Valentine's Day {One Shot for FG}

5.8K 168 20
                                    

UNICODE
(Zawgyi below)

ဒီနေ့ Valentine's day...
Jennie အလုပ်ကနေလည်းစောစောပြန်ရောက်နေတယ်။ Jisooက ဘူဆန်ဘက်သွားတယ်။ ဒီနေ့ည ၇နာရီလောက်ဆို ပြန်ရောက်ပြီလို့ မနက်က ဖုန်းဆက်ပြီးပြောတယ်။ ဒီလထဲ နှစ်‌ယောက်လုံးအလုပ်များနေတာနဲ့ အေးဆေးမကြည်နူးရတာကြာပြီ။ Soo Hyun oppaက ommaနေမကောင်းလို့ ဂျယ်ဂျူးကိုသွားတယ်။ သူနဲ့အတူ Chaeyoungလည်းလိုက်သွားတယ်။ သူတို့အတွဲ အရင်ကထက် ပိုအဆင်ပြေလာပြီး ပိုနွေးနွေးထွေးထွေးရှိလာကြတာ မြင်ရတော့ စိတ်ချမ်းသာမိတယ်။ အခု အိမ်မှာ Jenတစ်ယောက်ထဲ။

*ချစ်သူများနေ့မှာ အမှတ်တရဖြစ်အောင်လုပ်ရမယ်၊ supriseလည်းဖြစ်သွားအောင်...*

သုံးနာရီခွဲလောက်ထဲကစပြီးညစာပြင်ဆင်တယ်။ အော်ဒါမှာလည်းရပေမဲ့ ကိုယ်တိုင်ပဲချက်‌ကျွေးချင်တယ်လေ။ သူ့အကြိုက်တွေချည်းပဲ ချက်ပြုတ်ပြီးတော့ စားပွဲပေါ်မှာ လှပသေသပ်စွာတည်ခင်းလိုက်တယ်။ ပြီးမှ ကိုယ်တိုင်လည်း ရေမိုးချိုးပြီး လှလှလေးဝတ်စား ပြင်ဆင်တယ်။
နောက်ဆုံးမှာ အရေးအကြီးဆုံးအရာကို စတင်တယ်။

စန္ဒရားလေ...
dinning roomထဲမှာ စန္ဒရားအသေးတစ်ခုရှိတယ်။ မသုံးတာကြာတော့ ဖုန်တောင်တက်နေပြီ။
စန္ဒယား‌ကို သေချာ ပြင်ဆင် စစ်ဆေးပြီးတော့ တီးမဲ့သီချင်းကို တစ်ခေါက်လောက် လေ့ကျင့်ကြည့်တယ်။ ကျွမ်းကျင်သူအဆင့်တော့မဟုတ်ပေမဲ့ အခုတီးပြဖို့စီစဉ်ထားတဲ့ သီချင်းကတော့ သူကျွမ်းကျွမ်းကျင်ကျင်တီးတတ်တဲ့သီချင်းပဲ။
နာရီ ကြည့်လိုက်တော့ 7pmရောက်တော့မယ်။ ခဏနေရင် Jisoo ပြန်ရောက်တော့မယ်။

အခန်းမီးတွေအကုန်ပိတ်လိုက်ပြီး မီးအိမ် အစိမ်းလေးတွေပဲ ထွန်းထားလိုက်တယ် ။
သူဝင်လာရင် စန္ဒယားစတီးမယ်။
"Perfect!"

ကိုယ့်အစီစဉ်ကို ကိုယ့်ဘာသာ သဘောတွေကျနေမိရော။

"တယ်တော်တဲ့ ငါပါလား ဟဲဟဲ"

.
.
.
9pm...
"သူဘာလို့ မရောက်လာသေးတာလဲ"

တတိယအကြိမ်မြောက် ဖုန်းခေါ်ကြည့်တယ်။ စိတ်ပူလာပြီလေ။ ပြောတော့ ၇နာရီလောက်ရောက်မယ်ဆိုပြီး...

One Shots & Bonus Parts for my previous fics{U+Z}Where stories live. Discover now