(4)

3.5K 355 25
                                    

ကျွန်တော်နဲ့တူတူလိုက်သေပေးပါလား ရှောင်းကျန့်..

ခင်ဗျား..ကျွန်တော့ဆီကနေ ဘယ်တော့မှပြေးလွတ်မှာမဟုတ်ဘူး..ငရဲထိတူတူသွားကြမယ်..။

အားးးးးး!!!!

ရှောင်းကျန့် နဖူးကနေ ရင်ဘက်ထိ ရွှဲစိုနေတဲ့ချွေးစေးတွေကို စိတ်ပျက်စွာကြည့်လိုက်မိသည်။ ပြီးတော့ ခြောက်ကပ်နေတဲ့ အာခေါင်ရယ်  နားစည်ထဲတဒိန်းဒိန်းနဲ့ မြည်နေတဲ့ ရင်ဘက်ခုန်သံနဲ့နိုးထရခြင်းဟာ သူ့အတွက် မဆန်းလှတဲ့အရာတွေမို့ သိပ်အရေးတယူမလုပ်ဖြစ်။

ဘေးနားက စားပွဲပေါ် အသင့်တင်ထားတဲ့ရေဘူးကိုယူပြီး အငမ်းမရမော့သောက်ရင်း စားပွဲပေါ်ပြန့်ကျဲနေတဲ့ ဆေးဖြူလုံးတွေကို မမြင်ချင်လို့ သူ မျက်နှာလွှဲမိတယ်။
ညညဆို သောက်ရတဲ့အရေအတွက်က အရင်ကထက် ပိုတိုးသထက်သာတိုးလာတယ် မလျော့သွားဘူး။

Notiတခုတက်လာတော့ လင်းသွားတဲ့ဖုန်း screen ပေါ်က စာလုံးတွေဂဏန်းတွေဟာ ဒီနေ့ဟာ အားလပ်ရက်ဆိုတာကို ညွှန်ပြနေတယ်။ ဝင်လာတဲ့ message တစောင်ကိုတော့ တကူးတကဖွင့်မကြည့်ဖြစ်ဘူး...။

ညောင်..ညောင်

" Jianguoလေး လာပြီလား"

နှိုးစက်ထက် အချိန်မှန်တတ်တာတော့ jianguo လေးပဲ ..စေ့ထားတဲ့ အခန်းတံခါးကို သူ့ရဲ့ လက်တိုလေးနဲ့တွန်းဖွင့်ပြီး ကုတင်ပေါ်ကုပ်တက်နေတာကိုပြုံးကြည့်မိတယ်။

ဟုတ်တယ်...ကျွန်တော်ပြုံးမိသွားတယ်။

စိတ်လိုလက်ရ ပြုံးရတာတွေရှားပါးလာတော့  မသိစိတ်က တခါတလေပြုံးမိတာကို အလိုလို သတိပြုမိလာတယ်ထင်ရဲ့။

စောင်ပုံထဲကနေ Jianguo ဟာ ကျွန်တော့်လှုပ်ရှားမှုတွေကို ခေါင်းလေးစောင်းပြီး လိုက်ကြည့်နေတယ်။မျက်နှာသစ်ပြီး ထွက်အလာမှာ
အခန်းတံခါးကို တဒုန်းဒုန်းထုသံကြောင့် လန့်သွားရတယ်။

ဒီလောက်အစောကြီး ဘယ်သူများလဲ..။

တံခါးဝမှာရပ်နေတဲ့သူကြောင့် ရှောင်းကျန့် အံ့ဩမိသွားသလို ဒေါသလဲထွက်သွားရတယ်။

"ဘာကိစ္စလဲ ဝမ်ရိပေါ်! ဘဲလ်တီးလေ ဘာလို့ စောစောစီးစီး သူများအိမ်တံခါးကိုလာထုနေတာလဲ"

INFLICTED (Yizhan)Where stories live. Discover now