(1)edited

8.2K 485 16
                                    

"XXX တက္ကသိုလ်မှာ ဒုတိယနှစ်ကျောင်းသား တစ်ဦး
တိုက်ပေါ်မှခုန်ချ၍ ကိုယ့်ကိုကိုယ်အဆုံးစီရင်ခဲ့ပါတယ်...ဒီကိစ္စကို ရဲတွေက စစ်ဆေးပြီးတဲ့နောက် ထိုကျောင်းသားကို အဆုံးစီရင်ဖို့ဖိအားပေးခဲ့သူရှိခဲ့တယ်လို့ဆိုပါတယ်..ထိုသူကို စစ်ဆေးမေးမြန်းနေဆဲ ဖြစ်တာကြောင့် အတိအကျတော့မသိရသေးပါဘူး..."

"ဖိအားပေးခဲ့တဲ့သူက ထိုတက္ကသိုလ်က ပါမောက္ခတဦးဖြစ်တယ်လို့သိရှိရပါတယ်..."

"ဟယ် ဆရာတယောက်ဖြစ်ပြီး....အာ့လိုလုပ်ရက်ရသလား"

"ငါဖြင့်မထင်ထားခဲ့ဘူး အဲ့ဒီဆရာက အာ့လိုကြီးဆိုတာ...စာသင်ကောင်းလို့လေးစားနေခဲ့တာ"

"ဆရာ..ဘယ်လိုလုပ်ဒီလိုမျိုး..."

ငါမဟုတ်ဘူး....ငါမလုပ်ခဲ့ပါဘူး.....ကျေးဇူးပြုပြီး ငါ့ကိုနားထောင်ပေးကြပါ....။

မဟုတ်ဘူး..သူသေသင့်တာပဲ...သူမသေရင် သေသွားမယ့်သူက ငါဖြစ်သွားလိမ့်မယ်။

ဒါပေမယ့် သူ့ကို သေပါစေလို့ရည်ရွယ်ပြီး ငါပြောခဲ့တာမဟုတ်ဘူး..သူကငါ့ကိုဖိအားတွေပေးလို့...မွန်းကြပ်စေလို့...ငါသည်းမခံနိုင်တော့လို့ပါ...

__________________________________

"ရှောင်းကျန့် ခင်ဗျား ဒီFebruary 13 သောကြာနေ့ ည ၈.၂၇ မှာ သေဆုံးသူထံ message ပို့ခဲ့တယ်...သူသေဖို့နာရီဝက်အလိုမှာပေါ့...မင်းသာ သေသွားရင် ငါ့ဘဝက အေးချမ်းသွားမှာ...ငါ့ဘဝထဲကပျောက်ကွယ်သွားပေးပါဆိုပြီး..ဟုတ်တယ်မလား"

"ဟုတ်ပါတယ်"

"ခင်ဗျားတို့နှစ်ယောက်က ဘယ်လိုဆက်ဆံရေးလဲ"

"......."

"ဒါဆိုနောက်တခုမေးမယ်...ဘာလို့သူ့ကို ဒီလိုmessageတွေပို့ခဲ့တာလဲ"

"ကျွန်တော်...ကျွန်တော်...ဘယ်လိုမှ မခံစားနိုင်တော့လို့ပါ.."

ထိုစကားပြောအပြီးတွင် လက်နှစ်ဖက်ဖြင့်မျက်နှာကိုအုပ်ကာ ချုံးပွဲချ ငိုကြွေးနေသော သက်လက်ပိုင်း လူငယ်ကို ကြည့်၍ စစ်ဆေးတဲ့အခန်းကျဉ်းထဲက တာဝန်ရှိသူ စုံထောက်နှစ်ယောက် တယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း သက်ပြင်းချလိုက်သည်။ ယောက်ျားလေးတစ်ယောက်ရဲ့ ရှိုက်ကြီးတငင်ငိုကြွေးပုံက မြင်ရသူတွေကို ဆို့နင့်စေသည်။ ယောက်ျားချင်းမို့ သူတို့လဲ ကိုယ်ချင်းစ နားလည်မိသည်။ ဒီလူဘယ်လိုတွေဖြတ်သန်းခဲ့ရလို့လဲ...ဘာတွေပြိုလဲနေလို့လဲ။

INFLICTED (Yizhan)Where stories live. Discover now