တွေ့ဆုံခြင်း

1.5K 132 7
                                    

အမှောင်ကမ္ဘာက...သူ...

Zawgyi

"ရား...ဝင်​တိုက်​ပြီး ​တောင်းပန်​ရမှန်းမသိဘူးလား"

နားကိုဒုက္ခ​ပေးစွာ လာရိုက်​ခတ်​တဲ့ ​​နောက်​​ကျောဘက်​ကအသံ​ကြောင့်​ ​စောင်း​ပေစွာလှည့်​ကြည့်​​တော့...

"ဘာလဲ...ဇာတ်​လမ်းဆင်​တာလား..."

ဆက်​​ပြောလာပြန်​သည့်​ ထိုသူ။

ဒူးအထက်​ခန့်​ရှိစကတ်​တိုတိုက လဲကျ​နေတာမို့​ပေါင်
သားတို့ကိုဖုံးထားနိုင်​စွမ်းမရှိ။
လိုတာထက်​ရဲ​နေတဲ့ နှုတ်​ခမ်း​ပေါ်မှ အဆီ​တွေက
ဘေးကိုအနည်းငယ်​စွန်းထင်း​နေသလို ကာလာခြယ်​မျက်​ဝန်း​တွေက ရီ​ဝေ​ဝေမို့ ထိုမိန်းက​လေးမူး​နေမှန်း
သိသာ​ပေမဲ့ ​ချန်းယောလ် က​တော့မသိခဲ့ပါ။
ဂရုမစိုက်​စွာ အကြည့်​တို့ကိုယုတ်​လိုက်​ပြီး လှည့်​ထွက်​လိုက်​​တော့

*ဘုတ်​...*

နောက်​​ကျောဆီကို မှန်​လာသည့် လက်​ကိုင်​အိတ်​ရဲ့
နောက်​ဆက်​တွဲအဖြစ်​...

"နင့်​ကို ​တောင်းပန်​လို့​ပြော​နေတယ်​​လေ...​ခွေး​ကောင်​ရဲ့"

လူမှန်းမသိ​အောင်​ မူး​နေသည်​မို့ ​ပြောမိ​ပြောရာ​ပြော
နေတဲ့ ထိုမိန်းက​လေးရဲ့စကားက ချန်းယောလ်​၏မူမမှန်သည့်
စိတ်​တို့ကိုနှိုးထရန်​ ​ဆော်​​သြော်​လိုက်​သည့်​နှယ်​။
ရုတ်​တရက်​ ပြန်​လှည့်​လာတဲ့​ ချန်းယောလ်က ထိုမိန်းက​လေးကိုဆွဲမကာ လက်တစ်ဖက်နှင့် ​​​​လည်​ပင်းကို ကိုင်​ညစ်​ရင်း ကြမ်းတမ်းတမ်း အုတ်​တံတိုင်းဆီသို့ဆွဲကပ်​လိုက်​သည်​။

"ငါ့ကို ဘာကိစ္စနဲ့အမိန့်​လာ​ပေး​နေတာလဲ...မင်းမှာ အဆင့်
့ဘယ်​​လောက်​ရှိလို့လဲ"

တိုးညင်း​ပေမဲ့ ခတ်​ထန်​မှုအပြည့်​ပါ​သော ချန်းယောလ်
အသံက ​နတ်​ဆိုးတစ်​​ကောင်​လို။
တင်းကြပ်​​နေသည့် လက်​ဖဝါး​ကြောင့်​ မိန်းက​လေးမှာ
အသက်​ကိုလုရှူ​နေရသလို ​ချန်းယောလ်လက်​ကို သူမလက်​​တွေနဲ့ဆွဲဖယ်​နေ​ပေမဲ့ အရာမယွင်း။

အေမွာင္ကမာၻက...သူ...(completed)အမှောင်ကမ္ဘာက...သူ...Where stories live. Discover now