ကျောင်းကအပြန် အိမ်တန်းပြန်မလာဘဲ ရှီးယောင်း
တို့် နဲ့တူတူ ဘောလုံးကန်နေတာမို့ ချန်းယောလ် အိမ်ပြန် နောက်ကျခဲ့သည် ။ လွယ်အိတ်ကို တစောင်း
လွယ် အိမ်ထဲဝင်တော့ အောက်ထပ်ဧည့်ခန်းက ဆို
ဖာပေါ်မှာ တင်ပျဉ်ခွေလေးထိုင်နေတဲ့ ခေါင်းပြာ
လေးကို ချန်းယောလ် မြင်တော့သည် ။ကိုယ်တောင်
ကိုယ့်အိမ်ကိုယ်ယာကို အခုမှပြန်ရောက်တာ ၊ သူက
ရေချိုး အဝတ်အစားတောင်လဲထားပြီး အသင့် ထိုင်
စောင့်နေသည်တဲ့လား ။ မများလွန်းဘူးလား ခေါင်း
ပြာလေးရေ ။ အဝါရောင် တီရှပ်ကလေးနှင့် ဆင်စွယ်ရောင် ဒူးသာသာထိရှိတဲ့ ဘောင်းဘီတိုလေးကို
ဝတ်ထားပြန်သည် ။ ခေါင်းပြာလေးက ဒီလို ပုံစံမျိုး
လေးတွေသာ ဝတ်တတ်လေ့ရှိသည် ။ တိုနှံ့ နှံ့ 
ဘောင်းဘီကို တင်ပျဉ်ခွေထိုင်နေတော့ ပေါင်လယ်
အထိသာ ရှိသည် ။" မောင့် "
ဆိုဖာပေါ်ကနေ အပြေးဆင်းလာကာ ကိုယ့်အနား
ရောက်လာတဲ့ ခေါင်းပြာလေးက အသည်းယားစရာ
သေးသေးကွေးကွေးကလေး ။ ကိုင်မြှောက်ပစ်လိုက်
ရင် ကလေးတွေလို လွှားခနဲ မြှောက်တက်သွားနိုင်
သည် ။ လူကိုများတွေ့ရင် အပြုံးတွေက ဖောဖောသီ
သီ ပေးသည် ။ ရယ်လိုက်တိုင်း တမျိုးထူးခြားသွားတဲ့ နူတ်ခမ်းပါးပါးလေးတွေ ။" မောင် ပြန်ရောက်ပြီလား ချွေးတွေချည်းပဲနော်
ဘတ်ဟျွန်းနီ မောင့်ကိုလွမ်းတာနဲ့ လာခဲ့လိုက်တာ"လူ တကိုယ်လုံးကို စေ့စေ့စပ်စပ်ကြည့်နေတဲ့ ခေါင်း
ပြာလေးကြောင့် ချန်းယောလ် ယောင်တိယောင်မှား
နဲ့ လွယ်အိတ်ကို ခေါင်းပြာလေးဆီ ထိုးပေးလိုက်မိ
သည် ။ အတင်းထိုးပေးတဲ့ လွယ်အိတ်ကို ရင်ဘတ်
မှာ လက်နှစ်ဖက်နဲ့ ဖက်ပွေ့ထားရင် ကောင်လေးက
ရယ်တာမို့ ချန်းယောလ် ထွက်လာခဲ့နှင့်တော့သည်။" သားပြန်ရောက်ပြီလား ဘတ်ဟျွန်းနီလေးက လာ
စောင့်နေတာကြာနေပြီ "မီးဖိုခန်းဘက်က ထွက်လာတဲ့ မေမေ့ကြောင့် ချန်း
ယောလ် လှည့်ကြည့်လိုက်တော့ ခေါင်းပြာလေးက
လွယ်အိတ်ကို ဖက်ပွေ့ကာ ဟီးခနဲ ရယ်ပြလာသည်။