Part-12 (ZC & UC)

11.9K 1.2K 93
                                    

မထင်ခဲ့ဘူး..Wang Yiboရဲ့ နှုတ်ခမ်းလေးတွေက Jelly လို ချိုနေမယ်ဆိုတာ..အနမ်းတွေနဲ့ နစ်မျှောနေရင်း ကုတင်ပေါ် ဘယ်လို ရောက်လာမှန်း မသိတော့..စိတ်တွေက ပူလောင်နေကာ လက်တွေက Yiboရဲ့ ရှပိအကျီင်္က ကြယ်သီးတွေကို ဖြုတ်မိတော့..

"အ..မင်းဘာလုပ်တာလဲ"

ရုတ်တရက် အပေါ်မှာ ရှိနေတဲ့ ကိုယ့်ကို တစ်ပတ်လှည့်ကာ အောက်ကို ဆွဲ ပို့လိုက်သောကြောင့် မျက် လုံး ပြူးသွားသည်..

"ကျွန်တော် ဦးဆောင်မယ်"

"ဘာ..ဘာပြောတယ်..မရဘူး..ငါပဲဦးဆောင်မှာ"

"Dr..Drက လူရိုးလေး ဒီကိစ္စတွေကို သိမှာ မဟုတ်ဘူး..ကျွန်တော်က ကျွမ်းနေပြီသား.ကျွန်တော်ပဲ ဦးဆောင်မယ်"

"မရဘူး..ငါလက်တွေ့ မလေ့လာဘူးပေမယ့်.. ငါ့မှာစာတွေ့တွေ အများကြီးရှိတယ်..ငါပဲ ဦးဆောင်မယ်..ဖယ်.."

"Dr..ဒီတစ်ခါ ကျွန်တော့်ကို ဦးစားပေးလိုက်လေနော်..အငယ်ကို ဦးစားပေးလိုက်တာ ကုသိုလ်ရပါတယ်".

"မရဘူး..ငါကြားဖူးတယ်..ပထမတစ်ခါထဲက ဦးဆောင်သူ မလုပ်ရင် နောက်လဲ အခွင့်ရေး မရတော့ဘူးတဲ့"

"အဲ့ဒါတွေက အမှန်တွေမှ မဟုတ်တာ"

"ငါ့ကို ဂျင်းလာမထည့်နဲ့..ဖယ်..Wang Yibo..လုပ်စရာရှိတာ လုပ်ကြရအောင်..ငါ ပူလောင်နေပြီကွ"

"ကျွန်တော် အပေါ် မှာ နေမှာ"

"မရဘူး..ငါနေမှာ"

ဒီလိုနဲ့ အပေါ် ကို သူတစ်ပြန် ကိုယ်တစ်ပြန် လု ကြရင်း ကုတင်ပေါ်မှာ လိမ့်နေကာ အရှိန် လွန်ပြီး ကုတင်အောက်ကို ဝုန်းခနဲ နှစ်ယောက်လုံး ပြုတ် ကျသည်။

"အား.."

ခါးနဲ့ ကျသွားတဲ့ Yiboက နာသွားတဲ့ ခါးကို ဖိကာ ဘေးကို ကြည့်လိုက်တော့..

"ဟင်..Dr..ခေါင်းက ဘာဖြစ်သွား...ဟင်..သွေး..သွေးတွေ"

"Wang Yibo!!!"

နောက်ဆုံးတော့ Drခဗျာ ပေါက်သွားတဲ့ ခေါင်းတောင် ဂရုမစိုက်နိုင်ပဲ သွေး မြင်လို့ မေ့လဲသွားတဲ့ သတ္တိခဲ Captain ကို ပြုစု လိုက်ရသည်.

....
အပြင်ကနေ ချောင်းနားထောင်နေတဲ့ Xiaoမားမားနဲ့ ရှောင်ကျိုတို့မှာလဲ အထဲ က အသံတွေကြောင့်

The sweet Pilot &  his Doctor (Completed)Where stories live. Discover now