(2)

5.6K 456 27
                                    

"...လူတွေရဲ့ ယုံကြည်မှု ခံယူချက် အမြင်တွေက သူတို့ထောက်ခံတဲ့ သတင်းအချက်လက်တွေပေါ်မူတည်တာဖြစ်တယ်..တချိန်ထဲမှာပဲ သူတို့လက်ခံတဲ့ဝါဒရဲ့ဆန့်ကျင်ဘက်ကို လစ်လျူရှုတတ်လေ့ရှိကြတယ်...ဘာလို့လဲဆိုတော့ သူတို့လက်ခံရာ ယုံကြည်ရာကို ပိုသန်မာလာစေချင်လို့..သူတို့အမြင်ကမှန်တယ်..သူတို့လုပ်တာကသာအမှန် ဒီအယူဆကသာအမှန် အဲ့လိုမျိုးဖြစ်စေချင်လို့..ဒါတွေကို ဘယ်လိုခေါ်လဲဆိုတော့...."

စာသင်ခန်း နောက်ကတံခါးဖွင့်သံကြောင့် ရှောင်းကျန့်ပြောလက်စရပ်သွား၏။ ဝင်လာတဲ့ကျောင်းသားတစ်ယောက်က ဦးထုပ်အနက်ကိုငိုက်ငိုက်ဆောင်း၍ အနောက်စွန်းနားဝင်ထိုင်သည်။

"ဆရာ့အချိန် ဦးထုပ်တွေ maskတွေချွတ်ပေးထားပါ...ဆိုတော့ ခုနပြောလက်စလေး...အဲ့ဒီလို ကိုယ်သန်ရာကိုဦးစားပေးရှာဖွေတတ်တဲ့ behaviour ကို confirmation bias ဖြစ်တယ်လို့ဆိုတယ်..လူတိုင်းကတော့ နှစ်ရှည်လများကိုယ်ကြုံတွေ့ခဲ့တဲ့အတွေ့အကြုံတွေ သတင်းအချက်လက်တွေကနေတဆင့် ဖြစ်လာတဲ့ ကိုယ့်ရဲ့ခံယူချက်တွေကကျိုးကြောင်းဆီလျော်တယ်..ယုတ္တိရှိတယ်..သမာသမတ်ကျတယ်လို့မြင်တယ်....ဒါပေမယ့် တကယ်တမွးကျတော့ ခုနက ဆရာပြောခဲ့သလိုပဲ..ကိုယ်သန်ရာကိုသာ ယုံကြည်ချင်တဲ့ ပြသနာသေးသေးလေးကတော့ လူတိုင်းစိတ်ထဲမှာရှိကြတယ်....ပိုရှင်းအောင် ဥပမာနဲ့ပြောရင် ပြသနာတခုကို ထောက်ခံတဲ့သူနဲ့ ဆန့်ကျင်တဲ့သူကရှိကြတာပဲ...ဆန့်ကျင်တဲ့သူက သူ့ခံယူချက်ကဒီလိုမို့ဆန့်ကျင်ပါတယ်ဆိုတဲ့ အဆိုကို ပိုခိုင်မာအောင် အချက်လက်တွေစုတယ်..သူတို့အယူကို လက်ခံလာအောင် ဖန်တီးပြောဆိုကြတယ် ဒီလိုပေါ့"

ဖုန်းက အချိန်စေ့ပြီဆိုတာကို ပြတော့ ရှောင်းကျန့် နိဂုံးမြန်မြန်ချုပ်လိုက်သည်။

"ကဲ ဒီနေ့တော့ဒီလောက်ပဲ...assignment ကို websiteပေါ်တင်ပြီးသားမို့ စစ်ကြည့်လိုက်ကြပါ deadline က နောက်လ ၁၅ရက်နေ့အမီပေးရပါမယ်"

ကျောင်းသားကျောင်းသူတွေက သူ့အားနှုတ်ဆက်ပြီး အခန်းထဲမှ အလျိုလျိုထွက်သွားကြ၏။ ရှောင်းကျန့်က website ပေါ်ကattendance ကို တချက်စစ်နေသည်။
လူသစ်တစ်ယောက်တိုးလာတာကို စာရင်းမှာတွေ့တော့ အံ့ဩသွား၏။

INFLICTED (Yizhan)Where stories live. Discover now