PAST(2)[Z×U]

771 124 11
                                    

🌼ELEVEN🌼

သူတို့နှစ်ယောက်ရဲ့ ပထမဆုံးအနမ်းပြီးသွားတဲ့နေ့ကစပြီး ၂ ပတ်တိတိ KyungSoo ဆီကို Kai မလာခဲ့ ~

အဲ့နေ့က နှစ်ယောက်သားဘာစကားမှ မဆိုတော့ပဲ  ရှက်ရမ်းရမ်းပြီး အိမ်ကိုပဲပြန်ဖို့ပြောလိုက်တာ
KyungSoo ကိုတော့ အိမ်ထိလိုက်ပို့ခဲ့တယ် ~

၂ ပတ်လုံးလုံး KyungSoo မှာ ဆိုင်ထိုင်နေရင်းနဲ့ နှုတ်ခမ်းကိုကိုင်ပြီး ငူငူကြီးထိုင်ကာ တွေးမြဲတွေးနေဆဲ ~

*ဘာလို့ ငါ့ကိုဒီလိုလုပ်တာလဲ*

*ငါတို့က ဘယ်လိုလုပ်နမ်းဖြစ်သွားတာလဲ*

*ဒါက ငါ့ရဲ့ ပထမဆုံးအနမ်း*

*သူနဲ့ပြန်တွေ့ရင် ဘယ်လိုနေရမလဲ*

စတဲ့အတွေးတွေက KyungSoo ခေါင်းထဲမှာပြည့်နေတယ် ~

အမေကတော့ အဲ့နေ့ညက မျက်နှာကြီးရဲပီး ပြန်လာတဲ့ သူ့ကို အအေးမိလို့လားဆိုပြီး ဆေးတောင်သောက်ခိုင်းသေးတယ် ~

KyungSoo မှာတော့ Air con ကိုအမြင့်ဆုံးဖွင့်ထားတာတောင် တစ်ညလုံးပူအိုက်နေခဲ့တယ်

"သား ဘာတွေစဉ်းစားနေတာလဲ အမေခေါ်တာတောင်မကြားဘူး "

"ဟင် ... သား အတွေးလွန်နေလို့ "

"အခုတလော သားကိုကြည့်ရတာ မှိုင်နေသလားလို့ ... ပြီးတော့ Kai လေး လဲ ဒီကိုမလာတာတော်တော်ကြာပြီနော် ...
သား ဒီမှာလုပ်နေတာမသိလို့လား "

Kyungsoo က တီလေးရဲ့ဆိုင်မှာဝင်လုပ်ရင်း ဒီဆိုင်မှာပဲအိပ်ဖြစ်တာမို့လို့ အရင်ကအိမ်ကိုမသွားဖြစ်တာ ၁ပတ်မျှရှိပြီပင် ~

"သား ဒီမှာလုပ်မယ်ဆိုတာကို သူ့ကိုပြောပြထားတယ် အမေ"

"ရန်ဖြစ်ထားတာလား "

အမေကတော့ သူ့ဆံပင်လေးကိုဖွဖွလေးသပ်ပေးလေရဲ့ ~

"မဟုတ်ပါဘူး "

"အင်းပေါ့လေ သားတို့လူငယ်ချင်းဖြစ်တဲ့ကိစ္စမှာ အမေဘာမှမပါလိုပါဘူး ... ဒါပေမယ့် ကိုယ့်ဘက်ကမှားတာရှိရင်တော့ တောင်းပန်ရမယ် ...
ခွင့်လွှတ်သင့်တာရှိရင် ခွင့်လွှတ်ရမယ် .. ကြားလား "

The Years I Love You The Most [Z×U]Where stories live. Discover now