Part 15 ( ZC & UC)

12.4K 1.2K 82
                                    

"ကျွတ် ကျွတ်..ခေါင်းတွေ ကိုက်လိုက် လိုက်တာ"

နားထင်တွေကို ဖိနှိပ်ကာ ထထိုင်လိုက်မိတော့ လျှောကျသွားတဲ့ စောင်အောက် မှာ သူ့ လက်ကို ကိုင်ပြီး အိပ်နေတဲ့ ကောင်လေး..
ဘုရားရေ..ဒါက Wang Yibo?
အဝတ်ကင်းမဲ့နေတဲ့ ခန္ဓာကိုယ်တွေရယ်..Wang Yiboရဲ့ ဖြူ ဖွေး နေတဲ့ခန္ဓာကိုယ်ပေါ်က ကိုက်ရာတွေကို မြင်လိုက်ခြင်း အားဖြင့် ညက ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာ မေးစရာတောင် မလို..
တကယ်ကြီးကို ငါနဲ့ Wang Yiboက ညားသွားတာလား?

"အင်း..Dr"

Yiboက မျက်လုံးလေးတွေ ပွင့် လာပြီး သူ့ကို မော့ကြည့်လာသည်..သူက တော့ ထို အကြည့်တွေကို ရင်မဆိုင်ရဲ..ကိုယ် လုပ်ထားသည့်ကိစ္စကြောင့် ရှက်နေတာကြီးက သေတော့မယ်..

"ဘာလို့ အစောကြီး ထနေတာလဲ. အခုမှ မနက် 3နာရီပဲ ရှိသေးတယ်"

"ဟို..အဲ့ဒါ..မသိဘူး..ငါလဲ"

"တော်တော် သက်လုံကောင်းတာပဲနော်..ညက လဲ ကျွန်တော့်ကို ည တစ်နာရီ မှပေးအိပ်တယ်..ခုလဲ အစော ကြီးနိုးနေတယ်.."

"...."

"နေပါဦး.. Dr မျက်နှာကြီး က ဘာဖြစ်နေတာလဲ..မဟုတ်မှလွဲရော ရှက်နေတာလား..ကျွန်တော် ရှက်ဖို့ လဲ ထားပါဦး..ခံရတဲ့ သူက ကျွန်တော်ပါ"

"ဟို...Wang Yibo..မင်း အဆင်ပြေရဲ့လား..နေရထိုင်ရတာ"

"ပြေတယ် လို့ ထင်နေလားလို့လား..နာလို့သေတော့မယ်"

"Sorry ပါ.."

"မလိုပါဘူး..ရတယ်..ကျွန်တော်တို့က လက်ထပ်ထားတဲ့သူတွေပဲဟာ..ညက ကျွန်တော်သာ ရောက်မလာရင် ခု ခဗျား နိုးလို့ တွေ့ရမယ့်သူက ကျွန်တော် မဟုတ်ပဲ ဟို မြေခွေးမ ဖြစ်နေမှာ"

"ကျေးဇူးတင်ပါတယ် "

"တကယ်ကျေးဇူးတင်တာလား"

"အင်း.."

"ဒါဆို ကျေးဇူးပြန်ဆပ်ပါလား"

"ဘယ်လို ပြန်ဆပ်ရမှာလဲ"

Yiboက ခြုံထားတဲ့စောင်ကို အောက်ကိုလျှောချကာ ထ ထိုင်ပြီး Drကို အောက်ဆွဲချကာ အပေါ်ကနေ အုပ်မိုးပြီး..

"ဒီလိုလေ.."

"Wang..Wang Yibo..မင်း..မင်း မဟုတ်မှ လွဲရော"

The sweet Pilot &  his Doctor (Completed)Where stories live. Discover now