Part 8

2.7K 149 6
                                    

ရင်ခွင်လမင်း

အပိုင်း (၈)

#ရင်ခွင်လမင်း

"ကျစ်...အနံ့တွေ ထွက်ကုန်ပြီ"

ဖော့ ဘူးကို ပြတင်းပေါက် အနားမှာ ချိတ်ပြီး အောက်ထပ်က သီးစုံရေကြော် ဆင်းယူရ ကောင်းမလား တွေးနေရုံရှိသေး...။

"မ..."

"မ.."

"ဟယ်..သားလေးက တော်လိုက်တာ..ခေါ်ကြည့်စမ်း..ဖေဖေ..."

"ဖေ....ဖေ.....ခေါ်ကြည့်ပါဆို.."

"နင် နဲ့ နင့် အဖေက ကမ္ဘာ့ရန်လား..ဒါကိုများ သူ့သားမဟုတ်ဘူးလေး ဘာလေးနဲ့..ဖအေတူသား..နားမပါတဲ့ နေရာမှာ တူတူပဲ..."

ဟမ်...ငါ့ကို နားမပါဘူး ပြောလိုက်တာ...ဒီဟာမ...။

လက်ထဲက ပိုက်ဆံအိတ်ကို ဘုတ်ကနဲ့ ဖြုတ်ချပြီး သူ့သားကို လှည်းထဲ ထည့်ခါ ပန်းကန်တွေ ဇွန်းတွေ ကောက်သိမ်းသည်..။

"ဘယ် အချိန်ကတည်းက ထသွားတာလည်း မသိဘူး.."

မင်းခ အကြောင်းတွေးနေတာ သိတော့ သူ့ ခေါင်းပေါ်ရောက်နေတဲ့ ကိုယ့် အနေအထားကြောင့် ရယ်မိသွားသည်..။

မဟုတ်သေးပါဘူး...ငါ က သူ့ ကို စောင့်ဖမ်းရမှာ....ဒီ မိန်းမ တကယ်ဖောက်ပြန်နေတာ ဖြစ်နိုင်တယ်လေ..။

"တင်တောင်..."

"အမလေး...အချိန်ကလည်း တိကျလိုက်တာ..."

"ဟင်.."

သူ့ အပြောစကားကြောင့် မင်းခ ထိုင်နေရာက အနေအထားပြင် ထလိုက်ခါ သူ့ ခြေလှမ်း အတိုင်း အပေါ်မှာ လိုက်လျှောက်နေပေမဲ့ ရင်ထဲမှာ တဒိတ်ဒိတ် နဲ့ နှလုံးခုန်နှုန်းတွေ မြန်နေရသည်..။

သမီးကို ကျောင်းပို့ ပြီး ပြန်လာရုံ ရှိသေးတာ..နောက်က လိုက်လာတာလား..။

သူ တကယ် ဖောက်ပြန်နေလည်း ဘာဖြစ်လည်း..မဆိုင်တော့ဘူးလေ..။

ငါက ဘာလို့ ဒေါသထွက်နေရမှာလည်း...။

ဟုတ်တယ် ငါ့ကို ဗီလိန်လုပ်ထားတာ လုံး၀ မကျေနပ်ဘူး...။

"ဟဲ..ဟဲ..အစ်မရေ.."

ဟင်..ကစ်ပါလား..ဘာလာလုပ်တာလည်း..မင်းခ ထင်တဲ့ အတိုင်း မဟုတ်တော့ စိတ်ထဲ သက်သာသွားသလို...

ရင်ခွင်လမင်းWhere stories live. Discover now