You[Z×U]

965 128 5
                                    

🌼FIVE🌼

ခေါင်မိုးထပ်က ထိုင်ခုံလေးမှာ မျက်နှာချင်းဆိုင်ထိုင်နေရင်းနဲ့ အချိန်တစ်ခုကြာတဲ့အထိ JongIn ပြောမယ့်စကားကိုစောင့်နေမိသည်။

ခရမ်းရောင်အပွင့်သေးသေးလေးတွေကလဲသူတို့ထိုင်တဲ့နေရာ ပတ်ပတ်လည်မှာ အစီအရီနဲ့
နေရာယူထားကြသည်။

အချိန်တစ်ခုကြာတဲ့အထိ JongIn က ဘာမှမပြောပဲ ပန်းလေးတွေကိုကြည့်ကု ကော်ဖီသောက်နေမို့လို့
KyungSoo ကပဲ စမေးလိုက်သည်။

"လာရင်းကိစ္စက ဘာလဲ "

Kyungsoo ရဲ့စကားက အနည်းငယ်မာသွားပေမယ့် သူဒီလိုပြောချင်တာမဟုတ်....

"ပြောစရာမရှိရင် ငါ အလုပ်ပြန်လုပ်ရတော့မယ်
ကော်ဖီကို ဖြည်းဖြည်းချင်းကုန်အောင်သောက်..
ပြီးမှ ပြန်ရင်ပြန် "

"နေပါဦး ... ဒီမှာပဲ ခဏလောက်နေပေး "

ထသွားဖို့လုပ်နေတဲ့ KyungSoo ရဲ့ လက်ကောက်ဝတ်ကို ဖမ်းဆုပ်ကိုင်ထားတဲ့ JongIn ကြောင့် KyungSoo ပြန်ထိုင်လိုက်သည်။

"အခု ဒီမှာရှိနေတဲ့ ပန်းနာမည်က ဘာတဲ့လဲ "

KyungSoo ကို ထိုင်ခိုင်းထားပြီး စမေးလိုက်တဲ့ မေးခွန်းက *အဲ့ပန်းနာမည်က ဘာလဲ* တဲ့

"Lilac ပန်း .. "
"Lilac လား ...အပွင့်သေးသေးလေးတွေနဲ့ လှသားပဲ ... "

"သူက ချုံပင်ကြီးအမျိုးအစား ...အပင်က
အပွင့်အနည်းငယ်ကို ခူးပြီး ဒီခေါင်မိုးမှာ အလှဆင်ထားတာ "

"သြော် ဒီလိုလား ... အဓိပ္ပာယ်ကရော "

"ဘာကိုလဲ "

"ပန်းရဲ့အဓိပ္ပာယ်လေ ... မင်းပဲပြောခဲ့တာမလား
ပန်းတွေတိုင်းမှာ အဓိပ္ပာယ်ရှိတယ်ဆိုတာကို"

JongIn ရဲ့ စကားကြောင့် KyungSoo
ခရမ်းရောင် Lilac ပန်းတွေကို ခဏ ငေးကြည့်မိသည်။

"အကြောင်းရေရေရာရာမရှိပဲ  ငါ့ဆီမလာစေချင်ဘူး JongIn ... ပြောစရာအကြောင်းထွေထွေထူးထူးမရှိပဲနဲ့ မလာစေချင်ဘူး ... "

ခပ်တိုးတိုးလေးနဲ့ JongIn ကိုကြည့်ပြီး ပြောလိုက်တော့ JongIn ရဲ့ မျက်ဝန်းတွေက အရောင်မှိုင်းသွားသည်။

The Years I Love You The Most [Z×U]Where stories live. Discover now