No More[Z×U]

720 125 10
                                    

🌼FOURTEEN🌼

"အစ်ကို KyungSoo ... လူတစ်ယောက်ကတွေ့ချင်လို့တဲ့"

"ဘယ်သူလို့ပြောလဲ အင်ယောင်း"

"အဲ့တာတော့မသိဘူး ... ဒီတိုင်း အစ်ကို KyungSoo နဲ့တွေ့ချင်တယ်လို့ပဲပြောတာ"

"အဲ့တာဆို ခဏစောင့်ခိုင်းလိုက် .. "

ရေချိုးပြီးခါစမို့လို့ လဲဝတ်ဖို့အဝတ်ရွေးနေတုန်း အင်ယောင်းကတံခါးခေါက်ပြီး အသိလာပေးတာမို့လို့ ဘယ်သူလဲဆိုပြီး တွေးမိလိုက်
သေးသည်။

ခေါင်းလျှော်ထားတာဖြစ်သည့်အတွက် ကောင်းကောင်းမခြောက်သေးတဲ့ ခပ်စိုစိုဆံပင်တွေက နဖူးတဝိုက်မှာ ကျနေသည်။

တီရှပ်အသားရောင် အစင်းကျားလေးကို ဘောင်းဘီအပွအမည်းနဲ့တွဲဝတ်လိုက်ပြီး ဧည့်သည်ဆိုသည့်လူကိုသွားတွေ့ဖို့ပြင်လိုက်သည်။

"ဟင် ... Kim JongIn "

ကျောပေးပြီးရပ်နေတဲ့ သူကိုမြင်လိုက်တော့ KyungSoo ရဲ့ခြေလှမ်းတွေဟာ ရပ်တန့်သွားခဲ့တယ် ~

*သူကဘာလာလုပ်ပြန်ပြီလဲ* ဆိုပြီး စိတ်ထဲကနေတွေးရင်း သူ့ရဲ့ဘေးနားကိုသွားလိုက်သည်။

"မင်း ဘာလာလုပ်တာလဲ"

ဘေးချင်းကပ်အနေအထားရောက်တာနဲ့ သူ့ကိုမကြည့်ပဲ ခပ်မာမာအသံနဲ့ပြောလိုက်တော့ သူကလှည့်ကြည့်လာ၏။

"ပန်းလာဝယ်တာပါ"

"ငါ့နဲ့တွေ့ချုင်တယ်လို့ပြောခိုင်းလိုက်တာမဟုတ်ဘူးလား"

ဗြောင်လိမ်နေတဲ့ Kim JongIn ဟာ တုံးတာလား၊အ တာလား ဒါမှမဟုတ် သူ့ကိုလျှော့တွက်နေတာလား ??

"အဲ့လိုမှမပြောရင် မင်းနဲ့ကြာကြာမတွေ့ရလောက်လို့"

အခုသူ့ရှေ့မှာ ရပ်နေတဲ့ JongIn ဟာ နက်ပြာရောင်ဆွယ်တာကို အသားရောင်ဘောင်းဘီရှည်နဲ့တွဲဖက်ဝတ်ဆင်ထားသည်။

ဒီလောက်ပူနေတဲ့ဟာကိုဆွယ်တာဝတ်ထားတာမို့လို့ *သူနေမကောင်းဘူးလား* ဆိုတဲ့ အတွေးက ချက်ချင်းပင် ခေါင်းထဲရောက်လာသည်။

တစ်ဆက်တည်းမှာပဲ ဟိုနေ့က ဆေးရုံကကိစ္စကိုပါ သတိရသွားသည်။

The Years I Love You The Most [Z×U]Where stories live. Discover now