ထမင်းစားပွဲပေါ်က အဆက်မပြတ်တုန်ခါနေတဲ့ ဖုန်းကို အသက်မဲ့စွာ အကြာကြီးစိုက်ကြည့်နေမိသည်။ ဒွိဟတွေကြား ရုန်းကန်ပြီး ခဏအကြာတွင်တော့ အစိမ်းရောက်ခလုပ်လေးကို လက်နဲ့ထိလိုက်၏
"ဟလို..ဟလို အားကျန့် ကိုယ်ပါ..အဆင်ပြေလားသိချင်လို့..ဟယ်လို..အားကျန့်..အားကျန့်..နားထောင်နေလား"
တဖက်ကနေ မျှော်လင့်တကြီးနဲ့ သူ့နာမည်ကိုထပ်ခါထပ်ခါ ခေါ်နေတာကို အသံတိတ်ပြီး နားထောင်နေမိတယ်။ ဓားရိုးကိုကိုင်ထားတဲ့သူက ဓားစိုက်ဝင်ပြီးသွေးရှင်ရှင်ထွက်နေတဲ့သူကို အဆင်ပြေလား မေးတာ သိပ်ကိုရယ်ဖို့ကောင်းတယ်မဟုတ်လား။
"အင်း...."
"Thanks God ကိုယ်မင်းအသံလေးကို အရမ်းလွမ်းနေတာ"
အက်ရှရှနဲ့ လူကြီးဆန်တဲ့အသံကို သူတချိန်က သိပ်ကိုစွဲလမ်းရူးသွပ်ဖူးတယ်..ဒါပေမယ့် အခုချိန် ကျနော်ထပ်မကြားချင်တော့ဘူး။
"လျှိုဟိုက်ခွမ်း..ခင်ဗျားနဲ့ကျွန်တော် ပြီးသွားခဲ့ပြီ..နောက်ဆိုဖုန်းမဆက်ပါနဲ့တော့"
"ကိုယ် မင်းတိုက်ခန်းရှေ့ရောက်နေပြီ"
"ပြန်ပါတော့"
"အားကျန့်ရယ်...ကိုယ်မင်းကို.တခေါက်လောက်ပဲတွေ့ချင်လို့ပါ"
"......"
"နော်..ကျေးဇူးပြုပြီး မျက်နှာလေးတော့ မြင်ခွင့်ပြုပါ"
"မင်း လာချင်တိုင်းလာ သွားချင်တိုင်းသွားရအောင် ငါက public အိမ်သာမဟုတ်ဘူး လျှိုဟိုက်ခွမ်း..ငါမင်းနဲ့ပက်သက်ရင် လွယ်ခဲ့တာတွေအတွက် အရမ်းကိုနောင်တရနေလို့ မင်းကိုထပ်မတွေ့ချင်တော့ဘူး ပြန်ပါတော့..ပြီးတော့"
စကားမဆုံးသေးခင်မှာပဲ အိမ်ရှေ့ဘဲလ်ကိုအဆက်မပြတ်နှိပ်ပြီး တံခါးကို တဒုန်းဒုန်းနဲ့ ထုနေသံကိုကြားရသည်။
တောက်တချက်ပြင်းပြင်းခေါက်၍ တံခါးကိုဆွဲဖွင့်လိုက်ပြီး ရှေ့တွင်ရပ်နေသော လျှိုဟိုက်ခွမ်းကို လက်ကနေ ခပ်ကြမ်းကြမ်းဆောင့်ဆွဲ၍ အထဲကို ခေါ်သွင်းလိုက်သည်။
"မင်း ဒါဘာလုပ်တာလဲ!"
မျက်နှာကို မြင်တော့ ဒေါသကတော့ ပိုထွက်လာရပြီး ဟိုက်ခွမ်းရင်ဘက်ကိုတချက်ဆောင့်တွန်းပစ်ရင်း ထိုးပစ်ချင်စိတ်ကိုမျိုသိပ်လိုက်ရသည်။
YOU ARE READING
INFLICTED (Yizhan)
Fanfiction(By Hyacinths_14) မာနတွေ..သိက္ခာတွေ အတ္တတွေကို 'ချစ်တယ်'ဆိုတဲ့ အပြာရောင်မုသားနဲ့ လဲလှယ်ခဲ့တယ်...ငါတို့ရဲ့အဆုံးသတ်ကရော လှပါ့မလား မာနတွေ..သိက္ခာတွေ အတ္တတွေကို 'ချစ်တယ်'ဆိုတဲ့ အပြာရောင်မုသားနဲ့ လဲလှယ်ခဲ့တယ်...ငါတို့ရဲ့အဆုံးသတ်ကရော လှပါ့မလား Drama/angst ...