HeartBeat ♥

10.9K 1.4K 54
                                    


"  မောင်  အိပ်ပုတ်ကြီးလိုက်တာ ထတော့ကွာ "

အိမ်မက်ယောင်ယောင်  မောင် လို့ ခေါ်သံလေး
ကြောင့်  ချန်းယောလ် နူတ်ခမ်းတွေ ပြုံးသွားကာ ရင်
ဘတ်ထဲက စောင်ကို ပွေ့ဖက်ကာ တစောင်းပြင်အိပ်
လိုက်သည် ။ နားထဲမှာ  ဒီအသံလေးက ချိုမြမြ။သေ
ချာတော့  ရူးတော့မှာ ။ အိပ်ရာက နိုးနိုးချင်းတောင်
ဒီခေါင်းပြာလေးအသံကို  နားထဲ ကြားယောင်တယ်။
ချိုမြန်လိုက်တဲ့  မနက်ခင်းလေး ။ ပြုံးယောင်သမ်းနေ
တဲ့  နူတ်ခမ်းတွေက မရပ်တန့်နိုင် ။ ရင်ဘက်ထဲက
စောင်ကို  မောင့်ခေါင်းပြာလေးလို့ သတ်မှတ်ကာ
တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ ရင်ခွင်ထဲ ထည့်
သည်  ။

"  မောင်  အိပ်မနေတော့နဲ့ ဘတ်ဟျွန်းနီ ရောက်နေ
တာ ကြာလှပြီနော်  ထတော့ကွာ ထ "

လက်မောင်းကို ဆုပ်ကိုင်ထားတဲ့ လက်၏ အထိအ
တွေ့ ။ ခါယမ်းကာ  မောင် လို့ ခေါ်နေတဲ့ အသံလေး။
ချန်းယောလ်  အလန့်တကြား တစောင်းအိပ်နေရာက
နေ ပက်လက်လှန်ကာ  မျက်လုံးတွေကို ဆတ်ခနဲဖွင့်
ကြည့်လိုက်တော့  ကိုယ့်အား ငုံ့မိုးကြည့်နေတဲ့ ခေါင်း
ပြာပြာလေး  ။ အမြန်အဆန်ပဲ  ထ,ထိုင်တော့ ရယ်သံ
လေးတွေ  ထွက်လာတဲ့ ခေါင်းပြာလေးက ရှုပ်ပွနေတဲ့  ဆံပင်တွေကို  လက်ကလေးနှစ်ဖက်စလုံးနဲ့ ဟို
သပ် ဒီသပ်  ပြန်ပြင်ပေးလေသည် ။

" မောင်က တကယ်  ချစ်ဖို့ကောင်းတာ သိလား  "

ရယ်သံလေးတွေကြားမှ ဒီစကား ။ ရှက်ရှက်နဲ့ မျက်
နှာ တဖက်လွှဲပစ်ကာ  စောင်ပုံထဲ ပြေးဝင်စိတ်တွေ
က တဖွားဖွား ။ ဆံပင်တွေကို  ဟိုသပ်ဒီသပ် လုပ်
ပေးနေတဲ့  ခေါင်းပြာလေးကြောင့် ငြိမ်ငြိမ်လေး နေ
ပေးဖြစ်သည် ။ ဘယ်ချိန်ထဲက ရောက်နေမှန်း မသိ
တဲ့  ခေါင်းပြာလေးဆီကတော့  အမွှေးနံ့သင်းသင်း
လေးက ရနေသည် ။ မထင်မှတ်မိမဲ့ မျက်နှာလေးကို
သေချာ မြင်ချင်လို့ မျက်လုံးလှန်ကြည့်လိုက်တဲ့အခါ
ကိုယ့်ဆံပင်တွေကိုသာ အာရုံစိုက်နေတဲ့ ခေါင်းပြာ
လေးက ကိုယ့်အတွက် ကြည့်မဝလေး ။ ဒီကနေ့မှ
အရောင်စိုနေတဲ့  ဆံပင်အရောင်ကြောင့် ထပ်ပြီးများ
ဆိုးလာလေသလား ။

HeartBeat ♥[ Complete] Where stories live. Discover now