tea

304 12 0
                                    

song of the chapter_
a thousand years - Christina Perri

××

[အား !! သူ propose လိုက်​တယ်​!
တကယ်​ကြီး..propose လိုက်​တယ်​ !! ]

" ဟယ်​ .. ကောင်းလိုက်​တာ ! "

ဖုန်းထဲမှထွက်​ပေါ်လာသော Grace ၏
အော်​သံစူးစူးအဆုံးမှာတော့ Jiselle လည်း
သူမ၏ သူငယ်​ချင်းမလေး အတွက်
ပီတိဝေဖြာစွာ အာမေဋ္ဌိတ်​ပြုလိုက်​၏။

[အေးဆို ! အေးဆို ! တကယ်​ကြီး Bright က
ငါ့ကို လက်​ထပ်​ခွင့်​တောင်းလိုက်​တယ်​တဲ့ !
တကယ်​ဖြစ်​ဖို့အတွက်
ကောင်းလွန်းနေတာမဟုတ်​ဘူးလား]

သူတို့တွဲခဲ့သမျှ သုံးနှစ်​လုံးက အိမ်​မက်​တစ်​ခုဖြစ်​ခဲ့သလိုမျိုး
ကလေးဆန်​စွာ ပျော်​ငြီးလေး ငြီးလိုက်​သည့်
Grace ကြောင့်​ Jiselle က သာယာစွာရယ်​ပြီးမှ

" ဖြစ်​ရတယ်​ .. တစ်​မိုးအောက်​ Grace ကိုရတဲ့
သူ့အတွက်​သာ ကောင်းလွန်းနေတာပါဟယ်​ "

Jiselle က ထိုစကားကို ရင်​ထဲကလှိုက်​လှဲစွာပြောခြင်းဖြစ်​၏။
Grace က ချိုမြပြီးတက်​ကြွသော
မိန်းမလှလေးတစ်​ယောက်​ပင်​။
ခံစားလွယ်​သော သူမထက်​ပင်​ ပိုကဲ၍ ခံစားတက်​ကာ
ကိုယ်​ချင်းစာတရားပြည့်​ဝသော
ကောင်​မလေးဆိုလည်းမမှား။
သူမတို့ ၁၁ နှစ်​အရွယ်​ LAKE Ballerina  ကို
စဝင်​စဉ်​ကတည်းကပင်
ကောင်​ကလေးတိုင်း စိတ်​ထဲမှကြိတ်​၍
partner အဖြစ်​တွဲကချင်​ခဲ့ သူ မှာ
Grace မှလွဲအခြားမရှိပေ။
Grace တွင်​ ကောင်းကင်​ပြာပြာလိုမျက်​လုံးတွေရှိ၏။
သူမ၏ မျက်​လုံးတို့မှာ အမြဲတမ်း တောက်​ပနေတတ်ပြီး
သူမရဲ့ရွှေအိုရောင်​ဆံပင်​တို့နဲ့
အလွန်​လိုက်​ဖက်​လှသည်​။
Jiselle ကတော့ Grace နှင့်​မတူ။
သူမ၏ မျက်​လုံးတို့မှာ စိမ်းမှောင်​နေသောတောအုပ်​များနှင့်
အလားသဏ္ဍာန်​တူပြီး စိုက်​ကြည့်​လိုက်​ရင်
အေးခဲသွားသလိုခံစားချက်​ကိုပေးသည်​။
Jiselle နှင့်​ Grace တို့မှာ LAKE Ballerina မှ
စခင်​ခဲ့ကြပြီး ဆယ်​စုနှစ်​တစ်​ခုစာကျော်
မည်​သူမျှကြားမဝင်​နိုင်​အောင်​ခင်​ခဲ့ကြသော်​လည်း
အလွန်​ကွာခြားသောသူများဖြစ်​၏။
Jiselle က လက်​ဆောင်​တစ်​ခုအဖြစ်
အပင်​တစ်​ပင်​လိုချင်​တတ်​သူမျိုးဖြစ်​ပြီး
Grace က အရုပ်​တစ်​ရုပ်​ပေးလိုသောသူမျိုးပင်​။
သို့သော်​ငြား သူမတို့ နှစ်​ယောက်​စလုံးမှာ ကခုန်​ရခြင်းကို
အသက်​သွေးကြောအဖြစ်​မှတ်​ယူထားကြသူများဖြစ်​ပြီး
ခြားနားသောအလှကိုယ်​စီနှင့်
မခွဲနိုင်​အောင်​ချစ်​ခင်​ကြသော
သူငယ်​ချင်းကောင်းများဖြစ်​ကြ၏။

Something Borrowed !Where stories live. Discover now