Once Upon An Us-7

5.8K 732 60
                                    

သူတို့ ပေကျင်းရောက်တာ နှစ်ပါတ်ပဲရှိသေးတယ်.....။ ဘယ်ကတည်းက ချောင်းနေမှန်းမသိဘူး....။ ဟောက်ရွှမ်းက ရိပေါ်မရှိကတည်းကအလုပ်တွေပိနေလို့ ပျားရည်ဆမ်းခရီးမထွက်ရသေးတာ ထွက်တော့မယ်ဆိုပြီး ရိပေါ်ကို အလုပ်တွေ လွှဲပစ်ခဲ့တယ်.....။ ဒါကြောင့် ရိပေါ်က မသွားချင် သွားချင်နဲ့ အလုပ်သွားရတော့တာပဲ....။

ရိပေါ်ဆိုတာက ရုပ်ရည်ရူပကာပြည့်စုံပြီး အရည်အချင်းရှိထူးချွန်တဲ့အပြင် အထက်တန်းမိသားစုကပေါက်ဖွားလာတာ....။ ရိပေါ်နဲ့ ရှောင်းကျန့်လက်ထပ်ထားတာ မသိကြသေးတဲ့သမီးရှင်တွေအတွက်တော့ ရိပေါ်ကအလိုရှိရွှေသမက်တော် စာရင်းရဲ့ နံပါတ်၁ပဲ....။

ရိပေါ်စီးပွားရေးလောကထဲပြန်ဝင်လာတဲ့ သတင်းမြင်တာနဲ့ သမီးရှိတဲ့စီးပွားရေးလုပ်ငန်းရှင်တွေလှုပ်လှုပ်ရှားရှားဖြစ်သွားကြပြီး ပျိုမေလေးတွေကတော့ နွေဦးအိပ်မက်လှလှလေးတွေစမက်ကြတာပဲ....။

တချို့ကတော့ အိပ်မက်ကို အိပ်မက်အဆင့်တင်မထားဘူး...။ အကောင်အထည်ဖော်ကြတယ်....။ ရိပေါ်ကတော့ သူ့မှာ အသက်ထက်ချစ်ရတဲ့လက်ထပ်ထားပြီးသူရှိကြောင်းပြောပြီး အပြတ်ငြင်းပစ်တယ်....။

ရိပေါ်က သူ့ရဲ့ အသည်းအသက်ဟာ ဘယ်လိုလူမျိုးဆိုတဲ့အကြောင်း မျက်လုံးတွေတလက်လက်နဲ့ပြောပြထားတဲ့ တိုက်ရိုက်ထုတ်လွှင့်တဲ့ တီဗွီချန်နယ်တစ်ခုရဲ့အင်တာဗျူးက ပျိုမေလေးတွေရဲ့ နွေဦးအိပ်မက်ငယ်လေးကို တစစီကြွေလွင့်သွားစေတယ်...။ အဲ့ဒီနေ့က တရုတ်ပြည်က မိန်းကလေးတွေ ရှရာဗရပွနဲ့အသည်းတွေ တခွမ်းခွမ်းကွဲတဲ့နေ့ပါပဲ....။

"သူဆိုတာဟာ ကျွန်တော့်ဘ၀ ကျွန်တော့်ရဲ့အသက် ကျွန်တော့်ရဲ့ ညကောင်းကင်ကို ထွန်းလင်းပေးနိုင်တဲ့ တစ်စင်းတည်းသောငွေလမင်းလေး....
ကျွန်တော့်ရဲ့အရာအားလုံးထက်ကျွန်တော်က သူ့ကိုမြတ်နိုးပါတယ်.....၆နှစ်သားကတည်းကစချစ်ခဲ့ပြီး အခုလည်းချစ်နေပါသေးတယ် နောက်နောင်လည်း ဆက်ချစ်သွားဦးမှာပါ.....ပြီးတော့ ထာဝရသူ့တစ်ယောက်ကိုပဲချစ်မှာပါ....."

တီဗွီကကြည့်နေမယ့် သူ့ချစ်ရသူကို ရည်စူးပြီး နူးနူးညံ့ညံ့လေးကင်မရာကို စိုက်ကြည့်ပြီး ပြောတဲ့ ရိပေါ်စကားကြောင့် အင်တာဗျူးတဲ့ သတင်းထောက်မလေးရဲ့အသည်းက ခွမ်းခနဲကွဲပြီး ရိပေါ်ခြေရင်းမှာ တစစီပဲ....။သတင်းထောက်မလေးတင်မက Live ကြည့်နေတဲ့ မိန်းကလေးပရိတ်သတ်တွေလည်း ရိပေါ်ရဲ့လမင်းလေးကို မနာလိုစွာပဲ ဘယ်သူများလဲ...ဘယ်လိုလူများလဲ စူးစမ်းကြတယ်...။

𝓞𝓷𝓬𝓮 𝓤𝓹𝓸𝓷 𝓐𝓷 𝓤𝓼Where stories live. Discover now