လူသားသည် မှောင်မိုက်လွှမ်းမိုးမှု အရိပ်အောက်နှင့် မည်သို့မျှ လွတ်မြောက်နိုင်ခြင်း မရှိသည့် စာတန်လွှမ်းမိုးမှု၏ အချုပ်အနှောင်တွင် နေနေခဲ့ပါသည်။ စာတန်၏ပြောင်းလဲမှု ခံရပြီးနောက် လူသား၏ စိတ်နေသဘောထားသည် တိုး၍အကျင့်ပျက်လာနေ၏။ လူသားသည် အကျင့်ပျက်သည့် စာတန်ဆန်သော စိတ်နေသဘောထားဖြင့် ဘုရားသခင်ကို စစ်မှန်စွာမချစ်နိုင်ဘဲ အမြဲရှိနေခဲ့သည်ဟု ဆိုနိုင်သည်။ သို့ဖြစ်၍ လူသားသည် ဘုရားသခင်ကို ချစ်လိုပါက မိမိကိုယ်ကို သူတစ်ပါးထက် သာ၍ဖြောင့်မှန်သည်၊ သာ၍ အရေးပါသည် ဟူသောစိတ်၊ ဝင့်ဝါစိတ်၊ အထင်ကြီးစိတ်တို့ကို ပယ်ချွတ်ရမည်ဖြစ်သည်။ ၎င်းတို့အားလုံးမှာ စာတန်၏ စိတ်နေသဘောထားများ ဖြစ်သည်။ သို့မဟုတ်ပါက လူသား၏ ချစ်ခြင်းသည် မသန့်စင်သော ချစ်ခြင်း၊ စာတန်၏ ချစ်ခြင်းဖြစ်ပြီး ဘုရားသခင်က လုံးဝ လက်မခံနိုင်သော ချစ်ခြင်းဖြစ်၏။ စုံလင်စေရန် တိုက်ရိုက် လုပ်ဆောင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်း၊ ရိုက်နှက်ဆုံးမခြင်း၊ ချိုးဖဲ့ခြင်း၊ ပြုပြင်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်း၊ စစ်ဆေးခြင်း မရှိဘဲ သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်က သန့်စင်ခြင်း မရှိဘဲ မည်သူမျှ ဘုရားသခင်ကို စစ်မှန်စွာ ချစ်နိုင်မည် မဟုတ်ပါ။ သင်၏ စိတ်နေသဘောထား တစ်စိတ်တစ်ပိုင်းသည် ဘုရားသခင်ကို ကိုယ်စားပြုသဖြင့် သင်သည် ဘုရားသခင်ကို စစ်မှန်စွာ ချစ်နိုင်သည်ဟု ဆိုလျှင် သင်သည် ဝင့်ဝါစိတ်ဖြင့် ပြောဆိုသူဖြစ်ပြီး ရယ်ဖွယ်ကောင်းသူ ဖြစ်၏။ ထိုသို့သော လူသားများသည် ကောင်းကင်တမန်မင်း ဖြစ်၏။ လူသား၏ မွေးရာပါ သဘောသဘာဝသည် ဘုရားသခင်ကို တိုက်ရိုက် ကိုယ်စားမပြုနိုင်။ ဘုရားသခင်က စုံလင်စေခြင်း အားဖြင့် လူသားသည် ၎င်း၏မွေးရာပါ သဘောသဘာဝ စိတ်ကို စွန့်ပစ်ရမည်။ ထို့နောက် ဘုရားသခင်၏ အလိုကို ဂရုပြုခြင်းအားဖြင့်သာ ဘုရားသခင် အလိုကို ဖြည့်ဆည်းသည့်အပြင် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို ခံယူမှသာ ဘုရားသခင်သည် ထိုသူ၏ အသက်တာကို လက်ခံနိုင်မည် ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်က အသုံးပြုသူ မဟုတ်လျှင် ဇာတိပကတိ၌ နေထိုင်သူ အဘယ်သူမျှ ဘုရားသခင်ကို တိုက်ရိုက် ကိုယ်စားမပြုနိုင်။ သို့သော် သန့်ရှင်းသော ဝိညာဉ်တော်က အသုံးပြုသောသူ ပင်လျှင် ၎င်း၏စိတ်သဘောထားနှင့် အသက်ရှင်နေထိုင်မှုတို့သည် ဘုရားသခင်ကို လုံးဝ ကိုယ်စားပြုသည်ဟု မဆိုနိုင်။ ၎င်း၏ အသက်ရှင်နေထိုင်မှုကို သန့်ရှင်းသော ဝိညာဉ်တော်က လမ်းပြသည်ဟုသာ ဆိုနိုင်သည်။ ထိုသို့သော လူသား၏ စိတ်နေသဘောထားသည် ဘုရားသခင်ကို ကိုယ်စားမပြုနိုင်ပါ။
KAMU SEDANG MEMBACA
ခရစ်တော်၏ ပြောကြားချက်များ
Acakနောက်ဆုံးသောကာလများတွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ လုပ်ဆောင်မှုများကိုလက်ခံသည့်သူများအားလုံး နှင့် ဘုရားသခင်၏နှုတ်ကပတ်တော်ဖြင့် သိမ်းပိုက်စိုးမိုးပြီး ကယ်တင်ခြင်းခံရသောသူများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကိုယ်တော်ကိုယ်တို...
