Secret[Z×U]

873 134 14
                                    

🌼NINE🌼

ဒီနေ့က Medical Checkup လုပ်ရမယ့်နေ့မို့လို့ KyungSoo ဆိုင်ကနေ စောစောထွက်လာခဲ့လိုက်တယ် ...

မေမေရော တီလေးရောက ကျန်းမာရေးကိုဂရုစိုက်တတ်တဲ့သူတွေမို့လို့ KyungSoo ကို တစ်လတစ်ခါ Medical checkup လုပ်ခိုင်းသည်။

မေမေက တီလေး အီတလီကို မပြန်ခင်ကတည်းက တီလေးနဲ့အတူတူသွားထားတာမို့လို့ Kyungsoo တစ်ယောက်ထဲ လုပ်ရတော့မည်။
ပြီးတော့ လုပ်နေကြ ဆေးရုံမှာမဟုတ်ပဲ မေမေအရမ်းညွှန်းတဲ့ဆေးရုံကိုပဲလာခဲ့လိုက်ရတယ် ...

ဆေးရုံကိုရောက်တော့ အလှည့်ကိုစောင့်ရင်းနဲ့
ဟိုဟိုဒီဒီကြည့်နေလိုက်တယ် ... ဆေးရုံပုံစံကိုကြည့်ရင်းနဲ့ မဆိုးဘူးလို့ KyungSoo ကောက်ချက်ချလိုက်မိတယ် ...

"ဟင် "

ဟိုဟိုဒီဒီကြည့်နေရင်းကနေ KyungSoo ရဲ့ အကြည့်တွေက တစ်နေရာရောက်တော့ ရပ်သွားတယ်

"JongIn "

နှုတ်ခမ်းလှုပ်ရုံလေးခေါ်လိုက်မိတယ် ... သူ့ဘေးမှာက Jaemin ...  ဆရာဝန်ဝတ်စုံနဲ့ Jaemin ကို မြင်လိုက်တော့ KyungSoo မှာ မယုံနိုင်အောင် အံသြနေသည်။

"Jaemin က ဆရာဝန်လား ... "

Kyungsoo ကျောင်းထွက်ပြီးကတည်းက ကျောင်းကသူတွေနဲ့ အဆက်အသွယ်ဖြတ်ထားတာမိုလို့ အဲ့နောက်ပိုင်း  ဘယ်သူကဘာတွေဖြစ်သွားလဲဆိုတာကိုမသိခဲ့ ...

"သူကရော ဒီကို ဘာကိစ္စနဲ့လာတာလဲ "

Kyungsoo ရဲ့ခေါင်းထဲ အတွေးတွေနဲ့ ပြည့်နေတယ် ... သူ့စိတ်ထဲ တစ်ခုခုကိုသိဖို့လိုနေသလိုမျိုးခံစားမိတယ် ...

"KyungSoo shi ဝင်လို့ရပါပြီ"

သူနာပြုမလေးရဲ့ အသံကိုကြားတော့ အတွေးကို လက်စဖြတ်ပြီး ဝင်ဖို့ပြင်လိုက်တယ် ...
မဝင်ခင် ခုနကနေရာလေးကိုလှမ်းကြည့်လိုက်တော့ ဘယ်သူမှမရှိတော့ ...

"နာမည်က KyungSoo မလား "

"ဟုတ်ကဲ့ ... မှန်ပါတယ် "

"အားနာပေမယ့် ခဏလောက်တော့ စောင့်ပေးရမယ်ထင်တယ် ...အခုက ကျွန်တော့်အစား နောက်ဆရာဝန်တစ်ယောက် ဝင်ရမှာမို့လို့ပါ ...
ကျွန်တော့် တာဝန်ချိန်က ပြီးသွားတာမို့လို့
နောက်ဆရာဝန်က Kyungsoo Shi ကို တာဝန်ယူပေးမှာပါ "

The Years I Love You The Most [Z×U]Where stories live. Discover now