တွယ်ငြိခြင်း

992 126 5
                                    

အမှောင်ကမ္ဘာက...သူ...

Zawgyi

မီးဖိုခန်းဆီ​ရောက်​​နေ​ပေမဲ့ စားစရာ​ပေါ​ပေါများများမရှိ
သည့်​ ၎င်းမီးဖိုခန်းအတွင်း ဆယ်ဟွန်း တစ်ယောက်
နောက်​​နောက်​လဲလျက်​။

ခတ်​​ဟောင်း​ဟောင်း စဉ်​တစ်​ခုထက်​မှာတင်​ထား
သော ​ခေါက်​ဆွဲ​ခြောက်​ထုတ်​​လေးထုတ်​အနက်​မှ တစ်
ထုတ်​ကိုယူကာ ​ဂတ်​စ်​မီးဖိုတွင်​​ရေ​နွေးတည်​ရန်​ပြု​သော်
ငြား ထိုမီးဖိုအားဘယ်​ကစလို့ဖွင့်​ရမည်​မှန်း ဆယ်ဟွန်းမသိ။

ယောင်​ချာချာနှင့်​ မီးဖိုအားကုန်းကြည့်​​နေတုန်း
အ​နောက်​ဘက်​ဆီမှ ​ချန်းယောလ်​၏ပြတ်​သားသားအသံကပီပြင်​စွာထွက်​လာ၏။

"ဘာ​တွေရှာ​နေတာလဲ...?"

ရုတ်​တရက်​မို့လန့်​သွားသည့်​ ဆယ်ဟွန်းက မီးဖိုကို
ငုံ့ကြည့်​​နေရာမှ အလန့်​တကြားထရပ်​​လေသည်​။
မီးဖိုခန်းဝက ​ချန်းယောလ်​ကို အားနာနာကြည့်​ရင်း...

"ဟို...​ရေ​နွေးတည်​မလို့လုပ်​တာ...မီးဖိုက......"

စကားကိုမဆက်​ပဲ အူ​ကြောင်​ကြားအကြည့်​​လေးနဲ့ ချန်း
ယောလ်​ကိုကြည့်​လိုက်​ မီးဖိုကိုကြည့်​လိုက်​လုပ်​​နေ
သည့်​ ​ဆယ်ဟွန်း​ကြောင့်​ ချန်းယောလ်​ မှာပြုံးမိ​တော့မလို။

အနားသို့ကပ်​လာသည့်​​ ​ချန်းယောလ်​​ကြောင့်​ ဆယ်ဟွန်း
ဘေးသို့အသာ​ရွှေ့လိုက်​သည်​။
ခေါက်​ဆွဲပြုတ်​မည့်​အိုးကို မီးဖို​ပေါ်တင်​ကာ ချန်းယောလ်
က ဂတ်​စ်​မီးဖိုကိုဖွင့်​လိုက်​သည်​။

ပြူးပြဲကြည့်​ကာ မီးဖိုဖွင့်​နည်းကိုမှတ်​သား​နေသည့်
ဆယ်ဟွန်းကို ​ချန်းယောလ်​တစ်​ချက်​ကြည့်​ကာ ပြုံးလိုက်
မိ​သော်​ငြား မီးဖိုကိုအာရုံ​ရောက်​​နေသည့်​ ဆယ်ဟွန်းမှာ​တော့ ထိုအပြုံးကိုမမြင်​လိုက်​။
နေမ​ကောင်းသည့်​​ ချန်းယောလ်​က မိမိအတွက်​​ရော၊ဆယ်
ဟွန်း​အတွက်​ပါ ​ခေါက်​ဆွဲပြုတ်​​ပေးရသည်​။
ချန်း​ယောလ်​က စတီးအုတ်​ တစ်​လုံးယူကာ ထည့်​ရန်​ပြုမှ
ဆယ်ဟွန်းမှာပြာပြာသလဲ...

အေမွာင္ကမာၻက...သူ...(completed)အမှောင်ကမ္ဘာက...သူ...Where stories live. Discover now