Once Upon An Us-6

5.6K 722 54
                                    

တစ်နှစ်ပြီးတစ်နှစ်ကုန်လာတဲ့အခါမှာ ယုန်ခြံလေးထဲမှာ ယုန်လေးတွေတိုးလာတယ်....။
နံရံပေါ်မှာဓာတ်ပုံလေးတွေများလာတယ်....။
ကင်မရာဆရာ ရှောင်းကျန့်က မိသားစုဓာတ်ပုံကြီးကိုအလယ်ခေါင်မှာ ချိတ်ပြီး ပတ်ပတ်လည်မှာတော့ သူ့ပုံ၊ ရိပေါ်ပုံ၊ ဖန်ရှင်းပုံ၊ ၀မ်ရှောင်နဲ့ ရိကျန့်တို့ ယုန်တစ်အုပ်လုံးအပါအ၀င်တစ်ယောက်ချင်းစီတိုင်းရဲ့ပုံတွေကို နံရံပေါ်အပြည့်ချိတ်ထားတယ်.....။ သူ့ရဲ့ တန်ဖိုးအထားရဆုံး Masterpiece လက်ရာတွေပေါ့.....။

ရှောင်းကျန့်ကတစ်နေ့ကို ထမင်း ၅နပ်လောက်ကျွေးနေလို့ ဖန်ရှင်းကဖက်တီးလေးဖြစ်လာသလို ကျင်းကော်ကလည်းကြောင်ဝတုတ်လေးဖြစ်လာတယ်....။

ရိပေါ်ကလည်း ပိုရင့်ကျက်ပုံပေါက်လာတယ်....။ အပြင်ပန်းသာရင့်ကျက်ပုံပေါက်လာတာ.... ရှောင်းကျန့်ကို စဖို့နောက်ဖို့လောက်စဉ်းစားနေတဲ့ကလေးစိတ်လေးကတော့ မပျောက်သေးဘူး.....။ ဖိနပ်ကြိုးမချည်တတ်ချင်ယောင်လည်းဆောင်နေတုန်းပဲ....။

ရှောင်းကျန့်ကတော့ အသက်ကကြီးကြီးမလာဘဲ ငယ်ငယ်သွားလား ထင်မှတ်ရလောက်အောင် အရွယ်တင်နုပျိုတယ်....။ နုပျိုပြီး ကြည့်ကောင်းလွန်းလို့ ရိပေါ်က ရှောင်းကျန့်ကိုရွာထဲတောင်ပေးမသွားချင်တော့ဘူး....။

တဖြည်းဖြည်းနဲ့ ဖန်ရှင်းကမူလတန်းအရွယ်ကနေ အလယ်တန်းကိုရောက်လာတယ်....။ ဒါကြောင့် သူတို့က ဖန်ရှင်းလေးရဲ့ ပညာရေးအတွက် ပေကျင်းကိုပြန်ပြောင်းရတယ်....။

ဝမ်အိမ်တော်နဲ့ ရှောင်းအိမ်တော်ရှိနေပေမယ့် သူတို့ အရင်တုန်းက အိမ်ပေါ်ကဆင်းတုန်းကနေခဲ့တဲ့ တိုက်ခန်းလေးမှာပဲ နေကြတယ်.....။အဲ့ဒီမှာ ရှောင်းကျန့်နဲ့ ရိပေါ်ရဲ့ အမှတ်တရလေးတွေက ခြေရာလက်ရာမပျက်ရှိနေတုန်းပဲ....။

လွန်ခဲ့တဲ့နှစ်နှစ်က ရှောင်းကျန့်ဆုံးပြီဆိုပြီး သိထားတုန်းက ရိပေါ်ကအမှတ်တရတွေကို ရင်မဆိုင်နိုင်လို့ ဒီတိုက်ခန်းလေးဆီခြေဦးတောင်မလှည့်ပေမယ့် အိမ်အောက်ထပ်က အဒေါ်ကြီးကိုတော့ အခကြေးငွေပေးပြီး အမြဲတမ်းသန့်ရှင်းရေးလုပ်ပေးဖို့... ရှောင်းကျန့်စိုက်ခဲ့တဲ့ လသာဆောင်ကပန်းပင်တွေကို ရေလောင်းပေးဖို့ အကူအညီတောင်းထားခဲ့တယ်....။ ဒါကြောင့် ဘာမှပြောင်းလဲမနေတဲ့တိုက်ခန်းလေးကို သူတို့ကအ၀တ်အစားတွေထည့်ပြီး လူလေးပဲပြောင်းလာရုံလေးပဲ....။

𝓞𝓷𝓬𝓮 𝓤𝓹𝓸𝓷 𝓐𝓷 𝓤𝓼Where stories live. Discover now