August 5

4.9K 409 46
                                    

For Unicode

ကိတ်မုန့်ဘူးလေးကတော့ ကားနောက်ခန်း၏ထိုင်ခုံပေါ်မှာ ခန့်ခန့်လေးထိုင်လို့... Jiyang ကတော့ လမ်းတစ်လျှောက်လုံးကို သူ့ကိုမျက်တောင်မခတ် မျက်မှောင်ကုတ်ပြီး ကြည့်လို့ ...

" Zhan Zhan "

" အေး "

" တကယ်လား "

" အေး "

မီးပွိုင်းမိနေတုန်းမှာ လက်ကအလိုလို ရေဒီယိုကို လှည့်ဖွင့်မိသည်... ကားထဲသဲ့သဲ့လေး လွင့်လာသော သံစဥ်က Nuan Nuan .....

" သူက မင်းကို ချစ်တယ်လို့ထပ်ပြောလို့လား "

" သူမပြောပါဘူး "

" ဘာ "

" ပြောစရာလည်းမလိုဘူးလေ "

" ..... "

ပါးစပ်အဟောင်းသားဖြစ်နေတဲ့ Jiyang ရဲ့ပါးစပ်ကိုစိပေးမိတယ် ...

" ငါဖွင့်ပြောမှာ "

...........................................

ကန့်လန့်ကာအကွယ်ကနေ ပြင်ဆင်နေမှုကို ရပ်ကြည့်နေမိတယ် ... makeup ပြင်ဆင်နေတဲ့အခန်းထဲ သူရှိနေပေမဲ့ သူရောက်နေမှန်း သတိမထားမိအောင် သူပုန်းနေမိတယ် ....

သူ့ရဲ့ တစ်နှစ်ဆိုတဲ့ ကမ်းလှမ်းချက်ရဲ့နောက်မှာ ထိုကလေးငယ်က သူ့အနားအရင်လို သိပ်မကပ်တော့ ..... မိဘတွေကလည်း ပေကျင်းကိုပြန်ရောက်နေကြပြီ ... တစ်နိုင်တစ်ပိုင်စီးပွားရေးဘက်ကို ပြန်ဦးလှည့်ပြီးတော့ ကလေးအနားမှာ တစ်လတစ်ခါ လာလာနေပေးကြသည်...

မိဘတွေနဲ့ အနေနီးလာပေမဲ့ ခွဲနေရတဲ့အချိန်တွေက များလာလို့ပဲလားမသိ ... စိမ်းသက်နေမှုကို တွေ့နေရသည် ... အိမ်ကိုလာလည်တိုင်း လိုက်လာပေမဲ့ သူ့ကိုအရင်လို စကားစပြောတာ ဘာညာမရှိတော့ ....

သူ့ကမ်းလှမ်းချက်ကို ထိုကလေးငယ်က အသေအချာ ဝေဖန်ပိုင်းခြားကြည့်နေပုံရသည်....

" ဝမ်က ကိုယ့်တစ်ယောက်ကိုပဲ မြင်နေလို့ ဒီလိုစကားပြောတာလည်း ဖြစ်နိုင်တာပဲလေ ... အပေါင်းအသင်းမိတ်ဆွေထားပါ ... စိတ်ကိုဖွင့်ဟပါ ... တခြားတစ်ယောက်ကို ချစ်မိမလား ဝေဖန်ကြည့်ပေါ့ ..... တကယ်လို့ တစ်နှစ်ပြည့်ပြီးတဲ့အချိန်မှာ ဝမ်က ကိုယ့်ကို ချစ်နေတုန်းပဲဆိုရင် ကိုယ်စဥ်းစားပေးမယ် "

Is it a love story? (Completed)Where stories live. Discover now