Zawgyi
အမှောင်ကမ္ဘာက...သူ...
အဆုံးမရှိတဲ့ mystery
ဝေဝါးနေတဲ့ memory
ငါ့ဆုံးဖြတ်ချက်တွေ ဘာကြောင့်များ မမှန်နိုင်သေးတာလဲ....?
********************
အပြန်တစ်လျှောက်လုံး ကျနော့်ခြေထောက်တို့ဟာ
သိပ်ကိုယိုင်နဲ့နေခဲ့သည်။
လေးပင်ပင် ခြေလှမ်းတွေနဲ့အတူ အောင့်သက်သက်
နှလုံးသားဟာ ဆွေးမြေ့လို့နေခဲ့၏။ခြံ၏တစ်နေရာက အရောင်အဝါတောက်ပလျက်ရှိသည့် ပန်း
ပင်တချို့နဲ့ရေမရ၍ညှိုးငယ်စပြုနေသော ပန်းပင်တချို့၊ထိုပန်းပင်လေးများဘေးက ပေါင်းပင်များနှင့် ခြောက်ကပ်သည်အထိသေနေသော အပင်တို့ကို
ငေးကြည့်မိသည်မှာ အကြောင်းပြချက်မဲ့၏။အတိတ်...
ထိုအပင်လေးတွေမှာလည်း ကျနော့်ရဲ့အတိတ်တချို့ကပ်ညှိနေသည်ထင်ရဲ့....
"ငါကပန်းလေးတွေကိုချစ်တယ်...သူတို့က ဖြူဖြူစင်စင်ရှင်သန်နေကြတာလေ"
နားစည်သို့ထိခတ်လာသည့် တီးတိုးစကားသံ။
ပေါင်းပင်လေးတွေကိုနှုတ်ရင်း ပန်းလေးတွေကိုချစ်တဲ့
အကြောင်းဆိုလာတဲ့ ကောင်ကလေးတစ်ယောက်ကိုလည်း မြင်ကွင်းထဲမှာခတ်ထင်းထင်းမြင်ယောင်မိ။အလင်းရောင်တချို့မဲ့နေခဲ့သည့် အိမ်ခန်းကျယ်ဟာ
နာကျင်မှုတချို့ကို ညှို့ယူစေပြန်သလား။"ဖေဖေနဲ့မေမေ....သားအရမ်းအထီးကျန်နေရသလို
ပဲ...သားဘေးမှာဘာလို့ဘယ်သူမှရှိနေမနေတာလဲဘာလို့ သားတစ်ယောက်ထည်းပဲလဲ...?"
မှုန်ဝါးဝါး ဓာတ်ပုံ၏မျက်နှာပြင်ကို ထိတွေ့ပွတ်သပ်ရင်း
ညည်းတွားမိတော့ မျက်ရည်စတို့က စို့နစ်လို့လာပြန်ရသည်။
ဘာကြောင့်မှန်းမသိ နာကျင်နေရတဲ့ရင်ခွင်ဟာ
တစ်စုံတစ်ယောက်ကို ရူးရူးမိုက်မိုက်တမ်းတနေမိသလိုမျိုး။
YOU ARE READING
အေမွာင္ကမာၻက...သူ...(completed)အမှောင်ကမ္ဘာက...သူ...
Fanfictionအချစ်ကကျိန်စာမဖြစ်နိုင်ပေမယ့် အချစ်မှာကျိန်စာသင့်နိုင်သလား... ဒါဆိုရင် ငါတို့ချစ်ခြင်းဟာ ကျိန်စာတွေနဲ့ထင်ပါရဲ့ ... ******* အချစ်ကကျိန်စာမဖြစ်နိုင်ပေမယ့် အချစ်မှာကျိန်စာသင့်နိုင်သလား... ဒါဆိုရင် ငါတို့ချစ်ခြင်းဟာ ကျိန်စာ...