ရှောင်းမာမားက ဦးလေးလုဟန်ကို မျက်လုံးပြူးပြီးကြည့်လာသည်။
"ဘာပြောလိုက်တာ? "
ထိုအခါ ရှောင်းကျန့် ထပ်ပြီး ဦးလေး လုဟန်ကိုလှမ်းကြည့်ကာ အသံတိတ်ခေါင်းခါရမ်းလိုက်တဲ့အခါ လုဟန်က ချောင်းတစ်ချက်ဟန့်၏။
"အဟမ်း..ကျနော်ပြောတာက..ရှောင်းအိမ်က သားမက်ကလေးရဲ့ ညီ လို့..နောက်က စကားကျန်သွားလို့ "
" ဘယ်လို? "
"အာ..အင်း..ဟုတ်တယ် မာမားရဲ့ "
ဦးလေးလုဟန် ခင်းသောဇာတ်မှာ ရှောင်းကျန့် အချိန်မှီလေး အလိုက်သင့်ပြန် က လိုက်သည်။
"ရိပေါ် က အိုဆယ်ဟွန်း ရဲ့ ညီ..အဲ့လိုအဲ့လို "
ထိုအချိန် အိုဆယ်ဟွန်း ကလည်း အပေါ်ထပ်ကနေ ဆင်းလာသည်နှင့်တိုးသောအခါ ကြီးကြီးက လှမ်းပြောလိုက်သည်။
"မြေးသားမက်လေး ဒီမှာ မင်းရဲ့ ညီရောက်လာပြီ "
ဖုန်းတစ်ခုခုကို ခေါ်ဆိုဖို့နှိပ်နေတဲ့ ဆယ်ဟွန်း က ကြီးကြီးအသံကြောင့် ဧည့်ခန်းက လူတွေကို နားမလည်စွာ ကြည့်လာလေသည်။
ထိုအခါ ရှောင်းကျန့် ရိပေါ်၏ခါး ကို တံတောင်ဖြင့် မသိမသာတွတ်လိုက်သည်။
"အစ်ကို... ကျနော် ရောက်ပြီ "
ရိပေါ်က ရေလိုက်ငါးလိုက်ဖြင့် ဝင်လုံးသော်ငြား အိုဆယ်ဟွန်း က အခြေအနေတွေကို ချက်ချင်းနားမလည်သေး။ အရင်ဆုံး ဦးလေးလုဟန်ကို ကြည့်သည်။ ရှောင်းကျန့်ကတော့ တစ်ခုခုလွဲချော်သွားမှာ စိုးရိမ်နေတာကြောင့် အသက်ဖြောင့်ဖြောင့် မရှူရဲ။
မာမားနှင့် ကြီးကြီးသည်လည်း ဆယ်ဟွန်း ဆီမှ စကားတစ်ခွန်းကိုစောင့်နေသယောင် သူ့ကိုသာ လှမ်းကြည့်လို့နေသည်။
"ငါ မြင်တယ် "
ဘယ်အခြေအနေမဆို တသမတ်တည်းရှိတတ်သည့် သူတို့ နှစ်ယောက်လုံး၏ ရေခဲရိုက်မျက်နှာများကိုပဲ ကျေးဇူးတင်ရမည်။ အေးစက်စက် စကားက အောင့်သက်သက်နိုင်သော်လည်း ဒါကမှ ယုံကြည်လက်ခံနိုင်တဲ့ အမှန်တရားလိုလို။