Because of this love.{from BS}

1.7K 74 5
                                    

UNICODE
(Zawgyi below)

From Beyond the Sight ep 20.

ဘယ်တော့ထုတ်ပြောမှာမဟုတ်တဲ့ အချစ်တွေနဲ့ သိပ်ချစ်နေမိတဲ့ သမားတော်မလေးဟာ နှလုံးသားထဲက ခံစားချက်တွေကို ဖွဲ့နွဲ့ပြီး သူပေးလိုက်တဲ့ စုတ်တံလေးနဲ့ စာတွေရေးဖြစ်လာခဲ့တယ်။


ပင်လယ်လှိုင်းတွေက ကခုန်နေတယ်၊
လပြည့်ဝန်းက အစွမ်းကုန် အလင်းပေးနေချိန်
ကြယ်လေးတွေက ‌ပွဲကြည့်နေကြတယ်
မြောက်ပြန်လေတွေ ငါ့ကိုဖြတ်တိုက်သွားချိန်တိုင်း
လေထုထဲက နင့်ရဲ့ ကိုယ်သင်းရနံ့လေးကို
ငါမှန်းဆမိတယ်။

ကောင်းကင်မှာ ပြန့်ကျဲနေတဲ့ ကြယ်ပွင့်လေးတွေကို ရေတွက်ရင်း မဆုံးနိုင်တဲ့ကိန်းဂဏန်းတွေက
နင့်အပေါ်ထားတဲ့ ငါ့အချစ်တွေလောက်မများမှန်းသိလာတယ်။

လမင်းကြီးက ကိုယ်သွားရာနောက်ကို လိုက်နေတယ်လို့ ထင်မိတဲ့ ကလေးလေး တစ်ယောက်ရဲ့အတွေးက ရယ်စရာကောင်းနေမလား။
နင့်ကိုငါ့ရဲ့ ချစ်သူအဖြစ် စိတ်ကူးယဉ်တတ်တဲ့ ငါ့အဖြစ်က ပိုရယ်ရတယ်မလား။

ကောင်းကင်ကြီးကို ငေးကြည့်ရင်း
နင့်အကြောင်းတွေတွေးတယ်။
တိုက်လေတွေနဲ့အပြိုင် နင့်ကိုချစ်တဲ့အကြောင်း သံစဉ်တွေ ဖွဲ့တယ်။
ဘယ်တော့မှ ထုတ်ပြောဖြစ်မှာမဟုတ်တဲ့ စကားလုံးတွေကို ကဗျာတွေအဖြစ် ချရေးတယ်။

နင့်အနားမှာရှိချိန်တိုင်း ကြွေကျတတ်တဲ့နှလုံးသားက နင့်အကြောင်းလေး တွေးရုံနဲ့တင်လည်း
လှုပ်ခတ်နေတတ်ပြီ။
ငါရဲ့ အချစ်ဟာ တစ်ဖက်သတ်ဆန်တယ်။
ငါ့ရဲ့အချစ်ဟာ လျှို့ဝှက်ချက်ဆန်တယ်။

ဒီအချစ်ကြောင့် ငါအကြိမ်ကြိမ်သေရလည်း
နင်တစ်ချက်ပြုံးတိုင်း
ငါတစ်ကြိမ်ပြန်ရှင်သန်ရတာဟာ
ဒီအချစ်ကြောင့်ပါပဲ ။ ။

%%%%%%%$$$%%%%%%%

ZAWGYI

ဘယ္ေတာ့ထုတ္ေျပာမွာမဟုတ္တဲ့ အခ်စ္ေတြနဲ႔ သိပ္ခ်စ္ေနမိတဲ့ သမားေတာ္မေလးဟာ ႏွလုံးသားထဲက ခံစားခ်က္ေတြကို ဖြဲ႕ႏြဲ႕ၿပီး သူေပးလိုက္တဲ့ စုတ္တံေလးနဲ႔ စာေတြေရးျဖစ္လာခဲ့တယ္။

ပင္လယ္လႈိင္းေတြက ကခုန္ေနတယ္၊
လျပည့္ဝန္းက အစြမ္းကုန္ အလင္းေပးေနခ်ိန္
ၾကယ္ေလးေတြက ‌ပြဲၾကည့္ေနၾကတယ္
ေျမာက္ျပန္ေလေတြ ငါ့ကိုျဖတ္တိုက္သြားခ်ိန္တိုင္း
ေလထုထဲက နင့္ရဲ႕ ကိုယ္သင္းရနံ႔ေလးကို
ငါမွန္းဆမိတယ္။

ေကာင္းကင္မွာ ျပန႔္က်ဲေနတဲ့ ၾကယ္ပြင့္ေလးေတြကို ေရတြက္ရင္း မဆုံးႏိုင္တဲ့ကိန္းဂဏန္းေတြက
နင့္အေပၚထားတဲ့ ငါ့အခ်စ္ေတြေလာက္မမ်ားမွန္းသိလာတယ္။

လမင္းႀကီးက ကိုယ္သြားရာေနာက္ကို လိုက္ေနတယ္လို႔ ထင္မိတဲ့ ကေလးေလး တစ္ေယာက္ရဲ႕အေတြးက ရယ္စရာေကာင္းေနမလား။
နင့္ကိုငါ့ရဲ႕ ခ်စ္သူအျဖစ္ စိတ္ကူးယဥ္တတ္တဲ့ ငါ့အျဖစ္က ပိုရယ္ရတယ္မလား။

ေကာင္းကင္ႀကီးကို ေငးၾကည့္ရင္း
နင့္အေၾကာင္းေတြေတြးတယ္။
တိုက္ေလေတြနဲ႔အၿပိဳင္ နင့္ကိုခ်စ္တဲ့အေၾကာင္း သံစဥ္ေတြ ဖြဲ႕တယ္။
ဘယ္ေတာ့မွ ထုတ္ေျပာျဖစ္မွာမဟုတ္တဲ့ စကားလုံးေတြကို ကဗ်ာေတြအျဖစ္ ခ်ေရးတယ္။

နင့္အနားမွာရွိခ်ိန္တိုင္း ေႂကြက်တတ္တဲ့ႏွလုံးသားက နင့္အေၾကာင္းေလး ေတြး႐ုံနဲ႔တင္လည္း
လႈပ္ခတ္ေနတတ္ၿပီ။
ငါရဲ႕ အခ်စ္ဟာ တစ္ဖက္သတ္ဆန္တယ္။
ငါ့ရဲ႕အခ်စ္ဟာ လွ်ိဳ႕ဝွက္ခ်က္ဆန္တယ္။

ဒီအခ်စ္ေၾကာင့္ ငါအႀကိမ္ႀကိမ္ေသရလည္း
နင္တစ္ခ်က္ၿပဳံးတိုင္း
ငါတစ္ႀကိမ္ျပန္ရွင္သန္ရတာဟာ
ဒီအခ်စ္ေၾကာင့္ပါပဲ

One Shots & Bonus Parts for my previous fics{U+Z}Where stories live. Discover now