Part-4 (ZC & UC)

15.2K 1.5K 84
                                    

Drက ဘယ်ရောက်သွားတာလဲ..စားပြီးနားမလည် လုပ်ပြီး ထွက်သွားရလား..အား..တကယ်ပဲ ရူးချင်လိုက်တာ..ငါက အထက် ကနေမှာလေ ဘာလို့ အောက်ရောက်သွားရတာလဲ..လုပ်မယ့်လုပ် ငါက Drကို လုပ်ရမှာ..အခု ငါ့ကို Drက တစ်ဂိုးသွင်းတာ ခံလိုကိရပြီ..

"ဒေါက် ဒေါက်"

အခန်းတံခါးခေါက်သံကြောင့်စောင်ကို ပတ်ကာ အပေါက်ဝကို မနည်း သွား ရသည်..ခါးက နာတာ သေတော့မယ်..လူကြည့်တော့ ရိုးပုံနဲ့..ငါ့ကို အသေ ဆော်သွားတဲ့ Dr.တွေ့မယ်..
Drထင်ပြီး ဝမ်းသာအားရ တံခါးဖွင့်လိုက်ပေမယ့်လဲ

"Good Morning Sir..မနေ့က လျှော်ခိုင်းထားတဲ့ အဝတ်တွေ ပြန်လာပေးတာပါ"

"အာ..ကျေးဇူးပါ.. ဟို.. ဒါနဲ့လေ..မနေ့က လေ ကျွန်တော်နဲ့ ပါလာတဲ့သူ လေ..ဘယ်ရောက်သွားလဲဟင်"

"Aww..ဟို ဖြူဖြူချောချောလေးကို ပြောတာလား..သူ အစောကြီး ပြန်သွားတယ်ရှင့်"

"Aww..ဟုတ်ကဲ့..ကျေးဇူးပါခဗျ"

တွေ့မယ်..စားပြီးနားမလည်တဲ့ Drတွေ့မယ်..Wang Yiboကို ဒီလို လုပ် လို့ရမလား..ဒီ ကိစ္စ ကို ချက်ချင်းရှင်းရမယ်..လက်သီးလက်မောင်းတန်းကာ ဆေးရုံသွားမည် အလုပ်..

"တီတီ"

"ဟဲလို..အေးပြော"

"အကိုလေး.. ဘယ်ရောက်နေတာလဲ..ဒီနေ့ Flight ရှိတယ်လေ..မေ့နေတာလား"

"သေပြီ..ဘယ်အချိန်လဲ"

"10နာရီ Flight လေ အကိုလေး"

"သွားပြီ..အေး..ငါ့ ယူနီဖောင်းနဲ့ Luggage  ယူလာပြီး လေဆိပ်မှာစောင့်နေ..ငါလာခဲ့မယ်"

"ဟုတ်ကဲ့.. အကိုလေး"

8နာရီထိုးနေပြီ ဖြစ်သောကြောင့် သူ့မှာ အသည်းအသန် လေဆိပ်ကို ပြေးရသည်..ဆံပင်စုတ်ဖွား အကျီင်္ ဖရိုဖရဲနဲ့ ခါးကို ကိုင်ကာ ပြေးလာသော သူ့ကို သူ့တပည့် ဖေးရန်က မြင်တော့

"ဟင်..အကိုလေး..ဘယ်လိုတွေဖြစ်နေတာလဲ"

"ငါ့မှာ မင်းကို စကားပြောဖို့ အချိန်မရှိဘူး..ဘယ်မှာလဲ..ပေး.ယူနီဖောင်း"

"ဒီမှာ အကိုလေး"

"ကျေးဇူး..ငါသွားပြီ..အား..ကျွတ်..ကျွတ်..နာလိုက်တာ"

The sweet Pilot &  his Doctor (Completed)Where stories live. Discover now