Ge Ge

3.2K 438 4
                                    

For Unicode

" မတွေ့တာကြာပြီနော် Xiao Laoshi "

" ဘာလဲ အရင်လို Zhan Ge လို့မခေါ်တော့ဘူးလား "

အာ .... သူဒီလိုခေါ်ချင်ခဲ့တာကို ဘယ်လိုသိသွားတာပါလိမ့် ...

" မြန်မြန်စားလေ ပြီးမှ ပြောကြတာပေါ့ "

ခေါက်ဆွဲပူပူတွေကို မြန်မြန်ဆန်ဆန်ပဲ တူနဲ့ဆွဲယူကာ စားနေတဲ့ Zhan Ge က တကယ်အစစ်လား ..

အစစ်ဆို သူ့ဆီ ဘယ်လိုရောက်လာတာပါလိမ့် .... အခု သူနဲ့လည်း ရင်းရင်းနှီးနှီးစကားတွေပြောနေတယ် .. သူနဲ့ Zhan Ge ဘယ်တုန်းက ဒီလောက်ရင်းနှီးသွားလို့လဲ ...

ပြီးတော့ ခေါက်ဆွဲဘူး ... သူ့ကိုဝယ်ကျွေးတာတဲ့လား ... တခြားအဖော်အတွက်မဟုတ်ဘူးပေါ့ ... သူစဥ်းစားနေတာ သိပ်မကြာသေးပေမဲ့ Ge ကတော့ ခေါက်ဆွဲဘူးကို မကာ အရည်တောင်သောက်နေပြီ .. ပြီးတော့ စတော်ဘယ်ရီဖျော်ရည်ကို စတင်သောက်နေပြီ ...

" အခုနေမှ စမစားရင် ကိုယ်ပြန်ထွက်သွားတော့မှာနော် "

" ဟင် "

ထိုတော့မှ ကမန်းကတမ်းပဲ ခေါက်ဆွဲပူပူတွေကိုစားရတော့တယ် .. စားပြီးမှသူသိရတော့တယ် .. ဒီခေါက်ဆွဲက ...

အစပ်ကြီး .....

အကုန်ကုန်အောင်စားပြီးတဲ့အခါ သူ့ဆီ ထိုးပေးလာတဲ့ ဖျော်ရည်ဘူး ..

" စပ်နေတယ်မလား "

ဆိုပြီးတော့ မျက်ခုံးလေးပင့်ပြကာ သူ့ဆီ ဖျော်ရည်ဘူးလေး ထပ်ကမ်းပေးပြန်တယ် ..

" ကျေးဇူး "

ခုလောက်ဆို သူ့နှုတ်ခမ်းတွေ နီရဲနေလောက်ပြီ ... ဘယ်လိုတောင်လဲ .. ဘယ်လိုတောင်ငမ်းမိလို့ ခေါက်ဆွဲက Spicyမှန်းသူသတိမထားမိလိုက်ရတာလဲ ... သူတော့ အငမ်းကောင်းမှုနဲ့ ညကျရင် ဝမ်းပျက်တော့မှာပဲ ...

" စိတ်မပူပါနဲ့ Ge ဆီမှာ ဆေးပါတယ် "

ဆေးကတ်လေးထပ်ထုတ်လိုက်ပြန်တဲ့ Ge ဟာ ဒီနေ့သူ့ကို အံဩလွန်ပြီး သေအောင်သတ်ဖို့များ လာလေသလား ..

" မြန်မြန်သောက်လိုက် ကိုယ် မင်းနဲ့လာတွေ့တာ ကိစ္စရှိလို့ "

Is it a love story? (Completed)Where stories live. Discover now