ခုန်မင်ခြင်း

868 137 28
                                    

အမှောင်ကမ္ဘာက...သူ...

Zawgyi

ရေချိုးပြီးသည်​နှင့်​ ထမင်းပွဲပြင်​ကာ ထိုင်​​စောင့်​​နေသည့်
ဆယ်ဟွန်းကို​တွေ့ရသည်​မို့ ​ချန်းယောလ်​ပြုံးမိပြန်​သည်​။

"စားနှင့်​တာမဟုတ်​ဘူး..."

"တစ်​​ယောက်​ထဲစားစရာလား...?"

နှုတ်​ခမ်းစူကာဆိုသည့်​ ဆယ်ဟွန်းက ချန်းယောလ်​မျက်
ဝန်း​တောက်​​တောက်​ကိုဆွဲ​ဆောင်​၏။
ချန်း​ယောလ်​ ခဏတာ​ငေးမိသွား​သော်​လည်း အကြည့်​ကို
ပြန်​ယုတ်​ရင်းထမင်းအဖြူထည်​တစ်​ဇွန်းကို​ကော်​ကာစားလိုက်​သည်​။

ချန်း​ယောလ်​အိမ်​ပြန်​လာတိုင်း အမြဲဟင်းထုတ်​​လေးဆွဲကာ
လာတတ်​သည်​မို့ ဆယ်ဟွန်းကထမင်းတည်​သည့်
အလုပ်​သာလုပ်​ရသည်​။
တစ်​မျိုးတည်း​သော ကြက်​ချဉ်​စပ်​ဟင်း​လေးကို​ကော်
ကာ ​ချန်းယောလ်​ပန်းကန်​ထဲသို့ထည့်​​ပေး​တော့ အရင်​ကလိုပဲ ဆယ်ဟွန်းကို​မော့ကြည့်​ပြန်​သည်​။
ထို့​နောက်​ အရင်​ကလိုပဲ ပါးချိုင့်​ကြီး​ပေါ်​အောင်​ပြုံး
ရင်းပြန်​ငုံ့သွားပြန်​သည်​။

ထိုအပြုအမူအားလုံးကို ဆယ်ဟွန်းအလွတ်​နီးပါး
ရ​နေသည်​အထိ ဂရုတစိုက်​ရှိ​နေမိသည်​။
အမြဲပြုတတ်​​သော ထိုအပြုအမူတိုင်းက ဆယ်ဟွန်းကိုရင်​ခုန်​​စေ၏။
ထိုအပြုအမူတိုင်းကိုဆယ်ဟွန်း ချစ်​သည်​။
မြတ်​နိုးသည်​။အမြဲမြင်​​နေခွင့်​ ဟူ​သော​တောင်းဆု
ကို ညအိပ်​ယာဝင်​တိုင်း ဆု​တောင်းမိသည်​ကို ချန်းယောလ်​ မသိခဲ့။

"စားလို့​ကောင်းလား...?"

"အွန်း....​ကောင်းတယ်​....ထမင်းအဆင်​​ပြေရဲ့လားဟင်​"

ချန်း​​ယောလ်​အ​ဖြေကို​စောင့်​စား​နေသည့်​ ဆယ်ဟွန်း
မျက်​ဝန်း​လေး​တွေက အ​ရောင်​တလတ်​လတ်​။
ချန်း​ယောလ်​က အားရစွာပြုံးရင်း ​ခေါင်းညိမ့်​ပြသည်​မို့
ဆယ်ဟွန်းသွားစွယ်​​လေး​တွေ​ပေါ်​အောင်​ပင်​ရယ်​မိလိုက်​သည်​။

*မင်းသိလား ​ယောလ်​...မင်းပြုံးရင်​သိပ်​ချစ်​ဖို့ကောင်းတာ*

အေမွာင္ကမာၻက...သူ...(completed)အမှောင်ကမ္ဘာက...သူ...Where stories live. Discover now