All I Ever Need Is You

20.6K 2K 145
                                    

ကျောင်း​တွေပြန်​ဖွင့်​​တော့ ဝမ်​ရိ​ပေါ်က ဒုတိယနှစ်​​ရောက်​ပြီ။ သူနဲ့ ​ရှောင်းကျန့်​ရဲ့ ချစ်​သူသက်​တမ်းက​တော့ တစ်​နှစ်​ရှိပြီလို့ဆိုရမှာ​ပေါ့။

ကျိုးကျို့်လုဟန်​က လက်​ထပ်​ပြီးတာနဲ့ သူ့​ယောက်ျားအိုဆယ်​ဟွန်းနှင့်​ အိမ်​သပ်​သပ်​ခွဲ​နေသည်​။ ဆို​တော့..ကျန်​ခဲ့တဲ့အိမ်​မှာ ​ရှောင်းကျန့်​တစ်​​ယောက်​တည်း။

တခါတ​လေ ဝမ်​ရိ​ပေါ်က ညဘက်​​တွေ စိတ်​မချလို့ဆိုတဲ့ အ​ကြောင်းပြချက်​ကို ခပ်​တည်​တည်​​ပေးပြီး လာအိပ်​တတ်​သည်​။ တစ်ဖက်​အိမ်​မှာ တစ်​​ယောက်​တည်း ကျန်​ခဲ့တဲ့ သူ့အ​မေရင်းကို​တော့ မျက်​စိစုံမှိတ်​ စိတ်​ချတယ်​ထင်​ပါ၏။

အဲ့လိုမျိုး သူလာအိပ်​တဲ့ည​တွေဆို နှစ်​​ယောက်​အမြဲ တစ်​ခုခုကို အတူလုပ်​သည်​။ 

လျှောက်​ မ​တွေးပါနဲ့။ မုန့်​လုပ်​စားကြတာကို ​ပြောတာပါ။

နောက်​ပြီး ထူးခြားလာတဲ့အချက်​တစ်​ခုရှိသည်​။ အဲ့တာက​တော့ ​ရှောင်းကျန့်​သည်း​လေး ဝမ်​ရိ​ပေါ် အရပ်​ ၂စင်​တီမီတာ ထပ်​ရှည်​လာပြီဆိုတာပါပဲ။ မင်းတို့ လက်​ခုပ်​တီးပြီး ကွန်​သွားကြဦး။

ပြီးခဲ့တဲ့ လ​တွေမှာ နယ်​က ​ရှောင်းမာမားက ​ရှောင်းကျန့်​ကို အိမ်​​ထောင်​ချ​ပေးဖို့ အမြဲ​​ချောင်းတယ်​။ သူမ သ​ဘောတူထားတဲ့ လျှုံ​ဝေကို လူပျို​လေးတစ်​​ယောက်​တည်းရှိတဲ့ ​ရှောင်းကျန့်​အိမ်​အထိ အလည်​အပတ်​​စေလွှတ်​တာပဲကြည့်​။

ဒါ​ပေမယ့်​ ခက်​တာက အဲ့​ကောင်​မ​လေး ဘာဆိုတာ မာမား မသိတာပင်​။ လျှုံ​ဝေက ​ပြော​တော့​ပြောသည်​။ဂျပန်​က ဖူဂျီ​တောင်​နှင့်​ခပ်​ဆင်​ဆင်​။ ထားပါ အဲ့လိုမျိုးတဲ့ အဲ့​တော့ သူက ​ရှောင်းကျန့်​တို့ကို အား​ပေးတယ်​တဲ့။

သူမက ဘယ်​​လောက်​အန္တရယ်​ကင်းကင်း ​ရှောင်းကျန့်​သည်း​ဥ​လေး ဝမ်​ရိ​ပေါ်က​တော့ သူမကို အမြင်​မကြည်​ဆဲပါပဲ။ လျှုံ​ဝေမှ မဟုတ်​ဘူး။ ဝမ်​ရိ​ပေါ်က ​ရှောင်းကျန့်​အနားကပ်​တဲ့ ဘယ်​သူ့ကိုမှ မကြည်​တာ။

All I Ever Need Is You Where stories live. Discover now