်တယ်...”
“ဟင်...”
သက်မာ စကားကြောင့် ကိုကို မျက်လုံး ပြူးရင်း အံသြသလို ကြည့်နေသည်..။
“ဒီလိုပါ ယောင်္ကျားတွေက အခက်အခဲ ဖြစ်လာတိုင်း အချစ်ဦးကို တမ်းတ တက်တယ်တဲ့လေ...ကိုကို တမ်းတ စရာမလိုအောင် သူ ဘယ်လိုတွေ ပြုစုလည်း သိချင်တယ်...ပညာလည်း သင်ချင်တာပေါ့ကိုကိုရယ်...မယားငယ် ဘဝရောက်ရင်တောင် ဘက်စုံတော်နေချင်တယ်...သူ့ထက်မနိမ့်အောင် ကိုကို့ ကို ပြုစုပေးချင်တယ်...”
မယားပြိုင်ဆိုတဲ့ စကားအတိုင်း သူနဲ့ သက် အရာရာ ပြိုင်ရတော့မှာ...
ဘယ်မှာ ပြိုင်ပြိုင် အနိုင်အရှုံး ခေါင်းထဲ မထားပေမဲ့ ကိုကို နဲ့ ပတ်သက်ပြီး ပြိုင်ရမဲ့ ပွဲမှာတော့ သက်ပဲ အနိုင်ရချင်သည်..။
ကိုကို့ကို သက်ရဲ့ တရား၀င် လင်ယောင်္ကျား အဖြစ် အပိုင်ရချင်သည်..။
ကိုကိုက သက်ကို လိမ်ပြီး ဘ၀ကို ရယူခဲ့တာလား...။
သူ့မိန်းမကို ရွှေပေါ်မြတင်ထားပြီး သက် ကို မယားငယ်ဘွဲ့ပေးခဲ့တာ များလား ဆိုတဲ့ သံသယလည်း ကင်းချင်သည်..။
“ဒါပေမဲ့ သက်ရယ်..ဘယ်လိုမျိုး..”
“ကိုကို ခရီးသွားဖို့ ရှိတယ်မလား...”
“အင်း သုံးရက်ကြာမယ်..ပြန်လာရင် ကွာရှင်းဖို့ ကိစ္စ လုပ်ပါမယ်...”
“ဒီလိုလုပ်ပါ သက်ကို ကိုကို့ သူငယ်ချင်း ရဲ့ ညီမ အဖြစ် အိမ်မှာထားခဲ့ပါ ဒါဆို သူလည်း မရိပ်မိတော့ဘူးပေါ့လေ...”
“ဘာလို့ ဒီမိန်းမနဲ့ တွေ့ချင်တာလည်း အသက်ရယ်...”
“ပြောပြီးပြီလေ..နောက်ဆို ကိုကို မတမ်းတအောင်ပါဆို...”
“သူ့ကို တမ်းတရလောက်အောင် သက် နဲ့ယှဉ်လို့မရတဲ့ အခြေအနေပါ သက်ရယ်...ပွဲ မတင့်သလို အိမ်မှာလည်း အောကြောလန်..ကိုကို စိတ်ကုန်နေတာ ကြာလှပြီ...”
“သက် ကိုတော့ တကယ် ချစ်တာမလား..”
“အိုး..”
ကိုကို ရဲ့ စိတ်ပျက်သွားတဲ့ အမူအယာကြောင့် သစ်ဒေါသတွေ အရည်ပျော်သွားပြီး နှုတ်ခမ်းပါးလေးကို တစ်ရှိုက် နမ်းလိုက်ရသည်..။
ဟုတ်ပါတယ်..လူတွေ ကဲ့ရဲ့ပါစေ..ကိုကိုနဲ့ မနက်ခင်းတိုင်း နိုးထချင်တယ်...ကိုကို့ရင်ခွင်ကို တမ်းတရင်း အိပ်ရာ၀င်ရတာထက် ..မယားငယ်ဘွဲ့ယူပြီး ကိုကိုရင်ခွင်ထဲ ညစဉ်ညတိုင်း မှေးစက်ပါရစေ..ကိုကိုရယ်...။
ကိုကို က သက့်ရဲ့ ဘ၀ပါ...
“အ၀တ်တွေပါ ယူလာတယ်.”
“အင်းလေ...သုံးရက်နေမှာမို့လို့...”
“ဖြစ်ပါ့မလား သက်...သူက နည်းနည်း ရိုင်းတယ်နော်..”
“ရပါတယ်..ကိုကိုရဲ့...သူ သိတာမှ မဟုတ်တာ...ဒါပေမဲ့ သက် အကုန်ကြည့်ထားမှာနော်...သက်တို့ လက်ထပ်ပြီးရင် လက်ရှိအိမ်မှာ နေချင်မှနေမှာသိရဲ့လား ရောင်းပစ်မယ်..”
“ဟောဗျာ...ဘာလို့..”
“သူနဲ့ ကိုကို့ရဲ့ အတိတ်တွေကို သတိရနေမှာစိုးလို့ပေါ့..”
“ဟား..ဟား..သက်လေးက ကိုယ့်ရဲ့ အတိတ် အနာဂတ်ပါပဲ...”
“အဟွင်း...ဟုတ်ပါပြီ...”
ကားမောင်းရင်း လက်တစ်ဖက်က ပခုံးကို ဖက်ထားတော့ သစ်ကြည်နူးစွာ လက်မောင်းလေးကို မှေးလိုက်သည်...။
ကိုကို သာ သက့် ဘက်မှာ ရှိရင် ဘာကိုမှ မကြောက်ပါဘူး...။
ကိုကို နဲ့ သက် ဘ၀ကို တူတူ ဖြတ်သန်းကြမယ်...မိသားစုလေး တစ်ခု တည်ဆောက်ကြမယ်...
ကိုကို့ ကို ချစ်လို့ ဘယ်သူ ခွဲခွဲ လုံး၀ မရအောင် သက် ဘက်က သေချာနေအောင် လုပ်ရမယ်...။
သက် မှာ မမြင်ရခင်ကတည်း ကိုကို မိန်းမ ဆိုသူကို မနာလို ၀န်တိုပြီး အမုန်းပွားမိသည်...။
ဒီ မိန်းမကြီးသာ မရှိခဲ့ရင် သက်နဲ့ ကိုကို ပျော်ရမှာ ..မယားငယ်ဘွဲ့လည်း ခံရမှာ မဟုတ်ဘူး...။
လောကကြီးက ကိုကို့ လို လူကို ဘာလို့များ သက်နဲ့ နောက်ကျပြီး ပေးတွေ့တာလည်း..။
“လေးလွှာမှာ ..သက် တက်နိုင်ရဲ့လား..”
“အင်း..ရပါတယ်..ကိုကို...အဲ ကိုမင်းခ..”
“ရတယ်..ကိုကို က နေ့ခင်းကားနဲ့ သွားတော့မှာလေ...သက် တစ်ခုခု ဖြစ်ရင် ဖုန်းဆက်နော်..သူ က စိတ်သိပ်မှန်တာ မဟုတ်ဘူး..ဂရုစိုက်နော်..”
“အင်းပါ..”
စိုးရိမ်နေတဲ့ မျက်၀န်းတွေကို တွေ့တော့ ကိုကို က သက် ဖက်က လုံးလုံး ဆိုတာ သေချာသွားပြီး အားတွေ ပြည့်လာသည်..။

▓▓▓▓▓▓▓▓▓▓▓▓

ရင်ခွင်လမင်း တဲ့ ခေါင်းစဉ်က စလွဲတာပေါ့လေ..ပြောင်းပြန်ဖြစ်နေသလိုလို
ကိုယ်တွေကလည်း လွဲတဲ့နေရာမှာ ဒေါ်သစ်ရွက်အတိုင်းပဲ ဟိ😜
ရင်ခွင်လမင်း စပိုက်ကာလင်း ကာရံတော့ လိုက်သား 😁

စရေးတုန်းက ဝတ္ထု တိုပြိုင်ပွဲဝင်မလို့ပါ 😅
ရေးနေရင်း ဘယ်လိုတွေလက်လိုက်ပြီး အပိုင်းရှည်ကြီးဖြစ်သွားလည်း မသိဘူး..😂
ပြိုင်ပွဲ ကလည်း မပြိုင်ရဲလို့ မပါတော့ဘူး..
ဖျက်မပစ်ရက်လို့ ထုံးစံအတိုင်းပေါ့လေ 😁
အဲတော့ စိတ်ညစ်စရာ ဒီဝတ္ထုကြီးကို ဖတ်ပေးတဲ့
စာဖတ်သူအားလုံးကို ၃ နဲ့မြှောက်ပြီး ထပ်ဆင့်ကျေးဇူးတင်ပါတယ်နော်..။

အရေးအသားမကောင်း စာလုံးပေါင်း မမှန်လည်း သည်းခံခွင့်လွှတ် ဖတ်ပေးခဲ့ကြလို့ ကျေးဇူးအထူးပါ

Love u all ❤
#စပိုက်ကာ

ရင်ခွင်လမင်းWhere stories live. Discover now