HeartBeat ♥

10.8K 1.5K 47
                                    


ဒီနေ့မနက်တော့  မောင့်ဆီသွားပြီး တူတူကျောင်းသွားဖို့ ဆုံးဖြတ်ထားပေမဲ့  အိမ်နီးနားချင်း ဆယ်ဟွန်း
နီက သူ့ကား ပျက်နေလို့ပါတဲ့  ။ ဧည့်ခန်းမှာ အသင့်
ထိုင်စောင်ပြီး  ကားစီးရရေး သူ့အရေး လာလုပ်နေ
သည် ။ ဒီပုံစံနဲ့ဆို  မောင့်ဆီသွားတာတောင် ဆယ်
ဟွန်းနီကိုပါ  တူတူခေါ်သွားရဦးမည် ။ မခေါ်ပြန်ရင်
လဲ  ဆယ်ဟွန်းနီက အရပ်ရှည်သလောက် မထင်ရ
လောက်အောင်  စိတ်ဆိုးတတ်ပါသေးသည် ။ လူက
ဖြင့်  လူကြီးပုံစံဖမ်းနေပြီး ၊ ကလေးလေးလို စိတ်ခ
ဏခဏ ဆိုးတတ်တဲ့  ဆယ်ဟွန်းနီကို ချော့ရတာ
တော်တော်လေး  ခက်ခက်ခဲခဲ ။ အခုတောင် သူ့ကို
အချိန်မပေးနိုင်ဘဲ  မောင့်အနား သွားသွားကပ်နေ
တာကို  စိတ်ဆိုးပါသေးတယ် ။ ဒါပေမဲ့ အခုနောက်
ပိုင်းတော့   ဆယ်ဟွန်းနီက ဘာမှမပြောတော့ဘူး ။

ဘတ်ဟျွန်း ကားစမောင်းလာတာနဲ့ ဘေးခုံမှာ ထိုင်
နေတဲ့  ဆယ်ဟွန်းကတော့ လက်ပိုက်ကာ အချိန်
တော်တော်ကြာကြာအထိ တခုခုကို စဉ်းစားနေသ
ယောင်မို့ ဘတ်ဟျွန်း  ခေါင်းစောင်း ကြည့်သည် ။

" ဆယ်ဟွန်းနီး  ဘာတွေစဉ်းစားနေတာလဲ "

" တနေ့တနေ့ မိုးလင်းလာတာနဲ့ ဘာစားရမလဲဆိုပြီး
စဉ်းစားရလွန်းလို့ ငါ့ဆံပင်တွေတောင် ဖြူလာနေပြီ
လား မသိဘူး "

ဆယ်ဟွန်းက သူ့ဆံပင်တွေကို ကိုင်ကြည့်ပြီး အတည်ပေါက်ကြီးနဲ့ပြောတော့ ဘတ်ဟျွန်းက ရယ်သည်။
အစားအသောက်ကတော့ တနေ့တမျိုး မရိုးနိုင်အောင်
စားသောက်လွန်းတဲ့  သူငယ်ချင်းပါပဲ ။ ဒီရက်ပိုင်း
တောင်  သူနဲ့တူတူ အတန်းလစ်ပြီး ထွက်မစားတာကို
အပြစ်ဖို့ပြောဆိုပါသေးသည် ။

" မင်းအခု  ဟိုတယောက်ဆီ သွားနေတာလား  "

ကျောင်းဆီကို  တည့်တည့်မသွားဘဲ မောင့်အိမ်ဘက်
ကို  ကားကွေ့သွားတော့ ဆယ်ဟွန်းနီးက စူပုတ်ပုတ်
နဲ့မေးသည် ။ ပြုံးရယ်နေတဲ့  ဘတ်ဟျွန်းကတော့
မြူးမြူးကြွကြွလေး  ခေါင်းညိတ်သည် ။ မနေ့ညက
တညလုံး  မောင့်ကို စိတ်မကောက်ရက်ပဲ စိတ်
ကောက်ရသည် ။ သဝန်တိုပြီး စိတ်ကောက်တတ်တာ
တွေက မောင့်ကို  ချစ်လွန်းလို့ဆိုတာ မောင်မှ နားမ
လည်တာ ။ တကယ်တော့ မောင်က ငတုံးလေ ။




HeartBeat ♥[ Complete] Where stories live. Discover now