Part 2

3.3K 150 0
                                    

ရင်ခွင်လမင်း
အပိုင်း (၂)
#ရင်ခွင်လမင်း

"တင်တောင်..တင်တောင်..."
အိမ်ထဲ က ခြေသံ ပြင်းပြင်းကို ကြားနေရချိန် သက် ရင်တွေ ခုန်နေမိသည်...။
ဒီ မိန်းမ နဲ့ သက်ရဲ့ ကွာဟ ချက်ကို သိထားမှ ကိုကို့ကို အပိုင် သိမ်းထားနိုင်မယ် ဆိုတဲ့ အတွေးဆိုးတွေနဲ့ ဒီလို အကြံတွေ ထွက်လာခဲ့တာ...အခုတော့ ကြောက်နေပြန်ပြီ...
ဘယ်သူမှ မသိပေမဲ့ ကိုယ့်လိပ်ပြာက ကိုယ့်ကို လှန့်နေပြီ..။
လင်ခိုးမ...မဟုတ်ပါဘူး...သူနဲ့ ကိုကို က မဆိုင်တော့ဘူး..ကိုကို့ ကို ငါ ပိုင်သွားပြီ...။
"ဂျောက်..."
တံခါး ဂျက်ဖွင့်သံ နဲ့ အတူ ကလေး တစ်ယောက် ခါးထစ်ခွင် ထားတဲ့ အမျိုးသမီးက တကယ်ပင် သက်ထက် ၀ သလို ရှိခါ အသားညိုပြီး မျက်နှာမှာလည်း အဆီ တစ်၀င်း၀င်း...
"ကျော်မင်း ညီမလေး စာမေးပွဲ ရှိလို့ ဒီမှာ သံုံးရက်နေလိမ့်မယ်.."
"အေး.."
"ဘယ်မှာလည်း..အထုတ်..."
ကိုကို က မျက်နှာထား တင်းတင်းနဲ့ ငေါက်မေးလိုက်တော့ ကလေး ချီထားတဲ့ အမျိုးသမီးက အခန်းတစ်ခုထဲ ၀င်သွားပြီး အထုတ်တစ်ခုဆွဲထွက်လာသည်...။
"ဘယ်နှနာရီ ထွက်မှာလည်း.."
"၁၁ နာရီ.."
"ထမင်းကော.."
"လမ်းမှာ စားမယ်..."
"ကိုယ် မြိုဖ်ို့ကိုမေ့ မနေနဲ့အုံး...အိတ်ဘေးမှာ ပရုတ်ဆီ ပုလင်း.."
ကိုကို့  မိန်းမကြီး ပြောလိုက်တဲ့  အပြောဆိုးဆိုး စကားကြောင့် သက့် စိတ်ထဲ ကြောက်လန့်သွားရသည်..။
"ထိုင်လေ ညီမ.."
"ညီမ ကိုယ့်အိမ်လို သဘောထားနော်...ဧည့်သည်ကို ဂရုစိုက်.."
ကိုကို က သက်ဘက်ကို ပြုံးပြီး ပြောခါ ထိုအမျိုးသမီးကို မကြည့်ပဲ ခပ်ဆောင့်ဆောင့် မှာပြီး တံခါးပိတ် ထွက်သွားသည်..။
တကယ်ပင် အခန်းထဲမှာ မွန်းကြပ်လှောင်အိုက်လောက်အောင် ဧည့်ခန်းစားပွဲ ဝိုင်းက ကလေး ကစားစရာ နို့မှုန့်ဘူး လက်တွန်းလှည်းတွေ နဲ့ ပြည့်နေသည်..။
ကိုကို မပြောနဲ့ သက်တောင် ဒီအိမ်မှာ ရောက်တဲ့ မိနစ်ပိုင်း အတွင်း မွန်းကြပ်လာသည်..။
ကိုကို သစ္စာဖောက်တာမဟုတ်..ဒီမိန်းမ က မိန်းမ တာ၀န်မကျေတဲ့ မိန်းမပျင်းကြီးပဲ...ကိုကို နဲ့ သက် တူတူ နေရရင် ဘယ်တော့မှ အိမ်ကို ဒီလို ဖြစ်အောင် မထားဖို့ မှတ်ထားလိုက်သည်..။
"ညီမရေ..အားနာတယ်..ဧည့်သည်နေဖို့ ဟိုဘက်အခန်းက နည်းနည်းရှုပ်နေတယ်..နေ့ခင်း သား အိပ်ရင် ရှင်းပေးမယ်နော်.."
"ဟုတ်.."
စိတ်ထဲ မကျေနပ်ပေမဲ့ သူ့ အတိုင်း အလိုက်သင့် ပြန်ပြောလိုက်ရသည်.။
"ကိုကျော်မင်း တိ်ု့ ကော နေကောင်းလား.."
"ဟုတ်..ကောင်းပါတယ်.."
"အေးလေ...မတွေ့တာ ကြာလှပြီ...ကြာဆို ဟို မသာ က သူ တစ်ယောက်တည်းပဲ သွားလာနေတာကိုး...အစ်မကလည်း သားငယ်သေးတော့ မအားဘူးလေ...အဲလိုပါပဲ..ကိုယ့်အိမ်လို သဘောထားပါ ညီမ...ဘာစာမေးပွဲ ဖြေမှာလည်း...ညီမ.."
လင်ယောင်္ကျား ခရီးသွားတာကို နောက်ကနေ မသာလို့ မကျိန်ဆဲမိဖို့ မှတ်ရင်း...လင်လု စာမေးပွဲ ဖြေရမယ်လို့ တွေးမိသည်..။
"သင်တန်း က တိုဖယ် စာမေးပွဲပါ..."
"အဲဒါ ဘာလုပ်တဲ့ သင်တန်းလည်း ဟင်.."
"ဟို...အင်္ဂလိမ်ကျွမ်းကျင်.."
"အင့်..အင့်...ဗြဲ....."
"အို..အို....တိတ်ပါ သားရယ်...ဘာဖြစ်လို့လည်း...အိုး...ပုရွက်ဆိတ် ကိုက်တာကိုး..သောက် ပုရွက်ဆိတ် ငါ့သားကို ကိုက်ရလား...သေစမ်း.."
လက်ညိုးနဲ့ ဖျစ်ခြေပြီး ကျိန်ဆဲနေရင်း ၀သီပါနေတဲ့ ပါးစပ် ကို သက်တောင် စိတ်ပျက်ချင်လာပြီ...။
"မေမေ သတ်ပစ်လိုက်ပြီနော်..နာတော့ဘူး..ဖွ..ဖွ..."
ကလေးကို လူမိုက်စိတ်တွေ ရိုက်သွင်းပေးနေတာ ဒီကလေးတွေ သူ့လို အမေနဲ့သာ နေရင် ကြီးလာချိန် ထောင်နန်းစံ ရတော့မှာပဲ...။
သူတို့ ကလေး ကို အနစ်နာခံ ခေါ်မွေးထားပေးဖို့ စိတ်ကူး မရှိပေမဲ့ သက်နဲ့ ကိုကို ကလေးရလာရင်တော့ အခုလို ပေတလု ဖြစ်အောင် မထားဖို့ တွေးလိုက်သည်..။
"ညီမ ထမင်း စားပြီးပြီလား..."
"မစားသေးပါဘူး.."
"ဒါဆို စားလိုက်ပါလား...ကြက်သား နဲ့ ငါးမွှေလေး လုပ်ထားတယ်..."
"သြော်..ဟုတ်ကဲ့...ပြီးမှပဲ..."
"စားပွဲမှာ ခူးပြီးသားပါ...ဟိုကောင်ပြန်လာရင် စားဖို့လုပ်ထားတာ..မစားပဲ သွားပြန်ပြီ...ပြီးရင် သေနာ တစ်ခါ ထအုံးမယ်..."
သူ့ စကားကြောင့် သက် မျက်လုံး ပြူးသွားတာ သတိထားမိတော့ ရယ်ပြီး ကလေးကို ပခုံးတမ်းခါ ပြန်လျှောက်နေသည်..။
ကိုယ့်ယောင်္ကျားကို ကျိန်ဆဲနေလိုက်တာ...ဒီမိန်းမ ကိုကို့ ကို တကယ် တန်ဖိုး မထားတာပဲ...။
ကိုကို့ ကို ဘယ်လို ထမင်းကျွေးလည်း သိချင်တဲ့ စိတ်ကြောင့် သူ ညွန်ပြတဲ့ မီးဖို ခန်းကို ခေါင်းလှည့်ကြည့်ပြီး..
"ဟို..ရေ.."
"သြော်..သွားပါ ညီမ ရတယ်...သွား...ကျော်မင်း တောင် ဒီမှာ လာနေဖူးသေးတယ်..အမလေး ဧည့်သည်တွေလို လုပ်မနေပါနဲ့ ညီမရယ်..."
သက် ထပြီး မီးဖိုခန်း ကို သွားခါ ရေသောက်ရင်း ထမင်းစားပွဲ ဝိုင်းကို စပ်စုမျက်လုံးနဲ့ ဝေ့ကြည့်လိုက်သည်..။
ဇလုံ တစ်ခုထဲ ထမင်းထည့်ထားပြီး ကြွေ ပန်းကန် တစ်ချပ် ချထားခါ ဟင်း နှစ်မျိုးထဲ နဲ့ ထမင်းဝုိင်းမှာ အရည်သောက်မပါပဲ ပန်းကန် သုံးခုသာ ရှိသည်..။
အိမ်ဦးနတ်ကို ဖြစ်သလို ကျွေးထားတာ ဒါကိုများ ကိုကို ထမင်းမစားလို့ ကျိန်သေးတယ်...
သက် နဲ့ သာဆို ကိုကို့ ကို ဦးစားပေးချက်ကျွေးလိုက်မယ်..ထမင်းဝိုင်းမှာ ကိုကို ကြိုက်တဲ့ ဟင်းတွေ ချည်း ပြည့်နေစေရမယ်လို့ စိတ်ထဲက ကျိန်းဝါးလိုက်သည်..။
"ငါ့ ညီမလေး က ကိုယ်လုံး ကိုယ်ပေါက် တော်တော်လှတယ်နော်...ထဘီလေးနဲ့ ဆိုတော့ ပိုတင်းနေတာပဲ..ခါးလေးက သေးလိုက်တာ...အမလေး အစ်မ ခါး သုံးခု စာ ရှိလောက်တယ်...အားကျမိတယ် ညီမရယ်..."
"ဟုတ်...ခါးက ၂၄ ပါ တင် က ပိုပေါ်သွားတာ.."
ကြည့်မရသူ ပီပီ ကိုယ့် အလှကို ပိုလို့ ဖော်ကျူးပြတော့  အဆီတ၀င်း၀င်းနဲ့ အားပျက်သွားတဲ့ မျက်နှာ ပြောင်းသွားသည်..။
ကိုယ်လုံး အကြောင်းပြောနေတဲ့ ဒီ မိန်းမ အောက်ခံတောင် ၀တ်ရဲ့ လားတွေးနေတုန်း ရှိသေး ကလေး နို့တိုက်တော့မှ သက် မျက်လုံး ပြူးသွားသည်..။
ဒီလို ဖြစ်သလို နေပြီ့း မိန်းမ တစ်ယောက် အလှမရှိတဲ့ မိန်းမကို ကိုကို ထားခဲ့တာ မဆန်းပါဘူး..
သက်မာ သာဆိုရင် အမြဲတမ်း ယောင်္ကျား အတွက် ကိုယ့်ကိုယ် ကို ဂရုစိုက်နေမိမှာ အမှန်...။
"ညီမ အားမနာ နဲ့နော်...ထမင်းစားလိုက်ပါ...နောက်တောင်ကျနေပြီ..အစ်မ က သားလေး အိပ်မှ စားရလို့ပါ....ဧည့်သည်လို မနေပါနဲ့ ညီမရယ်.."
"ဟုတ်...ဒါဆို..."
"သွား...သွား..စားလိုက်.."
သူက ရိုးရိုးသားသား ပြောပေမဲ့ သက်မှာ ထမင်း ထည့် ဟင်း တစ်တုံး ထည့်ပြီး ငါးမွှေ တစ်တို့ စားတာတောင် အဆိပ်တွေလား ကျိန်ဆဲနေမလား တွေးရင်း လည်ပင်းနင်ရသည်..။
ဟင်းတွေကလည်း ဆီမပါ ငရုတ်သီး မပါ ကြက်သားဟင်းကလည်း ရေပြုတ် အတိုင်း...
အိမ်ထောင်မှု မနိုင်နင်းတဲ့ အပြင် အချက်အပြုတ်ကလည်း ညံ့လိုက်တာ...။
ဒါကြောင့် ကိုကို စိတ်ပျက်တာပေါ့...မိန်းမ ယူထားတာ ဘာမှ အသုံး မ၀င်ပဲ ကိုကို့ခမျာ ဘယ်လောက်ဒုက္ခခံခဲ့ရသလည်း...။
"သားရယ်...ဆောရီး ညီမ.."
သူ့ ကလေးကို ဗိုက်မှာ လက်တင်ပိုက်ပြီး ရေချိုးခန်းထဲ ကုန်းကုန်းလေး ခေါ်သွားတော့ သက်မှာ ဆက်စားချင်စိတ်ပင် မရှိတော့ပါ..။
"ဟူး...ဒင်းလေးက သူ့ အဖေ ပြန်လာချိန်ဆို ဒီလိုပဲ ညီမရေ...ဒါကြောင့် ဟိုသတ္တဝါက အိမ်ပြန်မကပ်တာ...သူ့သားပဲ...ဘာကိစ္စ ဒီလောက် ဖြစ်နေမှန်းကို မသိပါဘူး.."
ရေချိုးခန်းထဲက မမေးပဲ အော်ပြောနေတော့ သက် ကျောခိုင်းပြီး ထမင်းဆက်စားနေလိုက်သည်..။
သက် ထမင်းစားပြီး ကိုယ့် ပန်းကန် ကိုယ် ဆေးခဲ့ခါ အိမ်ရှေ့ခန်း ပြန်ရောက်လာတော့ ကလေးကို လှည်းထဲ ထည့်ပြီး ဘေးက ပစ္စည်း တွေကို ကောက်သိမ်းနေသည်..။
သိမ်းတာကလည်း သေသေသပ်သပ် မဟုတ်...အကျီ င်္ အိတ်ထဲ ကစားစရာတွေပါ ကောက်ထည့်လို့ နို့မှုန့်ဘူးကိုလည်း မီးဖိုခန်း မပို့ပဲ တီဗီအောက် က ဘုံးထဲ ထိုးထည့်သည်..။
စည်းကမ်းမရှိတဲ့ မိန်းမ ပါလားနော်...။
ပစ္စည်းတွေကို ဟိုပစ်ထည့် ဒီပစ်ထည့်လုပ်ပြီး ခေါင်းကို လည်း လက်တစ်ဖက်နဲ့ သပ်တင်ခါ ထဘီ ပြင်၀တ်ပြန်သည်..။
"တင်တောင်..."
တံခါးဘဲလ်သံကြားတော့ သက်ကို မေ့နေသလို အခန်းတစ်ခုလုံးကို ဘာရှာမှန်း မသိ မွှေပတ်ကြည့်ပြီး..သူ ကိုယ်တိုင် တံခါး သွားဖွင့်ပေးသည်..။
"အမေ..ပေး..ပေး...ကျွန်မ ကိုင်မယ်..လေးနေပြီ.."
"မင်းခ..ပြန်လာလား..."
ကိုကို့ လို အသားဖြူဖြူ အရပ်မြင့်သည့် မိန်းမကြီး တစ်ယောက်၀င်လာတော့ သက် မျက်လုံးပင့် စိတ်၀င်စား ကြည့်မိသည်..။
"ဟို..အမေ့သား ခရီးသွားတယ်...သုံးရက်ကြာမယ်ပြောတယ်..."
"အင်း..မြေးလေး.ရေ..."
အဘွားကြီး က လှည်းအနားမှာ ငုံ့ပြီး ကလေးကို ကြည့်ရင်း သက်ကို တစ်ချက်ကြည့်သည်...။
"ဟို....အမေ့သား သူငယ်ချင်းရဲ့ ညီမလေးပါ စာမေးပွဲ လာဖြေရင်း ခဏတည်းတာ.."
"သြော်..အေး..."
"အမေ ငါးတွေ များလိုက်တာ....."
"....တစ်ပတ်စာ ၀ယ်လာတာ များသွားတယ်..နင့် ညီမက ရုံးက ပြန်မှဆို အပြင်မှာထားလည်း နံ့ကုန်ပြီ ရေခဲရိုက်လည်း ကိုင်မရတော့ဘူး..."
"အိုး....နေ..နေ...ကျွန်မ အခု ကိုင်ပေးမယ်..."
"နင့် သား.က.."
"ရတယ်...သူနို့သောက်ပြီးလို့ ငြိမ်နေပြီ...အမေ ခုံမှာထိုင်လေ လှေကားတွေတက်လာပြီး ဒူးနာနေတယ်မလား...ဆေးခန်းက နောက်တစ်ပတ်ပြရမှာနော်..."
"အေးလေ...နင် မကိုင်နိုင်ရင်ထားစမ်းပါ..."
"ရပါတယ် အမေရဲ့ ကျွန်မ ငါးကိုင်တာ မြန်ပါတယ်..."
စျေးဆွဲခြင်း ကိုင်ပြီး မီးဖိုခန်း၀င်သွားတော့ အဘွားကြီး က ခုံမှာ ပြောင်းထိုင်ပြီး ကလေးကို မြူနေသည်..။
"အစ်မကြီး က အလုပ်လုပ်နိုင်တယ်နော်..."
ယောက္ခမကြီး သဘောထား သိရအောင် မေးကြည့်လိုက်တော့ ခေါင်းညိတ်ပြီး..
"သြော်...အေး..သမီးရဲ့...အလုပ်ကတော့ လုပ်ပါတယ်..သားကတော့ သဘော မကျဘူး..မိဘ တားနေရဲ့ သားနဲ့ ဇွတ်ယူတာ အခုတော့ နောင်တရနေပြီလေ..."
"သြော်.."
"အလုပ်လုပ်တာ မြန်ပါရဲ့ ပရမ်းပတာလေ...နည်းနည်းမှ အချိုးမပြေပါဘူး..မျက်စိရှုပ်လို့ အိမ်မှာ အတူမထားနိုင်လို့ အိမ်ခွဲထားလိုက်တာ..မြင်တဲ့ အတိုင်းပါပဲ...ယောင်္ကျားကိုလည်း ဂရုမစိုက်တော့ ခုနောက်ပိုင်း သားနဲ့လည်း အဆင်မပြေဘူး..အိမ်တောင် သိပ်မကပ်တော့ဘူးလေ..အမေ့ကို တိုင်တယ်....ငါလည်း မတက်နိုင်ဘူး..နင့်ယောင်္ကျားကိစ္စ နင်နဲ့ ပဲ ဆိုင်တယ်လို့ပြောလိုက်တယ်.."
"ဟုတ်တာပေါ့..."
"ပြီးတော့ အသက်ကလည်း နှစ်နှစ်လောက်ကွာတယ်...အခုကြည့်စမ်း...နှစ်ဆယ်လောက် ကွာနေသလိုပဲ....ဟိုကောင်က ငယ်ငယ်ချောချော..အတွဲညီအောင်မနေဘူး..သူ့ကို သပ်သပ်ရပ်ရပ်နေဖို့ .ပြောလည်း မရဘူး...အဲတော့ ထားခဲ့မှ မျက်ရည်မကျနဲ့လို့ ကျိန်းထားတယ်..."
"အေးလေ..အစ်မကလည်း မပြင်မဆင်နဲ့..."
"မပြောပါနဲ့...အလုပ်ကလည်း တွက်ကပ်တယ်...အိမ်မှာဆို ယောင်းမ နှစ်ယောက်တည်း ရှိတယ်...တစ်စက်ကလေးမှ မတည့်ဘူး..အတင်းမဟုတ်ဘူးနော်...မှန်တာပြောတာ...ကိုယ်၀န်ရှိစ ငါးညီနံ့ရရင် အန်တယ်တဲ့ ကြားဖူးပေါင်တော်...သူကျမှ အဆန်း အပျင်းရောဂါလေ...ဒါနဲ့ အိမ်က သမီးတွေက သည်းမခံနိုင်လို့ ရန်ဖြစ်ပြီး အိမ်ခွဲနေဖို့ပြောတာပဲ...ဒီအလုပ်နဲ့ ထမင်းစားနေရတာမလား."
"ရှင်..."
"သြော်..အမေတို့က အရင်က ဆိပ်မှာ ငါးဒိုင်လုပ်ငန်းလုပ်တယ်...အဲ ရန်ဖြစ်ရင်တော့ သူက အားကိုးရတယ်တော်...ငယ်လည်းငယ်စွာလည်းစွာ တော့ ငါးစိမ်းသည်တွေနဲ့ ပြိုင်ရန်ဖြစ်နိုင်တယ်...သား အဖေ မရှိကတည်းက ငါးဒိုင် လုပ်ငန်းဖြုတ်လိုက်တယ်..သားသမီးတွေလည်း ၀န်ထမ်းတွေဆိုတော့ အမေ တစ်ယောက်တည်း မနိုင်တော့ဘူးလေ..."
"ဟုတ်တာပေါ့.."
"သူ့အမေ ဟိုတစ်လောက နေမကောင်းလို့ဆြို့ပီး ရန်ကုန်လာသေးတယ်လေ.."
"သြော်..နယ်ကလား.."
"နေပြည်တော် အနားက ဘာရွာဆိုလား...မသိပါဘူးကွယ်..သေချာစေ့စပ်ပေးစားထားတာမဟုတ်တော့ ဆွေမျိုးတွေလည်း မသိပါဘူး..အဲဒါ လာတာလေ အမလေး သမီးရေ...တစ်လကျော်လောက်နေတာပါ...သားရှာစာနဲ့ ကျွေးနေရတာ..ဘယ်လောက်ပင်ပန်းလည်း မသိဘူး..ယောင်္ကျားကို နွားလိုပဲ သဘောထားတာ..လုံး၀ မသိတက်ဘူး.."
"မကောင်းဘူးပေ့ါ.."
သက် မတော်ရသေးတဲ့ ယောက္ခမ အလိုတော်အတိုင်း သံယောင်လိုက်ပေးတော့ သက် ဘေးခုံကို တိုးလာပြီး..မျက်နှာ ရှုံ့မဲ့ခါ..
"သိတယ်..ကိုယ့သား အခုလို အသုံးမကျတဲ့ မိန်းမ ရထားတာ အမေလည်း စိတ်မကောင်းဘူး...အမေတော့ ပြောထားတယ်...ယောင်္ကျားကောင်း မောင်းမတစ်ထောင် ဘာမှ သံယောဇဉ်ထားမနေနဲ့လို့...ဒါမှ ဒီကောင်မ နောင်ကြေအောင်မှတ်သွားမှာ..တန်ဖိုး မသိတဲ့ဟာမ..ပြောရင်း ဒေါသက ထွက်လာရပြီ..."
"အင့်...အင့်...."
"ဟဲ...ဝေ၀..နင့်သား အာဗြဲစိန် ငိုပြီ...ဒါကြောင့် ငါ့သားက အိမ်မပြန်ချင်ဘူး လို့ ပြောတာ...ငိုသံကလည်း စူးဝါးလိုက်တာ...နင် က ကလေးကို အမြဲချီပြီး အကျင့်ဖျက်ထားတာကိုး.."
"ချိုလိမ်လေး ပေးလိုက်ပါ အမေ..."
"ခိုင်းသလား..ခိုင်း.."
သက်ဘေးက ကိုကို့ အမေက ဆောင့်အောင့်ပြီး ချိုလမ်လေးကောက်ခါ အကျီ င်္ နဲ့ သုတ်ပြီး ကလေးပါးစပ်ထဲ ထည့်ပေးလိုက်သည်...။
"ကလေးက အခု သူ့ ကို ဒုက္ခပေးပြီလေ... အလုပ်မလုပ်ချင်လို့ ကလေးကိုအကြောင်းပြပြီး ချီထားတာလေ...အခုတော့ ခံပဲ..လက်ပေါ်က ချတာနဲ့ ငိုတော့တာလေ..."
"သြော်..ပျင်းလို့ပေါ့နော်.."
"အဲဒါပေါ့ စေတနာ ဆိုတာရောင်ပြန်တယ်..သမီးလည်း ငယ်သေးတော့ မှတ်ထား...အိမ်ထောင်ရက်သားကျလာရင် သူ့အမေ ကိုယ့်အမေ သှူု အိမ်သား ကိုယ့် အိမ်သားလို သဘောထားမှ အဆင်ပြေမှာလေ..."
"ဟုတ်ကဲ့..."
သက် ခေါင်းညိတ် ထောက်ခံပြီး ယောက္ခမ ကြီး ဘာကြိုက်မလည်း စဉ်းစားနေမိသည်..။
"ရပြီ အမေ....ငါးသလောက်ကို ဇက်ကြောထုတ်ပြီး ကြီးကြီး ပိုင်းထားတယ်...ငါးကြင်းကတော့ ကြော်စားမှာမို့လို့ မွန်းပဲပေးလိုက်တယ်..."
"အေး..ဒါနဲ့ ငါးရံ့အူကော လုပ်ပြီးပြီလား.."
"ဟုတ်...ဟို ငါးသလောက်ဥပါမှန်း မသိလို့ ဆွဲထုတ်လိုက်တာ နည်းနည်းကြေသွားတယ် အမေ.."
"အမလေး..ကုန်ပါပြီ... မေးပါလား ဝေ၀ရဲ့.."
"ဟို အကောင်လိုက်ဆိုတော့ မှန်းမရလို့ပါ.."
"ဗိုက်ကြည့်တာနဲ့ သိတယ်.."
"ဟား..ဟား..အမေကလည်း ငါးသလောက် ဗိုက်တွေက ဥ ရှိရှိ မရှိရှိ အကုန်ပူနေတာပါ..."
"ဟဲ့..နင်နဲ့ တူတဲ့ ငါးသလာက်ကို ကြည့်ပြီး မပြောနဲ့လေ..."
"အဟီး.."
သက် က ရယ်လိုက်မိတော့ ရှက်သွားသလို မျက်နှာပြောင်းပြီး သူ့ဗိုက်ကို လက်တင်ပိုက်လိုက်သည်...။
"ကဲ သမီး ငါပြောတာ မှားလား..ပြန်မယ်..."
သက်ကို လက်ကုတ်ပြီး မေးငေါ့ပြသွားတော့ ဝေ၀ ဆိုတဲ့ ကိုကို့ မိန်းမက မျက်လုံး ကလယ်ဖြင့် လိုက်ကြည့်သည်..။
"ကျွန်မ အောက်ထိ လိုက်ပို့ပါမယ်..."
"နင့်သား အော်နေအုံးမယ်.."
"ရပါတယ် အမေရဲ့...ကဲလာ ဖွားဖွားက စိတ်မချဘူး...ညီမ ခဏနော်..."
သက် ကိုပြောပြီး ခေါင်းညိတ်တံခါးပိတ်သွားတော့ ယောက္ခမ ကြီးအကြောင်းတွေးပြီး ရင်မောကျန်ခဲ့ရသည်..။
အခုလို ငါးကိုင်ဖို့ မပြောနဲ့ စျေးတောင် တစ်ပတ် တစ်ခါ သွားရတာ စိတ်ညစ်လွန်းလို့ ဆိုင်က ပဲ ၀ယ်စားနေတာ..ဘယ်လို လုပ်ပြီး ဒါတွေ လုပ်တက်မှာလည်း ကိုကိုရယ်...။
ကလေး ခါးထစ်ခွင်ပြီး ပြန်တက်လာတော့ ခေါင်းက ဖွာလန်ကြဲလို့...။
"အစ်မ ဆံပင်က ဖွာလန်နေတာ.."
"ဒီကောင်လေ...အားနေ အမေ့ ဆံပင်ဆွဲပြီး ယတြာချေနေတာ...နောက်တစ်ခါ လုပ်ကြည့်ရိုက်မယ်.."
"အစ်မ သူ က ချထားရင် မနေဘူးလား.."
" ယောင်းမ တွေက လာတိုင်း ချစ်လို့ဆိုပြီး ချီထားတာလေ...အခုတော့ လက်အကျင့်ပါနေပြီ မနည်းဖျောက်ရမယ်...အဲ အစ်မ ယောက္ခမ ကြီး ဘာတွေ ပြောသွားတာလည်း ဟင်.."
ကလေးကို လှည်းထဲ ထည့်ရင်း မေးတော့ သက် ရဲ့ ရန်တိုက်ပေးချင်တဲ့ မကောင်းစိတ်လေး ထကြွနေတာနဲ့..
"ဟို အစ်မ က ကို မင်းခ ကို မသိတက်ဘူးတဲ့...အိမ်မှာလည်း အမေကို ခေါ်ထားတယ်တဲ့လေ..."
"အဟွင်း စာအုပ်အဟောင်းကြီး ပါပဲလား...အစ်မ အမေ က ပဲရောင်းလို့ ရတဲ့ ပိုက်ဆံ နဲ့ ဆေးကုပြီး ပြန်သွားတာပါ သူ့ငွေကို တစ်ပြားတောင် မစားဘူး အိမ်စရိတ်တောင် ပြန်ပေးသွားသေးတယ်...မေမေ လည်း ဒုက္ခ.. သမီးတစ်ယောက် ရန်ကုန်မှာနေတယ် ဆိုပြီး အားကိုး လာမိတာ ပြောစရာဖြစ်တာပဲနောက်ဆို တည်ခိုးခန်း တည်းဖို့ပဲ ပြောလိုက်တော့မယ်...အိုးသုံးနာရီတောင်ရှိနေပြီ အစ်မ ထမင်းစားလိုက်အုံးမယ်...ညီမ ပျင်းရင် တီဗွီ ကြည့်လို့ရတယ်နော်...အခန်းကတော့ ပြီးရင် ရှင်းပေးပါ့မယ် ညီမရယ်..."
"ဟုတ်..."
မီးဖိုခန်း ၀င်သွားပြီး သိပ်မကြာခင်မှာပဲ ကလေးက တအဲ့အဲ့ လုပ်လာတော့ ထမင်းစားလက်စ ပလုတ်ပလောင်းနဲ့ အိမ်ရှေ့ပြေးထွက်လာသည်..။
"အို...မေ ဒီမှာလေ...သားရယ်..."
"ကလေး ကြည့်ပေးရမလား.."
"ရတယ်..ညီမ...သူ့အဖေက ဧည့်သည်ကို ခိုင်းတာ မကြိုက်ဘူး.."
လက်တွန်းလှည်းကို ဆွဲပြီး ထမင်းဝိုင်းဆီ ခေါ်သွားတော့ သက်လည်း တီဗွီ ဆက်ကြည့်နေလိုက်သည်..။
"သားရယ်...ဒီလောက်ချစ်ရလားဟဲ့..."
အော်သံနဲ့ အတူ လက်ထဆေးကြောင်း ရေသံကြားတာနဲ့ သိလိုက်ပြီး ခဏကြာတော့ ကလေးကို ကုန်းကုန်းလေး ပိုက်ခါ ရေချိုးခန်းထဲ ၀င်သွားပြန်သည်..။
ဒိုက်ဘာတွေ ဘာတွေ ၀တ်မပေးထားဘူးလား...ဘယ်လို မိန်းမ ပါလိမ့်...။
"လာ ဆေးပေါင်ဒါထည့်ရမယ်.."
ကလေးက ၈ လ လောက် ရှိနေပြီဆိုပြီး လှည်းထဲပဲ ထည့်ထားတော့ မဟုတ်သေးပါဘူး...။
လှည်း အပြင်ရောက်တာနဲ့ လေးဘက်သွားဖို့ ကြိုးစားနေတော့ လိုက်ဆွဲပြီး ဆေးပေါင်ဒါထည့်ပေးနေရသည်..။
"အစ်မ ဒိုက်ဘာ ၀တ်မပေးဘူးလား.."
"သြော်..အင်း...သားက ဝတော့ ပေါင်ပွန်းပြီး တင်ပါးမှာ အနာဖြစ်လို့ ညီမရယ်..ဆရာ၀န်ညွန်ပေးတဲ့.ဒိုက်ဘာကလည်း စျေးကြီးတော့ အမေ...အမေဆိုတာ က သူ့အမေပါ...သူ့အမေက သူ့သားငွေကုန်တယ်...မဖြုန်းနဲ့တဲ့..ဒါနဲ့ အစ်မလည်း မ၀ယ်တော့ဘူး.."
"သြော်..."
ဒိုက်ဘာ တစ်ကဒ် ဘယ်လောက်ကုန်မှာမို့လို့လည်း ကိုကို့ အမေ က တော်တော်ဆိုးပုံပဲ...။
အိုး...ငါ ဒီမ်ိန်းမဘက်က မဟုတ်ဘူးလေ...။
သက် ကိုယ့်ကိုယ်ကို သတိပေးရင်း တီဗွီ ပြန်ကြည့်နေလိုက်သည်..။
"ဒုက္ခပဲ ကျောင်းက သွားကြိုရအုံးမယ်..ထမင်းတော့ ပြန်လာမှပဲ စားတော့မယ်...ဟို ညီမရေ...အစ်မ ကျောင်းသွားကြိုလိုက်အုံးမယ်နော်..."
"ဟုတ်..."
ဘာမှ မပြင်မဆင်ပဲ အကျီ င်္နောက်ကို လက်နှိက်ပြီး ဘော်လီချိတ် တပ်ခါ ဆံပင်ကို လက်နဲ့သပ်ပြီး ပိုက်ဆံအိတ်ယူ ထွက်သွားသည်..။
သက် ရေဆာ သလို ရှိလို့ မီးဖိုခန်းရောက်လာတော့ စားလက်စ ထမင်းပန်းကန်မှာ ထမင်းခဲ အဖြူက သပ်သပ် ဟင်းနယ်လက်စက သပ်သပ်နဲ့ ကြက်ခြေထောက် စားလက်စတွေက မိုးပေါ်ထောင်နေသည်..။
စပ်စုချင်စိတ်နဲ့ သူ ၀င်သွားတက်တဲ့ အခန်းတံခါး ဟနေတော့ ချောင်းကြည့်လိုက်တာ နှစ်ယောက်အိပ်ကုတင် ခြေရင်းမှာ ကိုကို့ ပုဆိုးလွှားထားပြီး မျက်နှာသုတ်ပုဝါ တစ်ထည် တင်ထားသည်..။
အခန်းထဲ ထပ်ကြည့်လိုက်တော့ ကလေး အ၀တ်တွေက အပုံလိုက် ကျောင်းစိမ်းတစ်ထည်တွေ့တော့ နောက်ကလေးတစ်ယောက် အ၀တ်တွေ ဆိုတာ သိလိုက်သည်..။
ကိုကို သူ့ မိန်းမကို ဘယ်လိုတွေ ထားလည်း သိချင်လို့ စပ်စုရင်း အခန်း၀ကို တဖြည်းဖြည်းရောက်လာရပြီ..။
မှန်တင်ခုံ အလှပြင်ပစ္စည်းမရှိပဲ မှန် တစ်ချက်နဲ့ အတူ ဘေးက ခြင်းခွက်ကလေးမှာ ဘီးတစ်ချောင်းနဲ့ ဆီဘူးလို တစ်ဘူးထည့်ထားသည်..။
ဒါဆို ဒီမိန်းမကြီး ဘယ်မှာ အလှပြင်ပါလိမ့်...။
ကိုကို့ ကို သက် လွမ်းနေရချိန် ကိုကို က ဒီမိန်းမကြီးနဲ့ အိပ်မောကျနေတာလား..။
သက် အတွေးနဲ့ အတူ စိတ်ထဲ မကျေမနပ်ဖြစ်ခါ အခန်း၀က ချာကနဲ့ လှည့်ထွက်လာခဲ့လိုက်သည်..။
"မီးမီးကလည်း ပြန်လာပြောလို့ရတာပဲ..."
"ရဘူး.."
တံခါး မဖွင့်ခင် ကတည်းက အသံတွေကြားနေရပြီး တံခါးဖွင့်တော့ ကြက်တောင်စီးနဲ့ ကောင်မလေး တစ်ယောက် သက် ကို မျက်လုံးဝိုင်းလေးနဲ့ ကြည့်နေသည်..။
"ဒါ ဧည့်သည် မမ လေ..ချောတယ်နော်..."
"အင်း..မေမေ နဲ့ မတူဘူး..အရမ်းလှတယ်.."
"ခွေးမလေး...အဟင်း..အဲလို ညီမရေ..ကလေးတွေဆိုတော့ အမှန် သိပ်ပြောတာ..."
"ဟုတ်ကဲ့..."
"သူ့ အဖေပေါ့...အမေ ကို ချစ်အောင် မပြောပဲ...အမေ နဲ့ မိုးဟေကို နဲ့ယှဉ်ပြလွန်းလို့ သူတို့ မျက်စိထဲ အစ်မ က ဘီလူးမကြီးဖြစ်တာပေါ့..."
"အဟင်း..."
"ကဲ...ခဏ နားပြီး ရေချိုးဖို့ လုပ်အုံး..."
"ဟုတ်..."
ကောင်မလေးက လွယ်အိတ်ပစ်ချပြီး မုန့်ထုတ်ဆွဲဖောက်ခါ ခုံပေါ် ခြေဆင်းထိုင်ပြီး စားရင်း တီဗွီ ကြည့်သည်..။
"မီးမီး...ပြီးမှ စားလို့ ပြောထားတယ်လေ..."
"ကုန်ပြီ..."
"ဟယ်..ဒီမုန့်တွေ အကုန်စားတော့ နင် ထမင်းမစားဘူးလား.."
"စားဘူး..ထမင်း မကြိုက်ဘူး.."
"ဟဲ့...."
အမေ က ဟဲ့ နေပေမဲ့ ကောင်မလေးကတော့ မုန့်ကို လက်ဆုပ်နဲ့ ယူပြီး ပါးစပ်ထဲ ထိုးသွင်းရင်း တီဗွီ အကြည့်မပျက်...။
"မရိုက်လို့ မကြောက်တာ...ငါ ဧည့်သည် ရှိလို့နော်....မီးမီး..."
"တော်ပြီ...အင့် မေ စိတ်မညစ်ပါနဲ့...စားတော့ဘူး.."
လက်ထဲ မုန့်ထိုးပေးပြီး မျက်နှာကို လက်ကလေးနဲ့ ပုတ်ပြောတော့ သက် အံသြရပြန်သည်..။
"လိမ်မာတယ်...သွားရေချိုး..ကြာကြာ မချိုးရဘူး.."
"ဟုတ်..."
ကျောင်းစိမ်း အကျီင်္ ကို လက်မြှောက်ချွတ်ပေးရင်း မှာနေတော့ ခေါင်းညိတ်ပြသည်..။
ဒီကောင်မလေး ဆိုးမယ် ထင်တာ လိမ်မာ သားပဲ လို့ သက် စိတ်ထဲ မှတ်ချက်ပေးလိုက်သည်..။
"မောင်မောင်လေးရေ....ဖီဖီဘယ်သွားလည်းသိလား..."
"ဟိုး..ဟိုး ကို သွားတယ်..ပြန်လာရင် မုန့်တွေ ၀ယ်လာမယ်နော်..."
သူ့ မောင်လေးကို မေးလိုက် ဖြေလိုက် လုပ်နေတဲ့ ကောင်မလေး ကို ကြည့်ရင်း သက် စိတ်ထဲ ဘယ်လိုတွေ ဖြစ်လာမှန်း မသိ...။
မွန်းကြပ်သလို ခံစားရလို့ တီဗွီ ဆီပဲ အကြည့်နှစ်ထားရသည်..။
အောက်ခံ ဘောင်းဘီလေး ကို ဆွဲချွတ်ပြီး ကိုယ်တုံးလုံး အိမ်ထဲ ပတ်ပြေးရင်း ရထားကြီး အော်နေပြန်သည်..။
တော်တော် အာဗြဲတဲ့ ကောင်မလေး သူ့ အမေ အတိုင်းပဲ..။
"ဟဲ့..တိုးတိုး...ဧည့်သည် ရှိနေတာ မရှက်ဘူးလား သွားရေချိုး..."
"ဟုတ်..."
ရေချိုးခန်းထဲ ၀င်သွားပြီး ရေသံ ဝုန်းဝုန်း ကြားခါ ခဏ ကြာတော့
"ကိုယ်ရေစိုပြီ မေမေ...ဆပ်ပြာတိုက်ပေးပါ..."
'အင်း..လာမယ်..."
အရုပ်တွေနဲ့ ထိုင်ဆော့နေတဲ့ ကလေးကို ကောက်ပြီး လှည်းထဲ ထည့်ခါ ရေချိုးခန်းဘက် လျှောက်သွားပြန်သည်..။
ဒီပုံစံ ဆို ညစာ မနက်စာ ပေါင်းစားပြီး ဝိတ်လျော့ဖို့ ကြိုးစားနေတာများလား...။
"အား..ခေါင်းပါဘူး..ခေါင်းတိုက်ဘူး..ဟီး..ဟီး.."
"အိုး..မီးမီး..ငြိမ်ငြိမ်နေစမ်း...ပိုစပ်မယ်နော်..မေမေ့ ကို စိုကုန်မယ်..."
"ဟဲ့..ပြောနေတယ်လေ..ကဲဟယ်.."
'ဟီး..ဟီး....."
ငိုသံ အော်သံ ဟစ်သံ တွေ ဆူညံပြီးနောက်မှာတော့ ကိုယ်မှာ တာဝါ အကြီးကို အနှီးလို ပတ်ပြီး သူ့ အမေ လက်ထဲ ပွေ့ချိပါလာတဲ့ ကောင်မလေး...။
အခန်းထဲ ခေါ်သွားပြီး ရေသုတ် အ၀တ်အစားလဲပေးနေမှန်း ပွင့်နေတဲ့ တံခါးက တစ်ဆင့် မြင့်နေရသည်..။
"ဂျောင်..."
လှည်းထဲက ကလေးက ရေခွက်ကို ဘယ်လို ရအောင် ဆွဲထုတ်ပြီး ပစ်ချလိုက်လည်း မသိ
"အမလေး...ဟို ကောင် သိရင် ရွာပျက်ပါအုံးမယ်..စိတ်ညစ်လိုက်တာ နောင်နောင်ရယ်.."
သူ့ သားနာမည်ကို ရွတ်ညီးရင် ကော်ဇော်ပေါ် က ရေတွေကို အ၀တ်နဲ့ လိုက်သုတ်ပြန်သည်..။
"ရပါတယ်..ခြောက်မှာပါ အစ်မရဲ့.."
"မရဘူး ညီမရေ...သူ့အဖေ က မှို အလက်ဂျစ် ရှိတယ်...မိုးတွင်းဆို ပို ဂရုစိုက်ရတယ်..."
"သြော်.."
ကိုကို့ မှာ ဒီလို ဖြစ်တက်တာ အရမ်းရင်းနှီး ချစ်ခဲ့တဲ့ သက်မာ မသိခဲ့ပါလား..။
အေးလေ..ဒါမျိုး ဆိုတာ တူတူနေမှ သိတာ မဟုတ်လား...။
"မေမေ..လှလား.."
"ဟဲ့...ဘာတွေလည်း..ဘာတွေ ကုန်ပြီလည်း.."
မျက်နှာမှာ ဖြူဖြူ ခရင်မ်တွေကို ကြည့်ပြီး သက်လည်း မျက်လုံးပြူးသွားရသည်..။
ရေတွေ သုတ်ပြီး ခုံအောက်တွေပါ အ၀တ်နဲ့ လိုက်တိုက်နေတဲ့ ကိုကို့ မိန်းမ လက်ထဲက အ၀တ်ကို ပစ်ချပြီး ကောင်မလေး အနားပြေးသွားသည်..။
"အမလေး...နင့် အဖေ နှုတ်ခမ်းမွှေး ရိတ်တဲ့ ဓားကော.."
"ဒီမှာလေ...မီးမီး နည်းနည်း ရိပ်လိုက်တယ်..."
"ဟဲ့...နင့် မျက်နှာမှာ ဘာအမွှေးပေါက်လို့ ငါပြောလိုက်ရ...ပေးစမ်း ရှတော့မှာပဲ..."
မျက်နှာက အမြုပ်တွေကို အ၀တ်နဲ့ သုတ်ပစ်ပြီး ရေချိုးခန်းခေါ်သွားခါ မျက်နှာ သစ်ပေးပြန်သည်..။
"သူ့ အဖေ  ရေချိုးရင် လုပ်တာ မှတ်ထားတာလေ...သူကလုပ်ပြီး ဒီတိုင်းထားခဲ့တာပဲ...လိုက်မသိမ်းမိရင် ဒင်းတို့က မွှေ ပြန်ရော...ဟူးတကယ်မလွယ်ဘူး...."
"ဟိုတစ်ခါလည်း ဒင်း လက်ရှပြီးပြီ..မမှတ်ဘူးနော်..မီးမီး..."
"ဟိဟီး...အဲတုန်းက မေမေ အဆူခံရတယ်နော်..."
"အေးလေ...နင်တို့ ဘာဖြစ်ဖြစ် နင့် အဖေက ငါ့ အပြစ်ချည်းပဲ..."
"မေမေ့ ...ဖေဖေ့ ကို ဖုန်းဆက်ပြီး ပြောလိုက်နော်..."
"အင်း...အင်း နက်ဖြန်မှ အခု လမ်းမှာပဲ ရှိနေအုံးမှာ..."
"ဖုန်းလေး ဆက်လိုက်လေ..မေမေရဲ့..."
"ဖေဖေ ကားမူးတက်တာ...အခု ဖုန်းဆက်လိုက်ရင် ဘယ်ကြိုက်မလည်း သမီးရဲ့...ပြန်လာမှ ပြောနော်..."
"ဟွင့်..."
နှုတ်ခမ်းစူ စိတ်ကောက်သွားတဲ့ ကောင်မလေးကို ကြည့်ရင်း ကိုကို ကားမူးတက်လား စဉ်းစားမိသည်...။
မမူးပါဘူး..မမူးတက်လို့ပဲ ကားမောင်းနေတာပေါ့လေ..
ကိုကို က တစ်လမှာ နှစ်ခါလောက် နယ်ဘက် သွားရပြီး ပြန်လာတိုင်း သက်ဆီကို အပြေးရောက်လာခါ လက်ဆောင်တွေ ပေးတက်သည်..။
ကိုကို ကားမမူးတက်ပဲ...ဒီမိန်းမကြီး ကလေးကို လိမ်နေတာ....။
"ဖေဖေ နဲ့ ပဲခူးသွားတုန်းက မှတ်မိလား..မီးမီး က ဖေဖေ ကို ချစ်တယ်ဆို ဖေဖေ့ အခက်အခဲကို နားလည်ရမယ်လေ..."
"ဟုတ်း..."
"ပဲခူးသွားတုန်းက ဘာဖြစ်လို့လည်း မီးမီး.."
သက်  ပြုံးရင်း ကလေးကို စပ်စုသလို မေးလိုက်တော့ ကောင်မလေးက ခေါင်းစောင်းပြီး
"ဖေဖေ ငိုတာ.."
"ဟင်.."
"..ဟား..ဟား...ညီမရေ..သူ့ အဖေက ကားမူးတက်တော့ အန်နေတာ မသိဘူး ဟိုက မျက်ရည်ထွက် လောက်အောင်ဖြစ်မှ ဘာလို့ ငိုတာလည်း ဆိုပြီး သူပါ လိုက်ငိုရောလေ..."
"သြော်...ကိုမင်းခက ကားမူးတက်တာလား..."
"ဟုတ်တယ်...သူ မောင်းနေရရင် မမူးဘူး..သမီးငယ်ငယ်က ခရီးသွားတုန်းကဆို သမီးလည်း ပိုက်ရ သူ့လည်း ပိုက်ရတာ...ပြန်ရောက်တော့ ခါးကိုချိရော...ကားမူးတာနဲ့ ပျော့ခွေကျသွားတာပဲ အခုလည်း အစားမစားမှာ စိုးလို့ မှာလိုက်ပါတယ်..စားပါ့မလား မသိဘူး..အစာမရှိရင် ပိုဆိုးတာမလား..."
သူ့သမီးရဲ့ ခေါင်းကို လက်နဲ့ ကိုင်လိုက် ရေစိုလို့ တာဝါ နဲ့ ထပ်သုတ်ပေးလိုက်နဲ့ အလုပ်ရှုပ်ရင်း သက်ကိုလည်း တိုင်သလို ပြောနေသည်..။
"ဟုတ်...."
"ဖေဖေ နေကောင်းအောင် ဆုတောင်းနော် မီးမီး.."
"ဟုတ်..."
မနက်ကပဲ သေနာကြီး မသာကြီး တွေ ပြောပြီး အခုကျတော့ ကလေးတွေကို ဆုတောင်းခိုင်းပြန်ပြီ...
ဒီမိန်းမကြီးကလည်း တကယ်များ စိတ်မမှန်တာလား...။
"ဖေဖေ့ ကို မပြရလည်း ဘာဖြစ်လည်း...ဒီက မမ ကို ပြလိုက်ပေါ့..."
"ဘာကိုလည်း မီးမီး.."
ကောင်မလေး က ခေါင်းညိတ်ပြီး ပစ်ချထားတဲ့ သူ့ ကျောပိုးအိတ်ကလေး ကို ဆွဲယူခါ ဇစ်ဖွင့်ပြီး စာရွက် တစ်ခုထုတ်လာသည်..။
သက် နားမလည်သလို လိုက်ကြည့်နေတော့ ရှေ့က မိန်းမကြီး က မျက်လုံးမှိတ်ပြသည်..။
"ဒီမှာ မမ..."
သက်လက်ထဲ ရောက်လာတော့မှ ဂုဏ်ပြုလွှာ မှတ်တမ်းစာရွက် မှန်းသိလိုက်သည်..။
"အိုး..တော်လိုက်တာ ကြည့်ပါအုံး...မီးမီးက ပထမလ၀က်အထိ အဆင့် ၁ ရခဲ့တာပဲ တော်လိုက်တာ..."
"ဟုတ်...ဒါ ဖေဖေ ကို ပြမလို့..ဖေဖေ က ပြန်လာသေးဘူး.."
"အင်း ဖေဖေ တွေ့ရင် ပျော်သွားမှာ သိလား..."
"ဖေဖေ ကို ပြပြီး အိမ် စောစော ပြန်လာဖို့ ပြောမယ်...ဖေဖေ မီးမီးကို ထမင်းခွံမပေးတာ ကြာလှပြီ...အဲဒါ မောင်လေး ရောက်လာလို့ မောင်လေး မရောက်ခင်က ဖေဖေ က မီးမီး ကို ချစ်တာ.."
"အိုး..မဟုတ်ပါဘူး...နင့်အဖေက နင့် မောင်ကိုကော ချီဖူးလို့လား...ကဲ ပြန်သိမ်အုံး ပြဲ စုတ်ကုန်မယ်..."
သူ့အမေ အော်လိုက်တော့ သက်လက်ထဲက စာရွက်ကို ပြန်ယူပြီး သူ့စာအုပ်လေး ကြားထဲ သေချာ ခေါက်တည့်သည်..။
"သူ့ မောင်လေးကို သ၀န်တိုနေတယ်.."
"အဟွင်း..ဟုတ်တယ်.ညီမရေ...တကယ်တော့ သူ့အဖေ က သား ကို မွေးပြီးကတည်းက မချီဖူးပါဘူး..သားကလည်း သူ အနားလာတာနဲ့ ငိုရောပေါ့..မျက်နှာစိမ်းတာကိုး...မေ့ချစ်သားကြီး...အူးမွ..."
ပြောရင်းဆိုရင်း စကားစပျက်ပြီး သူ့သားကို ကောက်ချီခါ နမ်းပြန်သည်...။
စကားပြောတာကလည်း ဟိုရောက်လိုက် ဒီရောက်လိုက်....
ဒီလို မိန်းမနဲ့ ကိုကို့ အလုပ်ကိစ္စ ရင်ဖွင့် တိုင်ပင်စရာ တွေ  ဘယ်လို ပြောလို့ရပါ့မလည်း...
ကိုကို သနားပါတယ်...။
သက်တောင် ဒီကလေးတွေနဲ့ သူ့ကို ကြည့်ရတာတောင် မူးနောက်နောက် ဖြစ်လာပြီ...။
"ညီမ ဘယ်အခန်းမှာ နေရမလည်း အစ်မ...စာကြည့်ချင်လို့.."
"အိုး..အေး..မေ့နေတာ..နေပါအုံး..အစ်မ လုပ်ပေးမယ်.."
ကလေးကို လက်တွန်းလှည်းထဲ ထည့်ပြီး လှည်းမှီတဲ့ နေရာက ကွဲစရာဆွဲချမဲ့ အရာတွေကို အမြင့်ကို ကောက်တင်ပြန်သည်..။
"မီးမီးရေ...မောင်လေး ကို ကြည့်ထားအုံးနော်.."
"ဟုတ်..."
"လာ ညီမ...ဟိုဘက်အခန်း.."
"အိမ်မှာ နှစ်ခန်းပဲ ရှိတာ မလား..ဒါတောင် ဒင်း ခရီးသွားနေချိန်မို့ အဆင်ပြေသွားတာ ညီမရေ..."
အခန်းတံခါး ဖွင့်လိုက်ကတည်းက အ၀တ်တွေက ဟို တစ်ပုံ ဒီတစ်ပုံ အ၀တ်ခြင်းတွေက လည်း ပြည့်သိပ်လို့ပါလား...။
မြင်ရတွေ့ရတာ စိတ်မချမ်းသာစရာကြီး...ကိုယ်မလုပ်နိုင်လည်း ပင်မင်း အပ်လိုက်ပေါ့....တော်တော် စည်းနှဲတဲ့ မိန်းမကြီး...ဒါမှမဟုတ်...သူအလုပ်လုပ်တာ ကိုကို သိစေချင်တာလား...။
"မီးပူတိုက်ဖို့တွေလည်း ပုံနေပြီ...ကလေးတွေနဲ့ ဆိုတော့ ညပိုင်းလည်း အရမ်းအိပ်ချင်တာနဲ့ မတိုက်ဖြစ်တာ ဒီညတော့ အပြီး တိုက်အုံးမှပါလေ.."
သူ့ဟာသူ ပြောရင်း ကုတင်ပေါ်က ပုဆိုးတွေကို ကောက်ခါ ခြင်းတွေထဲ ထိုးသိပ်ထည့်သည်..။
ဘုရားရေ အ၀တ်ခြင်း သုံးခြင်း အပြည့် အ၀တ်တွေ တစ်ညထဲ တိုက်လို့ ပြိးပါ့မလား...။
ဘယ်တိုက်မလည်း...ဒီအ၀တ်တွေ ဒီလို သံသရာ လည်နေတာ နေမှပေါ့..။
သက် နဲ့ ကိုကို တူတူ နေရင် တစ်နေ့ အ၀တ် တစ်နေ့ ရှင်းမှ ဖြစ်မယ်...
ကိုကို အ၀တ်တွေကိုလည်း အောက်ချထားတာ ဘုန်းတွေ ကံတွေ နိမ့်ကုန်တော့မှာပါပဲ...။
ယောက္ခမ ကြီး ပြောခဲ့သလို တကယ် တန်ဖိုးမသိတဲ့ မိန်းမကြီး..။
ကုတင်ပေါ် က အ၀တ်တွေကို ယူပြီး ခြင်းထဲ ထည့်ခါ ခင်းပြီး လက်စ အိပ်ယာခင်းကို ချွတ်ပစ်သည်..။
"ဒီမှာ ဘယ်သူ အိပ်တာလည်း.."
"ဟို..အဟင်း...ဟိုမသာကောင်လေ..."
ကျိန်ပြန်ပြီ..ဖွ..ဖွ လွဲပါစေ...ကိုကို ဘာမှ မဖြစ်ပါစေနဲ့..ခရီးသွားနေတာ ဘေး အန္တရယ်ကင်းပါစေ...။
ဒီမိန်းမ ပါးစပ်ကလည်း ရွံစရာ ကောင်းလာပြီ..။
"သားလေး ဗိုက်ကြီး နဲ့ ကတည်းက ရန်ဖြစ်ပြီးခွဲအိပ်တာလေ...အစ်မ ကလည်း သက်သာတယ်ပဲ သဘောထားလိုက်တော့တယ်...အဟွင်း..."
အိုး ကိုကို က တစ်ယောက်တည်း အိပ်နေရတာ ကြာလှပြီပေါ့...သနားပါတယ်..ကိုကိုရယ်...။
သက်နဲ့ အတူတူ နေရင် စိတ်ကောက်တဲ့ နေ့တွေမှာတောင် ကိုကို့ ရင်ခွင်ထဲမှာ တိုးအိပ်ပစ်လိုက်မည်..။
"အမလေး.."
သက် ခြေထောက်အောက်က ပျော့စိစိ အေးစက်စက် အရာကို နင်းမိပြီး ထအော်လိုက်တော့ အနားကို ရောက်လာပြီ ငုံ့ကြည့်သည်..
"သြော်..ကဲ...အဲဒ့ါသာကြည့်...အဖေ က တစ်မျိုး သားသမီးတွေက တစ်မျိုး ငါ့ ကို ဒုက္ခပေးနေကြတာလေ..."
"မကြောက်ပါနဲ့ ညီမ..မင်းခ မနက်က ရေ၀တ်ပုဆိုးပါ.. ရေချိုးပြီး အခန်းထဲ အထိ ၀တ်လာပြီး လဲတော့ အစို၀တ်တွေ အလုံးဖြစ်နေတာ ..."
သက် ခြေထောက်နား က ပုဆိုး ၀တ်ကို ကောက်ယူပြီး ရေချိုးခန်းဘက် လျှောက်သွားတော့မှ သက် သက်ပြင်းချမိသည်..။
မြွေတွေ ဘာတွေ မှတ်ပြီး လန့်သွားတာပဲ...။
ကိုကို့ ကို စည်းကမ်းလည်း ချပေးရအုံးမယ်...ရေချိုးခန်းထဲမှာ ရေ၀တ်ပုဆိုး လဲတက်အောင်လေ...ပြောလို့ မ၇လို့ကတော့ ရေချိုးခန်း၀ထိ တုတ်နဲ့ စောင့်ရမှာပဲ...ဟိ....။
အ၀တ်ခြောက် တစ်ထည်ယူပြီး အခန်းထဲ ၀င်လာခါ ရေတွေ ခြောက်အောင် လိုက်သုတ်ပြီး စပရင်း တစ်ချက် ဖြန်းသေးသည်..။
ကိုကို့ ကို တော်တော် မုန်းတဲ့ ပုံပါပဲ...ကောင်းတာပေါ့...ကိုကို ကလည်း သူ့ ကို လုံး၀ ကို မချစ်တာ...။
"မှိုတက်မှာစိုးလို့ ညီမရေ...ခဏအပြင်ထွက်ပါလား..ဒါတွေက အဆိပ်ပါတယ်တဲ့လေ...အမလေး ပြောသာ ပြောတာ...အဆိပ်သာဆို ငါသေတာ ကြာပေါ့...ဒင်းအတွက် အဆိပ်ငွေ့ ရှုပြီး လုပ်ပေးနေတာ...တကယ် စေတနာ ကို မရှိဘူး..."
"အဲ့...အဲ့....ဗြဲ....အီး.."
"ဟဲ့...ဟဲ့...ဘာဖြစ်ပြန်ပြီလည်း.."
သူ အပြေးထွက်သွားတော့ သက်လည်း နောက်ကလိုက်သွားတာ လှည်းထဲက ကလေးက အော်ငိုပြီး ကောင်မလေး လက်ထဲမှာ အရုပ်နဲ့ ရွယ်နေသည်..။
"မီး...မီး...ဟယ်..မောင်လေးကို ဘာလုပ်လိုက်တာလည်း.."
ကလေး ရဲ့ စူးစူးဝါးဝါး အော်ငိုသံကြောင့် သက်လည်း စိုးရိမ်ပြီး အနားကို အလိုလို ရောက်သွားရသည်..။
"သူ့ကိုပဲချစ်နေတာ မုန်းလို့..."
"အိုး...သေပါပြီဟယ်...နင် ကလေးကို ဘာလုပ်လိုက်တာလည်း...ဟဲ့.."
သူ့ အမေက လှည်းထဲက ကလေးကို ကောက်ချီပြီး ခေါင်းကို လက်နဲ့ ပွတ်ပေးရင်း သူ့ သမီးကိုလည်း အော်ဟစ်မေးနေသည်..။
"ဒါနဲ့ ကောင်းကောင်းထုတာ.."
"မီးမီး..."
သက် နားတောင် အူတူတူ ဖြစ်သွားပြီး မျက်လုံးလည်း ပြုးသွားရသည်..။
ရိုက်တော့မှာလား..။
"ငါ တကယ် စိတ်ဆင်းရဲတယ်...သိရဲ့လား..စိတ်ဆင်းရဲတယ်....နင့် အဖေ အိမ်ပြန်မလာတာ..ငါ့သားနဲ့ ဘာမှမဆိုင်ဘူး...ငါ့ကြောင့် ဟုတ်ပြီလား...ငါ့ကြောင့်ဟဲ့...."
ငိုသံပါကြီး နဲ့ သူ့သားကို ဖက်ထားလိုက်တော့ ကလေး ငိုသံ ပျောက်သွားပြီး ကောင်မလေးကလည်း လက်ထဲက အရုပ်ကို ချပြီး သူ့ အရပ်မမှီတဲ့ သူ့ အမေ ခါးကို ဖက်သည်..။
သူ့ကြောင့် ကိုကို ထားသွားတာ သူကိုယ်တိုင်လည်း သိသားပဲ..။
ဒါကို ဘာလို့ အချိန်မှီ မပြင်ရတာလည်း သူလည်း ကိုကို့ ကို စိတ်ကုန်နေပြီလား..။
ဒီလိုဆိုရင်တော့ သက် အတွက်ပိုကောင်းပါတယ်လေ...။
လောလောဆယ် ရှေ့က မြင်ကွင်း ကို စိတ်ထဲ မသက်မသာ ဖြစ်ရင်း မသိသလို တီဗွီဆီ အကြည့်ရွေ့ထားလိုက်ရသည်..။

ရင်ခွင်လမင်းWhere stories live. Discover now