Part-20 (ZC & UC) *Final*

16.8K 1.2K 85
                                    

Wang Yibo တော်တော် စိတ်ဆင်းရဲနေတယ်..အကြောင်းကတော့ ချစ်လှစွာသော ကိုကို့ ကြောင့်
စဉ်းစား ကြည့်ကွာ..
ကိုကို Londonမှာ ယူတဲ့ တစ်ပတ်ကို သူက တစ်ညပဲ မိုးလင်း ထိ ပြန်ယူတာ..
အကြီးအကျယ် စိတ်ဆိုး သွားတယ်..
ုပြီးတော့ ပြောသေးတယ်..
ငါ မကြိုက်ပဲ မင်း လုပ်တာ မုဒိမ်းမှု့ မြောက်တယ်..တရားစွဲမယ် ဘာညာနဲ့..
နိုးလာတော့လဲ ကျဉ်စက်နဲ့ အတို့ခံ ရတယ်..ဒေါသထွက်ပြီး ကောက်ပေါက်ထားလို့ ခေါင်းမှာလဲ ဘုနဲ့..
ဒီကြားထဲ 7လက်မ ကို ဖြတ် ပစ်မယ်ဆိုပြီး ကပ်ကြေးဆွဲပြီး တကယ် ကြီး လာလို့ ပတ်ပြေးရသေးတယ်..
အဲ့ဒါနဲ့တောင်မကျေနပ်နိုင်ပဲ ချစ်လှစွာသော ခင်ပွန်းက အမိန့်ထုတ်တယ်..
နှစ်ပတ်တိတိ သူ့နား မကပ်နဲ့..အပြစ်ပေးတဲ့အနေနဲ့ နှစ်ပတ်လုံး သူ့ သားသမီးတွေရဲ့ ဝေယျာဝစ္စနဲ့ အိမ်သန့်ရှင်းရေးကို လုပ်ရမယ်တဲ့ဗျာ..
မတန်ပါဘူး...ဒီလူကြီး လုံးဝမတရားဘူး..
Crushတွေကို မယူကြနဲ့..တစ်သက်လုံး ငါ့လို နှိပ်စက် ခံ ရမယ်..

....
ဒီနားရက်လဲ သူက ဆိုဖာပေါ်မှာ ကော်ဖီ တစ်ခွက် စာအုပ် တစ်အုပ်နဲ့ ဇိမ်ကျနေတယ်..
ကိုယ့်မှာတော့ Apron ပန်းရောင် ကြီး ဝတ်ပြီး Captain Wang Imageပျက် ပြီး အိမ်သန့်ရှင်းရေးတွေ လုပ်နေရတယ်..
ပြီးတော့ သူ့သားသမီး နှစ်ကောင်ကို အီးတည်ပြီး အီးက ကျုံးရသေး..
တကယ်ပါ..ကိုကို့ရဲ့ သားသမီးနှစ်ကောင်ထဲ Jackie ကိုတောင် ချစ်လို့ရသေးတယ်..
ဟို ပုတို ကြောင်မကို အသေ မုန်းတာ..ခြေတိုမ.. ကူလီ ကူမာ မ..ခုနက သူ့ကို ကုတ်လို့ သူက အမြှီး ဆွဲမိတာ ချက်ချင်း ကိုကို့ဆီရောက်သွားပြီး ပွတ်သီးပွတ်သတ် လုပ် ပြနေတာ..နှုတ်ခမ်းမွှေး ကနေဆွဲ ပြီး လွှင့်ပစ်လိုက်ချင်တယ်..

"Wang Yibo.."

"ဂျာ..ကိုကို"

"သမီးလေး ဗိုက်ဆာနေတယ်ထင်တယ်..အစာကျွေးလိုက်ဦး..ပြီး ရင် ငါ့ကို ပန်းသီး ခွဲပေး"

"ဟုတ်ကဲ့.."

ဘဝ က အဲ့လို ကိုကို့ ယောကျာင်္းလား အိမ်ဖော်လား မသဲကွဲတော့ဘူး..
မရဘူး..သည်း မခံ နိုင်တော့ ဘူး..အကြံထုတ်..အကြံထုတ်စမ်း..အနား ပြန် ကပ်လို့ ရအောင် ဘယ်လို လုပ်ရမလဲ... ဟုတ် ပြီ..
Yibo ပန်းသီး ခွဲ နေရင်း ဒါးကို လွှတ် ချကာ..

The sweet Pilot &  his Doctor (Completed)Where stories live. Discover now