Once Upon An Us-3

7.7K 857 86
                                    


ရိပေါ်က ရှောင်းကျန့်လက်ကလေးကို တင်းနေအောင်ဆုပ်လို့ မျက်နှာလေးကိုမျက်တောင်မခတ်တမ်းကြည့်ရင်း မေပယ်လ်ပင်ကြီးအောက်က ခုံဝိုင်းလေးမှာ ထိုင်နေတယ်....။
နေ၀င်ခါနီးမို့ ခြံဝက မီးတိုင်လေးတွေက မီးလင်းနေပြီ...။

ရှောင်းကျန့်လက်စွပ်ကို ယူဆော့ပြီးမှ အခေါက်ခံရမှာကြောက်တဲ့ ဖန်လေးကတော့ အနီးနားကဘုရားကျောင်းမှာရှိတဲ့ မိဘမဲ့ကျောင်းလေးမှာနေတဲ့ ချန်မင်လေးဆီသွားပြီး အိမ်ပြေးလုပ်နေတယ်....။

ကျင်းကော်က ရှောင်းကျန့်ပေါင်ပေါ်တက်ပြီး ခွေအိပ်နေတယ်....။ ရှောင်းကျန့်ကတော့ ကျင်းကော်ရဲ့ အမွှေးနုနုတွေကို ပွတ်သပ်ပေးရင်း သူ့ရှေ့ကကောင်လေးကိုလည်း ပြုံးပြဖို့မမေ့ဘူး...။

ရိပေါ်ဆီမှာ မေးစရာတွေအများကြီးရှိနေပေမယ့် သူဘာမှမမေးဖြစ်ပဲ ဒီအတိုင်းပဲ ကိုကို့မျက်နှာလေးကို ထိုင်ကြည့်နေမိတယ်....။ ဒီမျက်နှာလေးကို သေလုနီးပါး လွမ်းနေခဲ့ရတာ....။

"ကလေးလေး....မေးစရာတွေ အများကြီး ရှိနေမှာပေါ့...."

"အင်း....အများကြီးပဲ...
ဒါပေမယ့် နောက်မှမေးတော့မယ်...
ကျွန်တော်ကိုကို့ကို ဒီအတိုင်းလေး ထိုင်ကြည့်နေချင်သေးတယ်.....ကိုကို ပျောက်ကွယ်မသွားဘူးဆိုတာ သေချာချင်တယ်.....
အိပ်မက်မဟုတ်ဘူးဆိုတာလည်း ထပ်ပြီးအတည်ပြုချင်သေးတယ်....
ကျွန်တော်ကြောက်လို့....."

"ကလေးလေးရယ်....ကိုကို့ကလေးလေး......"

ကိုကိုက ကျင်းကော်ကို အောက်ချလို့ထလာပြီး ထိုင်နေဆဲ ရိပေါ်ကို သူ့ရင်ခွင်ထဲ ဆွဲသွင်းတယ်.....။ ပြီးတော့ ရိပေါ်ခေါင်းကဆံပင်တွေကို ပွတ်သပ်ပေးရင်း ကိုကိုဟာ တသိမ့်သိမ့်ငိုပါတော့တယ်....။

"ဘယ်လောက်တောင် နာကျင်နေခဲ့ရမလဲ.....ကိုကို့ကလေးလေး ကိုကိုမရှိပဲ အရမ်းခက်ခဲခဲ့တယ်မလား....ကိုကိုတောင်းပန်ပါတယ်......ကိုကိုတို့နောက်ဆို ဘယ်တော့မှမခွဲတော့ဘူးနော်....."

"အင်း...ထာဝရတွေအဆုံးသတ်တဲ့အထိ...ဘယ်တော့မှပဲ...."

ရိပေါ်ကလည်း ရှောင်းကျန့်ခါးကိုလွတ်ထွက်သွားမှာစိုးတဲ့အလား ပြန်လည်ဖက်တွယ်ထားတယ်....။ ပြီးတော့ နောက်ဆုံးအကြိမ်အဖြစ် လွမ်းခဲ့ရလေသမျှကို ရှိုက်ကြီးတငင် ငိုကြွေးပစ်လိုက်တယ်.....။ ဒီတစ်ခါငိုတာ သိပ်ကိုပျော်ရလွန်းလို့.....။ နောက်ထပ်ငိုစရာတွေမရှိနိုင်တော့ပါဘူး.....။

𝓞𝓷𝓬𝓮 𝓤𝓹𝓸𝓷 𝓐𝓷 𝓤𝓼Where stories live. Discover now