Half Smile (for FG)

2K 106 11
                                    

Unicode (Zawgyi below)
ပြန်တင်တာပါ

ခံစားချက်မှတ်စုများ

Hey Soo...
It's me, Lisa...Your so call best friend.🥀

နင်မှတ်မိလားငါတို့ပထမဆုံးတွေ့တဲ့နေ့က နင်ငါ့ဗိုက်ကို ဒူးနဲ့ နှစ်ချက်ဆင့်တိုက်ခဲ့တာလေ...
အဲ့တုန်းက အတော် နာတယ်ဟ
လေး ငါးရက်ကြာတဲ့အထိ ချောင်းဆိုးတာတို့၊ နှာချေတာတို့ရယ် တာတို့လုပ်တိုင်း အောင့်နေတော့တာပဲ။

အဲ့တုန်းက ငါတွေးမိခဲ့တယ်...
ငါ့အသက်ကို ကယ်ခဲ့ပြီး ငါ့ကို အသက်ရှင်လျက်နဲ့ မရယ်မောနိုင်တဲ့လူ ဖြစ်အောင်လုပ်ခဲ့တာပဲ လို့ပေါ့။

အဲ့ဒါ နိမိတ်ပြခဲ့ခြင်းထင်ပါရဲ့
ငါ့ရှင်သန်ခြင်းအတွက် လေးနက်တဲ့အဓိပ္ပာယ်တွေ နင်ဆောင်ယူပေးခဲ့တယ်။ နင့်ကြောင့်ငါ ရင်ခုန်ခဲ့ရတယ်။
ဒါပေမဲ့ အခုတော့ ငါရဲ့ရယ်မောခြင်းတွေဟာ အသက်မပါတော့ဘူး။
ငါနင့်နဲ့ပတ်သတ်တဲ့ အမှတ်တရတွေကို ပြန်တွေးမိရင်တော့ တစ်ဝက် တစ်ပြက် ပြုံးမိပါတယ်။

ဟိုနေ့က Shopping Mall တစ်ခု‌ကိုရောက်ခဲ့တယ်။ အလုပ်သမားတစ်ယောက်က ‌စတီးလှေကားထောင်ပြီး အပေါ်ဆုံး အဆင့်က ပစ္စည်းတွေကိုစီနေတယ်။ ငါ အဲ့ဒီလှေကားနားမှာ စိတ်နဲ့ကိုယ်နဲ့မကပ်ပဲ အကြာကြီးရပ်နေမိခဲ့တယ်။ လှေကားငါ့အပေါ် ပြုတ်ကျလာတဲ့အခါ နင်လာကယ်မလားလို့ တွေးမိတာ။

နောက်မှ ငါ့ကိုယ်ငါသတိပြန်ဝင်ပြီး တစ်ဝက်တော့ ပြုံးမိတယ်။ ငါတစ်ခါတလေ နင့်ကိုမျှော်နေတတ်တာ အရူးလိုပါပဲ။

နင်မရှိတဲ့နိုင်ငံရဲ့ လမ်းမတွေထက် နင့်ရဲ့ နှုတ်ခမ်းလှလှလေးကို ငါလိုက်ရှာနေမိတယ်။
ငါ့ ငယ်သူငယ်ချင်းBamကတော့ ငါ့ကို ရူးနေပြီလို့ပြောတယ်။ သူပြောတာလည်းမမှားပါဘူး။
စုံတွဲတွေ ရယ်မောပျော်ရွှင်နေကြတာမြင်တော့ နင်လည်း နင်ချစ်ရသူနဲ့ ဒီလိုပဲပျော်‌နေလောက်ပြီလို့တွေးမိပြီး ငါပြုံးမိပါတယ်။

One Shots & Bonus Parts for my previous fics{U+Z}Where stories live. Discover now