အသင်းတော် အသက်တာနှင့် လက်တွေ့အသက်တာ ဆွေးနွေးချက်

2 0 0
                                        

လူတို့သည် သူတို့၏ အသင်းတော် အသက်တာအတွင်းတွင်သာ ပြောင်းလဲနိုင်သည်ဟု ခံစားကြရသည်၊ သူတိုသည် အသင်းတော်အတွင်းတွင် နေထိုင်နေခြင်း မဟုတ်ပါက ပြောင်းလဲခြင်းမဖြစ်နိုင်၊ ပြောင်းလဲမှုကိုလက်တွေ့ဘဝတွင် ရရှိရန် မဖြစ်နိုင်ဟု ခံစားကြသည်။ သင်တို့သည် ဤကိစ္စရပ်က မည်သည့်အရာဖြစ်သည်ကို သင်တို့မှတ်မိနိုင်ကြပါသလား။ ကျွနုပ်သည် ဘုရားသခင်ကို တကယ့်အသက်တာအတွင်းသို ခေါ်ဆောင်လာခြင်းအကြောင်း ပြောနေပြီး၊ ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ စစ်မှန်မှုအတွင်းသို့ ဝင်ရောက်ရန်အတွက် ဘုရားသခင်ကို ယုံကြည်သူတို့၏ လမ်းကြောင်းဖြစ်သည်။ အမှန်တကယ်အားဖြင့်၊ အသင်းတော်အသက်တာသည် လူသားများကို စုံလင်စေဖို့ အကန့်အသတ်ရှိ သော လမ်းကြောင်းတစ်ခုသာဖြစ်သည်။ လူသားများကို ပြီးပြည့်စုံစေသော အဓိက ပတ်ဝန်းကျင်မှာ တကယ့်အသက်တာပင် ဖြစ်နေဆဲဖြစ်သည်။ ယင်းသည် ကျွနုပ်ပြောဆိုသော အမှန်တကယ် လေ့ကျင့်မှုနှင့် အမှန်တကယ် သင်ကြားမှု ဖြစ်ပြီး၊ လူသားများကို ပုံမှန်လူသားသဘာဝနှင့် နေ့စဉ်ဘဝတွင် စစ်မှန်သော လူပုဂ္ဂိုလ်နှင့် တူညီစွာ အသက်ရှင်မှုကို ရရှိရန် အခွင့်ပေးသည်။ ရှုထောင့်တစ်ခုမှာ တစ်စုံတစ်ယောက်သည် သူ၏ ကိုယ်ပိုင် ပညာရေး အဆင့်ကို မြှင့်တင်ရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်နိုင်ရန်၊ နှင့် နားလည်နိုင်စွမ်းရရှိရန်အတွက် ပညာတတ်ရန် လိုအပ်သည်။ အခြား ရှုထောင့်တစ်ခုမှာ တစ်စုံတစ်ယောက်သည် အမြင်ရရှိစေရန် နှင့် ပုံမှန်လူသားသဘာဝ၏ အသိစိတ်ကို ရရှိစေရန် လူသားအဖြစ် အသက်ရှင်ရန် လိုအပ်သော အခြေခံ ဗဟုသုတများ ရှိထားရန်လိုသည်။ အဘယ်ကြောင့်ဆိုသော် လူသားများသည် ဤကိစ္စရပ်များတွင် လုံးဝနီးပါး အားနည်းသောကြောင့် ဖြစ်သည်။ ထို့အပြင် တစ်စုံတစ်ယောက်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသင်းတော်အသက်တာမှ တဆင့် ခံစားတတ်ရန်လည်း လိုအပ်ပြီး ဖြည်းဖြည်းခြင်း အမှန်တရားကို ရှင်းလင်းစွာ နားလည်လာနိုင်သည်။

ဘုရားသခင်ကို ယုံကြည်ရာတွင် တစ်စုံတစ်ဦးသည် ဘုရားသခင်ကို တကယ့်အသက်တာအတွင်းသို့ ယူဆောင်ရန် လိုအပ်သည်ဟု အဘယ်ကြောင့် ပြောသနည်း။ အသင်းတော်အသက်တာ သည်သာလျှင် လူသားကို ပြောင်းလဲနိုင်သည်မဟုတ်ဘဲ၊ ပို၍ အရေးကြီးသည်မှာ၊ လူသားသည် တကယ့်အသက်တာ၏ အစစ်အမှန်ထဲသို့ ဝင်ရောက်သင့်ပေသည်။ သင်တို့သည် တကယ့်အသက်တာတွင် အရာများစွာကို လေ့ကျင့်ရန်သာမက ထိုအရာများအတွင်းသို့ ဝင်ရောက်ရန်တို့ကို လျစ်လျူရှုထားလျက် သင်တို့၏ ဝိညာဉ်ရေးရာ အခြေအနေ၊ ၀ိညာဉ်ရေးရာဆိုင်ရာ ကိစ္စများကို အစဉ်အမြဲ ပြောဆိုလေ့ရှိတတ်ကြသည်။ သင်တို့သည် နေ့စဉ် ရေးသား၊ ဖတ်ရှု၊ နားထောင်ခဲ့ကြ၏။ ချက်ပြုတ်ရင်း သင်တို့ ဆုတောင်းခဲ့ကြသည်။ "အို အဖဘုရားသခင်၊ ကျွနုပ်၏ အတွင်းတွင် ကိုယ်တော်သည် ကျွနုပ်၏ ဘဝ ဖြစ်တော်မူပါ။ ဤနေ့ရက်ကို ကျွနုပ်မည်သို့ ဖြတ်ကျော်အံ့နည်း။ အကျွနုပ်ကို ကိုယ်တော် ကောင်းချီးပေးတော်မူပါ၊ ဉာဏ်အလင်းဖွင့်ပေးတော်မူပါ။ ယနေ့တွင် ကိုယ်တော်သည် အကျွနုပ်အား ဉာဏ်အလင်းဖွင့်ပေးသည်ဖြစ်စေ၊ ကိုယ်တော်၏ နှုတ်ကပတ်တော်များကို ယခုမျက်မှောက်တွင် နားလည်စေရန် ကျေးဇူးပြုပြီး ခွင့်ပြုတော်မူပါ၊ သို့မှသာ ကိုယ်တော်၏ နှုတ်ကပတ်တော်များသည် ကျွနုပ်အသက်တာအဖြစ် ကျင့်ကြံကောင်း ကျင့်ကြံကြမည်ဖြစ်သည်။" သင်တို့သည် ညစာစားသော အခါတွင်လည်း ဆုတောင်းခဲ့ကြသည်။ "အို အဖ ဘုရားသခင်၊ ကိုယ်တော်သည် အကျွနုပ်တို့အား အစားအစာများကို ချပေးသနားတော်မူသည်။ အကျွနုပ်တို့အား ကောင်းချီးပေးတော်မူပါ။ အာမင်။ အကျွနုပ်တို့၏ အသက်တာများကို ကိုယ်တော့်အပေါ်တွင် မှီခိုခွင့်ပြုပါ။ ကိုယ်တော်သည် ကျွနုပ်တို့နှင့် ရှိပါစေ။ အာမင်။" သင်တို့သည် ညစာစားပြီး၍ ပန်းကန်များဆေးကြောနေစဉ်တွင်၊ သင်သည် ဆုတောင်းပြန်သည်။ "အို အဖဘုရားသခင် ဤပန်းကန်သည် ကျွနုပ် ဖြစ်ပါ၏။ ကျွန်ုပ်တို့သည် စာတန်၏ ဖျက်စီးခြင်းကိုခံခဲ့ရပြီး၊ အသုံးပြုပြီးသော ပန်းကန်များကဲ့သို့ဖြစ်ကြကာ ရေဖြင့် သန့်ရှင်းစေရပါတော့မည်၊ ကိုယ်တော်သည် ရေဖြစ်ပါ၏။ ကိုယ်တော်၏ နှုတ်ကပတ်တော်များသည် အကျွနုပ်၏ အသက်တာကို ထောက်ပံ့ပေးသော အသက်ရှင်သော ရေ ဖြစ်ကြပါ၏။" သင်မသိလိုက်ခင် အိပ်ယာဝင်ချိန်ရောက်လာပြီး သင်တို့သည် နောက်တကြိမ် ဆုတောင်းပြန်သည်။ "အို အဖဘုရားသခင်၊ ကိုယ်တော်သည် အကျွနုပ်ကိုတနေ့တာလုံး ကောင်းချီးပေးတော်မူပြီး လမ်းပြတော် မူခဲ့သည်။ ကိုယ်တော့်ကို အကျွနုပ်အမှန်တကယ် ကျေးဇူးတင်ပါသည်။" ယင်းမှာ တစ်နေ့တာကို သင်တို့ ဖြတ်သန်းပြီး အိပ်စက်အနားယူခြင်းသို့ ဝင်ရောက်သည့် ပုံစံဖြစ်သည်။ လူအများစုတို့သည် နေ့စဉ် ယနေ့ကဲ့သို့ အသက်ရှင်ကြပြီး ယခုအချိန်ထိတိုင်အောင်ပင် သူတို့သည် အမှန်တကယ် ဝင်ရောက်မှုကို အာရုံမစိုက်ကြဘဲ၊ သူတို့၏ ဆုတောင်းချက်များကို နှုတ်ဖြင့် ရွတ်ဆိုရန်သာ အာရုံစိုက်ကြသည်။ ဤကား လူသား၏ ယခင်ဘဝဖြစ်သည် - ဤအရာသည် သူတို့၏ ဘဝဟောင်းဖြစ်သည်။ လူအများစုမှာ ထိုကဲ့သို့သာ ဖြစ်ကြသည်၊ အမှန်တကယ် လေ့ကျင့်မှု မရှိကြဘဲ၊ သူတို့တွင် စစ်မှန်သည့် ပြောင်းလဲမှု အလွန်နည်းပါးကြသည်။ သူတို့သည် ဆုတောင်းချက်များကို နှုတ်ဖြင့်သာ ရွတ်ဆိုကြပြီး၊ သူတို့၏ စကားလုံးများမှတဆင့် ဘုရားသခင်ကို ချည်းကပ်ကြသော်လည်း သူတို့ နားလည်မှုတွင် လေးနက်မှုမရှိကြပါ။ သင်တို့၏ အိမ်ကို ရှင်းသည့် - အရိုးရှင်းဆုံး နမူနာ တစ်ရပ်ကို ကြည့်ကြပါစို့။ သူတို့၏ အိမ်သည် ရှုပ်ပွနေသည်ကို သင်တို့ မြင်ကြသည်။ ထိုအခါ သင်တို့ ထိုင်၍ ဆုတောင်းသည်။ "အို အဖဘုရားသခင် ကျွန်တော့်အပေါ် စာတန် ယူဆောင်လာသော ပျက်ဆီးခြင်းကို ကြည့်တော်မူပါ။ အကျွနုပ်သည် ဤအိမ်ကဲ့သို့ပင် ညစ်ညမ်းပါသည်။ အို အဖဘုရားသခင် ကိုယ်တော့်ကို အကျွနုပ် ချီးမွမ်း၍ ကျေးဇူးတင်ပါသည်။ ကိုယ်တော်၏ ကယ်တင်ခြင်းနှင့်ဉာဏ်အလင်းဖွင့်ပေးခြင်း မရရှိပါက ဤအချက်ကို အကျွနုပ် သိနားလည်မည်မဟုတ်ပါ။" သင်တို့သည် ထိုနေရာတွင် ထိုင်၍သာ နှုတ်မှ ရွတ်ဆိုသည်၊ အချိန်ကြာမြင့်စွာ ဆုတောင်းသည်၊ ထို့နောက် ဘာမှ မဖြစ်သကဲ့သို့ သင်ပြုမူသည်၊ တဗျစ်တောက်တောက် ပြောတတ်သော အမယ်အိုကဲ့သို့ ပြုမူသည်။ သင်တို့သည် အပေါ်ယံ အမူအကျင့် အများအပြားဖြင့် တကယ့် စစ်မှန်ခြင်းသို့ အမှန်တကယ် ဝင်ရောက်ခြင်း အလျင်းမရှိပဲ သင်တို့၏ ၀ိညာဉ်အသက်တာကို ဤနည်းလမ်းဖြင့် သင်တို့ဖြတ်ကျော်ကြသည်။ တကယ့်လေ့ကျင့်ခြင်းထဲသို့ ဝင်ရောက်ခြင်းတွင် လူများ၏ လက်တွေ့ဘဝများနှင့် သူတို့၏ လက်တွေ့အခက်အခဲများ ပါဝင်သည်—ဤသည်မှာ သူတို့ပြောင်းလဲမည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ တကယ်လက်တွေ့အသက်တာ မပါဘဲ လူသားများ မပြောင်းလဲပါ။ သူတို့၏ ဆုတောင်းချက်များကို နှုတ်မှ ရွတ်ဆိုခြင်းသည် အဘယ်အကျိုးရှိမည်နည်း။ လူသားများ၏ သဘာဝကို နားလည်မှု မရှိပါက အရာရာသည် အချိန်ဖြုန်းခြင်းသာ ဖြစ်ပြီး၊ ကျင့်သုံးသည့် လမ်းကြောင်း မရှိပါက အရာရာသည် အချည်းနှီးသော အားထုတ်မှုသာ ဖြစ်သည်။ လျော်ကန်သော ဆုတောင်းမေတ္တာများသည် လူများအတွင်းတွင် ကောင်းမွန်သော အခြေအနေကို ထိန်းသိမ်းပေးသော်လည်း ယင်းသည် သူတို့ကို သေချာကျနစွာ ပြောင်းလဲနိုင်ခြင်းမရှိပေ။ လူသားတို့၏ အတ္တ၊ စိတ်ကြီးဝင်မှု၊ ဘဝင်မြင့်မှု၊ မောက်မာမှု၊ နှင့် အကျင့်ပျက်သည့် သဘောထားများကို သိရှိခြင်း- ယင်းအရာများကို သိရှိခြင်းမှာ ဆုတောင်းခြင်းများမှ တဆင့်လာခြင်းမဟုတ်ဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ခံစားခြင်းမှသာ ရှာဖွေ တွေ့ရှိနိုင်ပြီး၊ စစ်မှန်သည့်အသက်တာတွင် သန့်ရှင်းသော ၀ိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပေးခြင်းမှတဆင့် သိရှိ နိုင်သည်။ မျက်မှောက်ခေတ်လူတို့သည် ကောင်းမွန်စွာ ပြောဆို တတ်ကြပြီး၊ ခေတ်အဆက်ဆက်ကထက်ပို အဆင့်မြင့်သော အဆင့်အတန်းမြင့် သြဝါဒများကို နာယူခဲ့ကြသော်လည်း သူတို့၏ လက်တွေ့ဘဝတွင် အမှန်တကယ် အကောင်အထည်ဖော်မှုမှာ အလွန်နည်းပါးသည်။ ယင်းကို ပြောရလျှင် လူတို့၏ စစ်မှန်သည့်အသက်တာတွင် ဘုရားသခင် မရှိဘဲ ပြောင်းလဲမှုနောက်တွင် ဖြစ်ပေါ်လာသော လူသစ်အသက်တာ ချို့တဲ့လျက်ရှိသည်။ လက်တွေ့အသက်တာတွင် အမှန်တရားအပေါ် နေထိုင်နေခြင်းမရှိဘဲ၊ လက်တွေ့အသက်တာအတွင်းသို့ ဘုရားသခင်ကို ဆောင်ယူလာခြင်းမရှိကြပေ။ လူတို့သည် သူတို့၏ အသက်တာများကို ငရဲသားများသဖွယ် နေထိုင်နေကြသည်။ ဤအရာမှာ ထင်ရှားသော လွဲမှားမှု မဟုတ်ပါလော။

ခရစ်တော်၏ ပြောကြားချက်များWhere stories live. Discover now