Final ♥

12.2K 1.2K 66
                                    


စာမေးပွဲနီးနေမှ စာကောင်းကောင်းမလုပ်ရဘဲ စိတ်
ကောက်နေတဲ့ ခေါင်းပြာလေးကို ချော့မော့နေရသည်
က အလုပ်တခုဖြစ်နေပြန်သည် ။ ရှီးယောင်းတစ်
ယောက်  တစ်နေ့ထဲက အိမ်သာ ၁၀ခေါက်လောက်
ပြေးနေရတဲ့ကိစ္စက သူ့အမှားပေမို့ မျက်ရည်တစမ်း
စမ်းနဲ့မို့ ချန်းယောလ်  စာမကျက်နိုင်ဘဲ ထိုင်ချော့ရ
တော့တယ် ။ ဟုတ်သော်ရှိ ၊ မဟုတ်သော်ရှိ ခဏခဏ ဖုန်းဆက်ပြီး  ရှီးယောင်း အိမ်သာ တခါ
ပြေးတိုင်း  တခါဖုန်းဆက်ပြီး လှမ်းလှမ်းပြောပြတတ်
တဲ့  အိုဆယ်ဟွန်းကြောင့်လဲ ချန်းယောလ် ဒေါသ
တွေ ငယ်ထိပ်ရောက်ရတော့၏ ။

"   ဒီတခေါက်နဲ့ဆို  ၁၈ခေါက် နောက် တခေါက်ဆို
ငါ ဈာပနပွဲအတွက် သွားစီစဉ်လိုက်တော့မယ် "

ဖုန်းထဲက အိုဆယ်ဟွန်း အသံကြားလေ ဘတ်ဟျွန်း
က မျက်နှာမဲ့မဲ့ နဲ့ အော်ငိုချတော့မတတ်ဖြစ်လေ ။

" မဟုတ်ပါဘူးကွာ  အဲ့ကောင် နောက်နေတာပါ ၊
ရှီးယောင်းက ချီးပန်းတာနဲ့ပဲ သေရမလား "

တဖက်က ဆယ်ဟွန်းက တဟားဟားအော်ရယ်ပြီး
ရယ်ကြောကို မပြတ်တော့မှ ခေါင်းပြာလေးက သူ့ကို
စနောက်မှန်းသိတော့တယ် ။ မဆဲစဖူး ဆယ်ဟွန်းနီး
လို့ အော်ခေါ်ကာ မိုးမွှန်အောင်ဆဲပြီး ဖုန်းချပစ်လိုက်
တော့တယ် ။  ခေါင်းပြာလေး ဖုန်းချပြီးပြီးချင်း ၁၀
စက္ကန့်လောက်တောင် မကြာလိုက် ဆယ်ဟွန်းဆီက
ဖုန်းထပ်ဝင်လာပြန်တယ် ။ ဒီတခါတော့ ခေါင်းပြာ
လေးက ဆယ်ဟွန်းကို ဂရုမစိုက်တော့ဘဲ ချန်းယော
လ် ရင်ခွင်ထဲ ခေါင်းတိုးဝင်သွားတော့တယ် ။

၂ခါတိတိ ဖုန်းမကိုင်တော့မှ ဖုန်းသံ ထပ်မမြည်တော့
ပေမဲ့  အဆဲခံလိုက်ရလို့ မကျေနပ်တဲ့ အိုဆယ်ဟွန်း
ဆီက စာတစ်စောင် ရောက်လာပါတော့တယ် ။

✉ ချီးပဲ  ဘတ်ဟျွန်း   ချီး ချီး ချီး 💩✉

ဒီတခါတော့ အီးပုံ emoji ပါ ထည့်ပြီး ချီးသုံးခါဆဲ
သွားတဲ့  အိုဆယ်ဟွန်းကြောင့် ချန်းယောလ် ကော
ဘတ်ဟျွန်းနီပါ ထရယ်မိကြတော့တယ် ၊ ဆဲတဲ့နေရာ
မှာတောင်  မကျေပွဲနွှဲတတ်တဲ့  ချီးကောင်လေးပင် ။


You've reached the end of published parts.

⏰ Last updated: Mar 12, 2020 ⏰

Add this story to your Library to get notified about new parts!

HeartBeat ♥[ Complete] Where stories live. Discover now